အဖွဲ့အားလုံးအတိုက်အခိုက်တွေ ရပ်ဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်တောင်းဆို

0
210

(Unicode)

အဖွဲ့အားလုံးအတိုက်အခိုက်တွေ ရပ်ဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်တောင်းဆို

အလှည့်ကျ အာဆီယံဥက္ကဌ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်ဟာ မြန်မာနိုင်ငံကို ဇန်နဝါရီ ၇ရက်နေ့မှာ လာရောက် တော့မှာဖြစ်ပြီး အခုခရီးစဉ်အပေါ် နိုင်ငံတကာကလည်း စောင့်ကြည့်နေကြပါတယ်။

မြန်မာနိုင်ငံကို မသွားရောက်ဖို့ တားမြစ်နေကြတာတွေ ရှိနေပေမယ့် မစ္စတာဟွန်ဆန်ကတော့ သူ့ရဲ့ ခရီးစဉ်အတိုင်းပဲ ဆောင်ရွက်ဖို့ ရှိနေပါတယ်။

အခုရက်ထဲမှာပဲ VOA ခမာဌာနသတင်းထောက် Kimseng Men နဲ့ ဝန်ကြီးချုပ် ဟွန်ဆန်တို့တွေ့ဆုံခဲ့တာမှာ မစ္စတာဟွန်ဆန်က မြန်မာနိုင်ငံရဲ့ အခြေအနေက သာမန်ရိုးရှင်းတာမျိုးမဟုတ်ဘဲ ပုံမှန်ထက်ကျော်ပြီး လုပ်ဖို့တွေ လိုလားတဲ့အနေအထားတွေ ရှိနေတဲ့အကြောင်း နဲ့ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် အကြီးအကျယ်မဖြစ်အောင် သူ့မြန်မာပြည်ခရီးစဉ်ထဲ အဓိကဦးစားပေး လုပ်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အာဆီယံရဲ့ ဘုံသဘောတူချက် ၅ ချက်အပေါ်မှာလည်း နောက်ဆက်တွဲအဖြစ် ဆက်လက်မေးမြန်းလုပ်ဆောင်သွားမယ်လို့ ပြောဆိုခဲ့ပြီး အဖွဲ့အားလုံးအပစ်ရပ်ဖို့ပါ တောင်းဆိုထားပါတယ်။

“ကျွန်တော့်အနေနဲ့ အဖွဲအားလုံးကို အတိုက်အခိုက်တွေရပ်ဖို့ ပထမ တောင်းဆိုပါတယ်။ ဘာလို့လဲဆိုတော့ လူ့အသွေးအသားတွေအတွက်ပါ၊ လူတွေမသေကျေ စေဖို့ပါ။ လူတွေ ဒဏ်ရာတွေ မရစေဖို့ပါ” လို ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက မြန်မာနိုင်ငံရှိ ကမ္ဘောဒီးယားသံရုံးနားမှာ ဗုံးပေါက်ကွဲမှုအချို့ရှိခဲ့တာကို ဝန်ကြီးချုပ်ဟွန်ဆန်က သူသိရှိထားတဲ့ အကြောင်းနဲ့ ဒီကြမ်းဖက်မူအားလုံးကို မဖြစ်မနေ ရပ်တန့်မှ ရမယ်လို့ VOA ခမာဌာနသတင်းထောက် Kimseng Menကို ပြောဆိုသွားခဲ့တာတွေ့ရပါတယ်။

“အခု အကြမ်းဖက်မှုတွေက အစိုးရဖက်ကတခုထဲမဟုတ်တော့ဘူး၊ ကျွန်တော်တို့ သံရုံးနားတဝိုက် လျှောက်သွားပြီး ဗုံးထောင်ခဲ့တဲ့သူ တွေလိုမျိုး ဥပဒေမဲ့ လက်နက်ကိုင်သမားတွေဆီကပါလာနေပြီ။ သံရုံးမှာကို အရင်လာထောင်တဲ့ဗုံးတလုံးကိုတော့ ကြိုသိပြီး ရှင်းနိုင်ခဲ့တယ်၊ ဒါပေမဲ့ အနားက ဗုံး ၂ လုံးကတော့ ပေါက်သွားခဲ့တယ်” လို့ ဝန်ကြီးချုပ်က ပြောတဲ့အကြောင်း VOAသတင်းဌာနကဖော်ပြထားပါတယ်။

