လျှပ်စစ်ဓါတ်အားထုတ်လုပ်နေတဲ့ စက်ရုံကြီးများရဲ့ ဓါတ်အားထုတ်လုပ်မှု လျော့နည်းလာတာကြောင့် လျှပ်စစ်ကိုချွေတာသုံးစွဲပေးကြဖို့နဲ့ ပြည်သူလူထုက နားလည်ပေးကြဖို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန က အသိပေး

0
268

(Unicode)

လျှပ်စစ်ဓါတ်အားထုတ်လုပ်နေတဲ့ စက်ရုံကြီးများရဲ့ ဓါတ်အားထုတ်လုပ်မှု လျော့နည်းလာတာကြောင့် လျှပ်စစ်ကိုချွေတာသုံးစွဲပေးကြဖို့နဲ့ ပြည်သူလူထုက နားလည်ပေးကြဖို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန က အသိပေး

ရန်ကုန်၊ ဇန်နဝါရီ ၆

Photo – YESC

ပြည်ပကနေ မှာယူတင်သွင်းနေရတဲ့ LNG to power ဓါတ်အားပေးစက်ရုံများရဲ့ ထုတ်လုပ်မှု (၇၅၀)မဂ္ဂါဝပ် က သဘာဝဓါတ်ငွေ့တင်သွင်းရတဲ့ ဈေးနှုန်းလေးဆအထိတက်လာတာကြောင့် ရပ်နားထားရခြင်း၊ရတနာ ကမ်းလွန်ဓါတ်ငွေ့စီမံကိန်းကို ပြုပြင်ထိန်းသိမ်းမှုတွေပြုလုပ်နေရတာကြောင့် (၅၄၀)မဂ္ဂါဝပ်အထိ ထုတ်လုပ်ပေးနိုင်ခြင်းမရှိသေးခြင်း၊လျှပ်စစ်တာဝါတိုင် အချို့ ဖျက်စီးခံနေရခြင်းစတဲ့ ကိစ္စ‌ တွေကြောင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု လျော့နည်းနေတယ်လို့ နစက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အသိပေးလိုက်ပါတယ်။

အခုလိုလျော့နည်းနေတာကြောင့် အများပြည်သူတွေအနေနဲ့ မီးလင်းအားတူပြီး ဓါတ်အားသုံးစွဲမှုနည်းပါးတဲ့ LED မီးချောင်းများပြောင်းလဲသုံးစွဲကြဖို့နဲ့ မလိုအပ်တဲ့ လျှပ်စစ်မီးတွေကို အသုံးမပြုရင်ပိတ်ထားကြဖို့ အသိပေး ထားတာပါ။

ဒါ့အပြင်ဓါတ်အားအသုံးပြုမှုများတဲ့ မနက် (၇)နာရီကနေ(၁၁)နာရီအတွင်းနဲ့ညနေ(၅)နာရီကနေ (၇)နာရီအတွင်းကို ဝန်အားလျှော့ချပြီးဓါတ်အားစနစ်ထိန်းညှိခြင်းကိုမဖြစ်မနေဆောင်ရွက်နေရတာဖြစ်လို့ ဓါတ်အားပြတ်တောက်မှုတွေ ကြုံတွေ့ရနိုင်တယ်လို့လည်း နစက ရဲ့ နိုင်ငံပိုင်သတင်းစာကနေ အသိပေးထားပါတယ်။

ပြည်သူလူထုအနေနဲ့အဆင်မပြေမှုတွေကို နားလည်ပေးဖို့နဲ့ ဓါတ်အားပြည့်ဝစွာပြန်လည်ရရှိဖို့ ကြိုးစားဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။

(Zawgyi)

လွ်ပ္စစ္ဓါတ္အားထုတ္လုပ္ေနတဲ့ စက္႐ုံႀကီးမ်ားရဲ႕ ဓါတ္အားထုတ္လုပ္မႈ ေလ်ာ့နည္းလာတာေၾကာင့္ လွ်ပ္စစ္ကိုေခြၽတာသုံးစြဲေပးၾကဖို႔နဲ႔ ျပည္သူလူထုက နားလည္ေပးၾကဖို႔ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန က အသိေပး

ရန္ကုန္၊ ဇန္နဝါရီ ၆။

ျပည္ပကေန မွာယူတင္သြင္းေနရတဲ့ LNG to power ဓါတ္အားေပးစက္႐ုံမ်ားရဲ႕ ထုတ္လုပ္မႈ (၇၅၀)မဂၢါဝပ္ က သဘာဝဓါတ္ေငြ႕တင္သြင္းရတဲ့ ေဈးႏႈန္းေလးဆအထိတက္လာတာေၾကာင့္ ရပ္နားထားရျခင္း၊ရတနာ ကမ္းလြန္ဓါတ္ေငြ႕စီမံကိန္းကို ျပဳျပင္ထိန္းသိမ္းမႈေတြျပဳလုပ္ေနရတာေၾကာင့္ (၅၄၀)မဂၢါဝပ္အထိ ထုတ္လုပ္ေပးႏိုင္ျခင္းမရွိေသးျခင္း၊လွ်ပ္စစ္တာဝါတိုင္ အခ်ိဳ႕ ဖ်က္စီးခံေနရျခင္းစတဲ့ ကိစၥ‌ ေတြေၾကာင့္ လွ်ပ္စစ္ဓါတ္အားထုတ္လုပ္မႈ ေလ်ာ့နည္းေနတယ္လို႔ နစက လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနက အသိေပးလိုက္ပါတယ္။

အခုလိုေလ်ာ့နည္းေနတာေၾကာင့္ အမ်ားျပည္သူေတြအေနနဲ႔ မီးလင္းအားတူၿပီး ဓါတ္အားသုံးစြဲမႈနည္းပါးတဲ့ LED မီးေခ်ာင္းမ်ားေျပာင္းလဲသုံးစြဲၾကဖို႔နဲ႔ မလိုအပ္တဲ့ လွ်ပ္စစ္မီးေတြကို အသုံးမျပဳရင္ပိတ္ထားၾကဖို႔ အသိေပး ထားတာပါ။

ဒါ့အျပင္ဓါတ္အားအသုံးျပဳမႈမ်ားတဲ့ မနက္ (၇)နာရီကေန(၁၁)နာရီအတြင္းနဲ႔ညေန(၅)နာရီကေန (၇)နာရီအတြင္းကို ဝန္အားေလွ်ာ့ခ်ၿပီးဓါတ္အားစနစ္ထိန္းညႇိျခင္းကိုမျဖစ္မေနေဆာင္႐ြက္ေနရတာျဖစ္လို႔ ဓါတ္အားျပတ္ေတာက္မႈေတြ ႀကဳံေတြ႕ရႏိုင္တယ္လို႔လည္း နစက ရဲ႕ ႏိုင္ငံပိုင္သတင္းစာကေန အသိေပးထားပါတယ္။

ျပည္သူလူထုအေနနဲ႔အဆင္မေျပမႈေတြကို နားလည္ေပးဖို႔နဲ႔ ဓါတ္အားျပည့္ဝစြာျပန္လည္ရရွိဖို႔ ႀကိဳးစားေဆာင္႐ြက္ေနတယ္လို႔ ေဖာ္ျပထားပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here