ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ အထကကျောင်းရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ် ကျောင်းသူတစ်ဦးနှင့်လုံခြုံရေးရဲတစ်ဦးဒဏ်ရာရ

0
159

(Unicode)

ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ အထကကျောင်းရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ် ကျောင်းသူတစ်ဦးနှင့်လုံခြုံရေးရဲတစ်ဦးဒဏ်ရာရ

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊ကင်းမွန်းချောင်းကျေးရွာရှိ အထက(ကင်မွန်းချောင်း)ကျောင်းရှေ့တွင် ယနေ့နံနက် ၈ နာရီခွဲခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဗုံးပေါက်ကွဲမှုဖြစ်စဥ်တွင် ကျောင်းသူတစ်ဦးနှင့် ကျောင်းလုံခြုံရေးတာဝန်ကျနေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးတို့ ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သည်။

“ဗုံးပေါက်သံကတော့အကျယ်ကြီးပဲ ကလေးတွေလည်းအတော်လန့်ကုန်ကြတယ် ကျောင်းကိုတော့ ဗုံးဖောက်တာမလုပ်သင့်ဘူးလေ အခုတော့ ကျောင်းသူတစ်ယောက်ထိသွားပြီ ကျောင်းတက်ချိန်မှာဖောက်တာကတော့မကောင်းဘူးပေါ့”ဟုဒေသခံတစ်ဦးကပြောသည်။

စာသင်ကျောင်းရှေ့ ဗုံးပေါက်ကွဲပြီးနောက် ကျောင်းသား၊ကျောင်းသူများအား မိဘများလာရောက်ခေါ်ဆောင်မှုများရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ဖြစ်စဥ်မှ ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သည့် ကျောင်းသူနှင့်ရဲတပ်ဖွဲ့ဝင်တို့အား လူနာတင်ယာဥ်ဖြင့် ကင်းမွန်းချောင်တိုက်နယ်ဆေးရုံသို့ ဆေးကုသရန်ပို့ဆောင်ခဲ့ကြသည်။

လုံခြုံရေးအဖွဲ့ဝင်များက ဗုံးပေါက်ကွဲခဲ့သည့် အထက(ကင်းမွန်းချောင်)ကျောင်းအား ဗုံးများထပ်မံထောင်ထားမှုရှိ မရှိအားစစ်ဆေးလျက်ရှိပြီး လမ်းမကြီးပေါ်၌ဖြတ်သန်းသွားလာနေသူများကိုလည်း စစ်ဆေးမှုများပြုလုပ်လျက်ရှိသည်။

(Zawgyi)

က်ိဳက္ထိုၿမိဳ႕နယ္၊ ကင္မြန္းေခ်ာင္းေက်း႐ြာရွိ အထကေက်ာင္းေရွ႕တြင္ ဗုံးေပါက္ကြဲမႈျဖစ္ ေက်ာင္းသူတစ္ဦးႏွင့္လုံၿခဳံေရးရဲတစ္ဦးဒဏ္ရာရ

မြန္ျပည္နယ္၊က်ိဳက္ထိုၿမိဳ႕နယ္၊ကင္းမြန္းေခ်ာင္းေက်း႐ြာရွိ အထက(ကင္မြန္းေခ်ာင္း)ေက်ာင္းေရွ႕တြင္ ယေန႔နံနက္ ၈ နာရီခြဲခန္႔က ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ဗုံးေပါက္ကြဲမႈျဖစ္စဥ္တြင္ ေက်ာင္းသူတစ္ဦးႏွင့္ ေက်ာင္းလုံၿခဳံေရးတာဝန္က်ေနသည့္ ရဲတပ္ဖြဲ႕ဝင္တစ္ဦးတို႔ ဗုံးစထိမွန္ဒဏ္ရာမ်ားရရွိခဲ့သည္။

“ဗုံးေပါက္သံကေတာ့အက်ယ္ႀကီးပဲ ကေလးေတြလည္းအေတာ္လန္႔ကုန္ၾကတယ္ ေက်ာင္းကိုေတာ့ ဗုံးေဖာက္တာမလုပ္သင့္ဘူးေလ အခုေတာ့ ေက်ာင္းသူတစ္ေယာက္ထိသြားၿပီ ေက်ာင္းတက္ခ်ိန္မွာေဖာက္တာကေတာ့မေကာင္းဘူးေပါ့”ဟုေဒသခံတစ္ဦးကေျပာသည္။

စာသင္ေက်ာင္းေရွ႕ ဗုံးေပါက္ကြဲၿပီးေနာက္ ေက်ာင္းသား၊ေက်ာင္းသူမ်ားအား မိဘမ်ားလာေရာက္ေခၚေဆာင္မႈမ်ားရွိခဲ့သည္ဟု ေဒသခံမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွ ဗုံးစထိမွန္ဒဏ္ရာမ်ားရရွိခဲ့သည့္ ေက်ာင္းသူႏွင့္ရဲတပ္ဖြဲ႕ဝင္တို႔အား လူနာတင္ယာဥ္ျဖင့္ ကင္းမြန္းေခ်ာင္တိုက္နယ္ေဆး႐ုံသို႔ ေဆးကုသရန္ပို႔ေဆာင္ခဲ့ၾကသည္။

လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက ဗုံးေပါက္ကြဲခဲ့သည့္ အထက(ကင္းမြန္းေခ်ာင္)ေက်ာင္းအား ဗုံးမ်ားထပ္မံေထာင္ထားမႈရွိ မရွိအားစစ္ေဆးလ်က္ရွိၿပီး လမ္းမႀကီးေပၚ၌ျဖတ္သန္းသြားလာေနသူမ်ားကိုလည္း စစ္ေဆးမႈမ်ားျပဳလုပ္လ်က္ရွိသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here