ဝန်ကြီးချုပ်ဟွန်ဆန်ဟာ ဇန်နဝါရီလ ၇ ရက် မနက်ပိုင်းမှာ ကမ္ဘောဒီယားနိုင်ငံကနေ မြန်မာကို ထွက်ခွါပြီး ဇန်နဝါရီလ ၈ ရက် မွန်းလွဲပိုင်းမှာ ပြန်ဖို့ စီစဉ်ထားပြီး မြန်မာ့အကျပ်အတည်းနဲ့ပတ်သက်လို့ ကောင်းမွန်တဲ့ရလာဒ်ထွက်လာမယ်ဆိုရင် တော့ သူ့ရဲ့အပြန်ခရီးစဉ်ကို ရက်ရွှေ့မယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် သူ့ရဲ့ ခရီးစဉ်နဲ့ ပတ်သတ်ပြီးကြိုတင် မှန်းဆတာတွေ မလုပ်ဖို့ပါ အသိပေးစကားဆိုထားပါတယ်။

မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ ဆိုရင် နိုင်ငံရေးအင်အားစုတွေ၊ထင်ရှားသူတွေနဲ့ပါ မဖြစ်မနေ တွေ့ဆုံသင့်တယ်လို့ ထောက်ပြနေတဲ့ သူတွေရှိနေသလို ရင်ကြားစေ့တဲ့ အနေနဲ့ဖမ်းဆီးထိန်းသိမ်းထားသူတွေကိုလည်း ပြန်လွတ်ပေးပြီး နိုင်ငံရေးစားပွဲဝိုင်းပေါ် တွေ့ဆုံ စေတာမျိုးတွေ လုပ်သင့်တယ်လို့ အကြံပြုမှုတွေလည်း ထွက် ပေါ်နေပါတယ်။

(Zawgyi)

အဖြဲ႕အားလုံးအတိုက္အခိုက္ေတြ ရပ္ဖို႔ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ေတာင္းဆို

အလွည့္က် အာဆီယံဥကၠဌ ကေမာၻဒီးယားႏိုင္ငံ ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ဟာ ျမန္မာႏိုင္ငံကို ဇန္နဝါရီ ၇ရက္ေန႔မွာ လာေရာက္ ေတာ့မွာျဖစ္ၿပီး အခုခရီးစဥ္အေပၚ ႏိုင္ငံတကာကလည္း ေစာင့္ၾကည့္ေနၾကပါတယ္။

ျမန္မာႏိုင္ငံကို မသြားေရာက္ဖို႔ တားျမစ္ေနၾကတာေတြ ရွိေနေပမယ့္ မစၥတာဟြန္ဆန္ကေတာ့ သူ႔ရဲ႕ ခရီးစဥ္အတိုင္းပဲ ေဆာင္႐ြက္ဖို႔ ရွိေနပါတယ္။

အခုရက္ထဲမွာပဲ VOA ခမာဌာနသတင္းေထာက္ Kimseng Men နဲ႔ ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္တို႔ေတြ႕ဆုံခဲ့တာမွာ မစၥတာဟြန္ဆန္က ျမန္မာႏိုင္ငံရဲ႕ အေျခအေနက သာမန္႐ိုးရွင္းတာမ်ိဳးမဟုတ္ဘဲ ပုံမွန္ထက္ေက်ာ္ၿပီး လုပ္ဖို႔ေတြ လိုလားတဲ့အေနအထားေတြ ရွိေနတဲ့အေၾကာင္း နဲ႔ ျမန္မာႏိုင္ငံမွာ ျပည္တြင္းစစ္ အႀကီးအက်ယ္မျဖစ္ေအာင္ သူ႔ျမန္မာျပည္ခရီးစဥ္ထဲ အဓိကဦးစားေပး လုပ္သြားမယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဒါ့အျပင္ အာဆီယံရဲ႕ ဘုံသေဘာတူခ်က္ ၅ ခ်က္အေပၚမွာလည္း ေနာက္ဆက္တြဲအျဖစ္ ဆက္လက္ေမးျမန္းလုပ္ေဆာင္သြားမယ္လို႔ ေျပာဆိုခဲ့ၿပီး အဖြဲ႕အားလုံးအပစ္ရပ္ဖို႔ပါ ေတာင္းဆိုထားပါတယ္။

