ကျောင်းသား၊ကျောင်းသူများ အဆင်ပြေစေရန် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် နောက်ဆုံးလျှောက်လွှာတင်ရက်တိုးမြှင့်

0
179

(Unicode)

ကျောင်းသား၊ကျောင်းသူများ အဆင်ပြေစေရန် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် နောက်ဆုံးလျှောက်လွှာတင်ရက်တိုးမြှင့်

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာရောင်းချခြင်းနှင့်ပြန်လည်ပေးပို့ခြင်းတို့အား မြန် မာနိုင်ငံစာစစ်ဦးစီးဌာနက ကျောင်းသား၊ကျောင်း သူများအဆင်ပြေစေရန် ဇန်နဝါရီ ၁၅ ရက်အထိ ထပ်မံရက်တိုးမြှင့်သတ်မှတ်ပေးခဲ့ကြောင်း ထုတ် ပြန်ကြေညာခဲ့သည်။

၂၀၂၂ ခုနှစ်၊မတ် ၃၁ ရက်မှစတင်ဖြေဆိုမည့် တ က္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာ တင်သွင်းရက်အား ယခင် သတ်မှတ်ထားခဲ့သည့် ၂၀၂၁ ခုနှစ်၊နိုဝင်ဘာ ၁၅ ရက်မှဒီဇင်ဘာ ၃၀ ရက်နေ့အတွင်း လျှောက်ထားရမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားခဲ့သည်။

ထိုသို့ ထုတ်ပြန်ကြေညာခဲ့ရာမှ လက်ရှိအချိန်တွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးတွင် (ကျောင်းဖွင့်ရက်နောက်ကျသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ကိုးခုမှ မြို့နယ် ၄၆ မြို့နယ်နှင့်လမ်း ပန်းဆက်သွယ်ရေး ခက်ခဲသော ဝေးလံဒေသများ အပါအဝင်)မှ အခြေခံပညာအထက်တန်းကျောင်းများ၊ကျောင်းခွဲများ၊တွဲဖက်ကျောင်းများ၊ကိုယ် ပိုင်အထက်တန်းကျောင်းများ၊ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ တက္ကသိုလ်ဝင်ခွင့် စာ မေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများနှင့်ပြင်ပဖြေဆိုမည့်သူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ထပ်မံရက်တိုးမြှင့်သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်လျှောက် ထားခြင်းနှင့်ပတ်သက်၍ အခက်အခဲ တစ်စုံတစ် ရာရှိပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ ဆက်သွယိစုံစမ်းမေးမြန်းနိုင်ကြောင်းလည်း ကြေညာ ချက်၌ရေးသားထားသည်။

(Zawgyi)

ေက်ာင္းသား၊ေက်ာင္းသူမ်ား အဆင္ေျပေစရန္ တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုခြင့္ ေနာက္ဆုံးေလွ်ာက္လႊာတင္ရက္တိုးျမႇင့္

တကၠသိုလ္ဝင္ခြင့္စာေမးပြဲေျဖဆိုခြင့္ ေလွ်ာက္လႊာေရာင္းခ်ျခင္းႏွင့္ျပန္လည္ေပးပို႔ျခင္းတို႔အား ျမန္ မာႏိုင္ငံစာစစ္ဦးစီးဌာနက ေက်ာင္းသား၊ေက်ာင္း သူမ်ားအဆင္ေျပေစရန္ ဇန္နဝါရီ ၁၅ ရက္အထိ ထပ္မံရက္တိုးျမႇင့္သတ္မွတ္ေပးခဲ့ေၾကာင္း ထုတ္ ျပန္ေၾကညာခဲ့သည္။

၂၀၂၂ ခုႏွစ္၊မတ္ ၃၁ ရက္မွစတင္ေျဖဆိုမည့္ တ ကၠသိုလ္ဝင္ခြင့္စာေမးပြဲေျဖဆိုခြင့္ ေလွ်ာက္လႊာ တင္သြင္းရက္အား ယခင္ သတ္မွတ္ထားခဲ့သည့္ ၂၀၂၁ ခုႏွစ္၊ႏိုဝင္ဘာ ၁၅ ရက္မွဒီဇင္ဘာ ၃၀ ရက္ေန႔အတြင္း ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာထားခဲ့သည္။

ထိုသို႔ ထုတ္ျပန္ေၾကညာခဲ့ရာမွ လက္ရွိအခ်ိန္တြင္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္အားလုံးတြင္ (ေက်ာင္းဖြင့္ရက္ေနာက္က်သည့္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ ကိုးခုမွ ၿမိဳ႕နယ္ ၄၆ ၿမိဳ႕နယ္ႏွင့္လမ္း ပန္းဆက္သြယ္ေရး ခက္ခဲေသာ ေဝးလံေဒသမ်ား အပါအဝင္)မွ အေျခခံပညာအထက္တန္းေက်ာင္းမ်ား၊ေက်ာင္းခြဲမ်ား၊တြဲဖက္ေက်ာင္းမ်ား၊ကိုယ္ ပိုင္အထက္တန္းေက်ာင္းမ်ား၊ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းမ်ားမွ တကၠသိုလ္ဝင္ခြင့္ စာ ေမးပြဲ ေျဖဆိုမည့္ ေက်ာင္းသား၊ေက်ာင္းသူမ်ားႏွင့္ျပင္ပေျဖဆိုမည့္သူမ်ား အဆင္ေျပေခ်ာေမြ႕ေစရန္ ရည္႐ြယ္၍ ထပ္မံရက္တိုးျမႇင့္သတ္မွတ္ေပးခဲ့ျခင္းျဖစ္သည္။

တကၠသိုလ္ဝင္ခြင့္စာေမးပြဲ ေျဖဆိုခြင့္ေလွ်ာက္ ထားျခင္းႏွင့္ပတ္သက္၍ အခက္အခဲ တစ္စုံတစ္ ရာရွိပါက ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနသို႔ ဆက္သြယိစုံစမ္းေမးျမန္းႏိုင္ေၾကာင္းလည္း ေၾကညာ ခ်က္၌ေရးသားထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here