ဒေါပုံမြို့နယ်ရှိ မြို့မရဲစခန်းလက်ပစ်ဗုံးဖြင့်ပစ်ခတ်ခံရ

0
159

(Unicode)

ဒေါပုံမြို့နယ်ရှိ မြို့မရဲစခန်းလက်ပစ်ဗုံးဖြင့်ပစ်ခတ်ခံရ

ရန်ကုန်မြို့၊ဒေါပုံမြို့နယ်၊သင်္ဘောကျင်းရဲစခန်း ဇန်နဝါရီ ၅ ရက်ည ၇ နာရီကျော်ခန့်က လက်ပစ်ဗုံးဖြင့်ပစ်ခတ်ခံခဲ့ရသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သိရသည်။

“လက်ပစ်ဗုံးနဲ့ပစ်တယ် ထိခိုက်မှုတော့မရှိဘူး စစ်ဆေးတာတွေလုပ်နေတယ် ဖမ်းမိဖို့အတွက်လည်း စုံစမ်းနေတယ်”ဟု ရဲအကြီးတန်းအရာရှိတစ်ဦးကပြောသည်။

အဆိုပါ ဒေါပုံမြို့နယ် သင်္ဘောကျင်းရဲစခန်းသည် မဟာဗန္ဓုလတံတားအဆင်း၌ရှိပြီး စစ်တပ်လုံခြုံရေးအဖွဲ့ဝင်များအဝင်၊အထွက်ရှိသည့် ရဲစခန်းဖြစ်သည်ဟု ရဲစခန်းအနီးနေသူများထံမှ သိရသည်။

“ဒဏ်ရတဲ့သူတော့မရှိဘူး အဆောက်အအုံပျက်စီးတာလည်းမကြားမိဘူး ပေါက်ကွဲပြီးတော့ စခန်းထဲကရဲတွေထွက်လာပြီး ပစ်တဲ့သူကိုရှာနေတာရှိတယ်”ဟုရဲစခန်းအနီးနေသူတစ်ဦးကပြောသည်။

ဒေါပုံမြို့နယ် သင်္ဘောကျင်းရဲစခန်း လက်ပစ်ဗုံးဖြင့်ပစ်ခတ်ခံရသည့် ဖြစ်စဥ်အား လူမှုကွန်ယက်စာမျက်နှာများ၌ ရေးသားထားချက်များအရ ဗမာ့နောက်ဆုံးတော်လှန်ရေးတပ်ဖွဲ့(B.F.R.A.F)ကပြုလုပ်ခြင်းဖြစ်သည်ဟု အဆိုပါ အဖွဲ့မှထုတ်ပြန်ထားကြောင်း ရေးသားထားကြသည်။

(Zawgyi)

ေဒါပုံၿမိဳ႕နယ္ရွိ ၿမိဳ႕မရဲစခန္းလက္ပစ္ဗုံးျဖင့္ပစ္ခတ္ခံရ

ရန္ကုန္ၿမိဳ႕၊ေဒါပုံၿမိဳ႕နယ္၊သေဘၤာက်င္းရဲစခန္း ဇန္နဝါရီ ၅ ရက္ည ၇ နာရီေက်ာ္ခန္႔က လက္ပစ္ဗုံးျဖင့္ပစ္ခတ္ခံခဲ့ရသည္ဟု ရန္ကုန္တိုင္းရဲတပ္ဖြဲ႕မွ သိရသည္။

“လက္ပစ္ဗုံးနဲ႔ပစ္တယ္ ထိခိုက္မႈေတာ့မရွိဘူး စစ္ေဆးတာေတြလုပ္ေနတယ္ ဖမ္းမိဖို႔အတြက္လည္း စုံစမ္းေနတယ္”ဟု ရဲအႀကီးတန္းအရာရွိတစ္ဦးကေျပာသည္။

အဆိုပါ ေဒါပုံၿမိဳ႕နယ္ သေဘၤာက်င္းရဲစခန္းသည္ မဟာဗႏၶဳလတံတားအဆင္း၌ရွိၿပီး စစ္တပ္လုံၿခဳံေရးအဖြဲ႕ဝင္မ်ားအဝင္၊အထြက္ရွိသည့္ ရဲစခန္းျဖစ္သည္ဟု ရဲစခန္းအနီးေနသူမ်ားထံမွ သိရသည္။

“ဒဏ္ရတဲ့သူေတာ့မရွိဘူး အေဆာက္အအုံပ်က္စီးတာလည္းမၾကားမိဘူး ေပါက္ကြဲၿပီးေတာ့ စခန္းထဲကရဲေတြထြက္လာၿပီး ပစ္တဲ့သူကိုရွာေနတာရွိတယ္”ဟုရဲစခန္းအနီးေနသူတစ္ဦးကေျပာသည္။

ေဒါပုံၿမိဳ႕နယ္ သေဘၤာက်င္းရဲစခန္း လက္ပစ္ဗုံးျဖင့္ပစ္ခတ္ခံရသည့္ ျဖစ္စဥ္အား လူမႈကြန္ယက္စာမ်က္ႏွာမ်ား၌ ေရးသားထားခ်က္မ်ားအရ ဗမာ့ေနာက္ဆုံးေတာ္လွန္ေရးတပ္ဖြဲ႕(B.F.R.A.F)ကျပဳလုပ္ျခင္းျဖစ္သည္ဟု အဆိုပါ အဖြဲ႕မွထုတ္ျပန္ထားေၾကာင္း ေရးသားထားၾကသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here