Myanmar Chef Top 4 Winner ရဲလွင်ဦးနဲ့အတူ ဟင်းလျာများကို ချက်ပြုတ်ပြင်ဆင်လက်စွမ်းပြသွားမယ့် သရုပ်ဆောင်မင်းတော်ဝင်

0
351

Myanmar Chef Top 4 Winner ရဲလွင်ဦးနဲ့အတူ ဟင်းလျာများကို ချက်ပြုတ်ပြင်ဆင်လက်စွမ်းပြသွားမယ့် သရုပ်ဆောင်မင်းတော်ဝင်

သရုပ်ဆောင်မင်းသားမင်းတော်ဝင်က တော့ Myanmar Chef Top 4 Winner မှ ရဲလွင်ဦးနဲ့အတူ ဇန်နဝါရီလ ၆ ရက်နေ့ ဦးဦးစားဖိုမှူးစားသောက်ဆိုင်မှာပြင်ဆင်ချက်ပြုတ်လက်စွမ်းပြသွားမှာပဲ ဖြစ်ပါတယ်။

” ဦးဦးစားဖိုမှူးနှစ်ယောက်ရဲ့ လက်ရာတွေကို.၆.၁.၂၀၂၂ကစပြီး လာရောက်သုံးဆောင်ဖို့ ဖိတ်ပါတယ်။ မြန်မာဟင်း,ထိုင်းဟင်းလျာနှင့်တရုတ်ဟင်းလျာများသုံး​ဆောင်နိုင်မှာဖြစ်ပြီးတစ်ရက်ကြိုတင်အော်ဒါမှာယူပါက Master Cheft Top 4 Winner ရဲလွင်ဦး လက်ရာဟင်းလျာများစွာကို စိတ်ကြိုက်ရွေးချယ်သုံးဆောင်နိုင်မှာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်နံနက် ( ၇ ) နာရီမှ နေ့လည် ( ၁ )နာရီညနေ( ၃ )နာရီမှ ည( ၉ )နာရီထိဖွင့်လှစ်ပေးထားမှာဖြစ်ပြီး အထူးဟင်းလျာတွေကို တနင်္ဂနွေတစ်ရက်ကလဲွဲပြီးနေ့ရက်တိုင်း စိတ်တိုင်းကျ သုံးဆောင်နိုင်ပါတယ်။ ” လို့ မင်းတော်ဝင်က သူလက်ရှိအသုံးပြုနေတဲ့ လူမှုကွန်ယက်စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ် ။

ဆိုင်လိပ်စာလေးကတော့ အမှတ်(၂၁၇၉ ) ဗန္ဓုလလမ်း.ထ/၁၆ရပ်ကွက်.တေဇာရာမဘုန်းကြီးကျောင်းရှေ့.ရွှေပြည်သာလှော်ကားမှာ ဖွင့်လှစ်ထားတာပဲ ဖြစ်ပါတယ်။

သရုပ်ဆောင်မင်းတော်ဝင်ကတော့ မြမြ ရုပ်ရှင်ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။

Zaw Gyi







LEAVE A REPLY

Please enter your comment!
Please enter your name here