“ကြၽန္ေတာ့္အေနနဲ႔ အဖြဲအားလုံးကို အတိုက္အခိုက္ေတြရပ္ဖို႔ ပထမ ေတာင္းဆိုပါတယ္။ ဘာလို႔လဲဆိုေတာ့ လူ႔အေသြးအသားေတြအတြက္ပါ၊ လူေတြမေသေက် ေစဖို႔ပါ။ လူေတြ ဒဏ္ရာေတြ မရေစဖို႔ပါ” လို ဆိုပါတယ္။

ၿပီးခဲ့တဲ့ရက္အနည္းငယ္တုန္းက ျမန္မာႏိုင္ငံရွိ ကေမာၻဒီးယားသံ႐ုံးနားမွာ ဗုံးေပါက္ကြဲမႈအခ်ိဳ႕ရွိခဲ့တာကို ဝန္ႀကီးခ်ဳပ္ဟြန္ဆန္က သူသိရွိထားတဲ့ အေၾကာင္းနဲ႔ ဒီၾကမ္းဖက္မူအားလုံးကို မျဖစ္မေန ရပ္တန႔္မွ ရမယ္လို႔ VOA ခမာဌာနသတင္းေထာက္ Kimseng Menကို ေျပာဆိုသြားခဲ့တာေတြ႕ရပါတယ္။

“အခု အၾကမ္းဖက္မႈေတြက အစိုးရဖက္ကတခုထဲမဟုတ္ေတာ့ဘူး၊ ကြၽန္ေတာ္တို႔ သံ႐ုံးနားတဝိုက္ ေလွ်ာက္သြားၿပီး ဗုံးေထာင္ခဲ့တဲ့သူ ေတြလိုမ်ိဳး ဥပေဒမဲ့ လက္နက္ကိုင္သမားေတြဆီကပါလာေနၿပီ။ သံ႐ုံးမွာကို အရင္လာေထာင္တဲ့ဗုံးတလုံးကိုေတာ့ ႀကိဳသိၿပီး ရွင္းႏိုင္ခဲ့တယ္၊ ဒါေပမဲ့ အနားက ဗုံး ၂ လုံးကေတာ့ ေပါက္သြားခဲ့တယ္” လို႔ ဝန္ႀကီးခ်ဳပ္က ေျပာတဲ့အေၾကာင္း VOAသတင္းဌာနကေဖာ္ျပထားပါတယ္။

ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ဟာ ဇန္နဝါရီလ ၇ ရက္ မနက္ပိုင္းမွာ ကေမာၻဒီယားႏိုင္ငံကေန ျမန္မာကို ထြက္ခြါၿပီး ဇန္နဝါရီလ ၈ ရက္ မြန္းလြဲပိုင္းမွာ ျပန္ဖို႔ စီစဥ္ထားၿပီး ျမန္မာ့အက်ပ္အတည္းနဲ႔ပတ္သက္လို႔ ေကာင္းမြန္တဲ့ရလာဒ္ထြက္လာမယ္ဆိုရင္ ေတာ့ သူ႔ရဲ႕အျပန္ခရီးစဥ္ကို ရက္ေ႐ႊ႕မယ္လို႔ ေျပာဆိုထားပါတယ္။

ဒါ့အျပင္ သူ႔ရဲ႕ ခရီးစဥ္နဲ႔ ပတ္သတ္ၿပီးႀကိဳတင္ မွန္းဆတာေတြ မလုပ္ဖို႔ပါ အသိေပးစကားဆိုထားပါတယ္။

ျမန္မာႏိုင္ငံရဲ႕ အက်ပ္အတည္းကို ေျဖရွင္းဖို႔ ဆိုရင္ ႏိုင္ငံေရးအင္အားစုေတြ၊ထင္ရွားသူေတြနဲ႔ပါ မျဖစ္မေန ေတြ႕ဆုံသင့္တယ္လို႔ ေထာက္ျပေနတဲ့ သူေတြရွိေနသလို ရင္ၾကားေစ့တဲ့ အေနနဲ႔ဖမ္းဆီးထိန္းသိမ္းထားသူေတြကိုလည္း ျပန္လြတ္ေပးၿပီး ႏိုင္ငံေရးစားပြဲဝိုင္းေပၚ ေတြ႕ဆုံ ေစတာမ်ိဳးေတြ လုပ္သင့္တယ္လို႔ အႀကံျပဳမႈေတြလည္း ထြက္ ေပၚေနပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here