သထုံ သုဝဏ္ဏဝတီမြို့ရှိ ကမ္ဘာ့ရတနာဘဏ် ဓါးပြတိုက်ခံရ

0
195

(Unicode)

သထုံ သုဝဏ္ဏဝတီမြို့ရှိ ကမ္ဘာ့ရတနာဘဏ် ဓါးပြတိုက်ခံရ

မွန်ပြည်နယ် သထုံခရိုင်အတွင်းရှိ သုဝဏ္ဏဝတီမြို့ ကမ္ဘာ့ရတနာဘဏ် ယနေ့ ဇန်ဝါရီ ၆ရက်နေ့ မနက်ပိုင်းက ဓါးပြတိုက်ခံခဲ့ရသည်။

အဆိုပါ ဘဏ်သည် မြို့မဈေးရှေ့တွင်ရှိသည့် ဘဏ်တစ်ခုဖြစ်ကာ ဒေသခံများ၏ ပြောပြချက်အရ သေနတ်ကိုင် ၃ဦးက ဝင်ရောက်ဓါးပြတိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ဘဏ်ဝန်ထမ်းတွေကို သေနတ်ပြပြီး ဓါးပြတိုက်သွားတာ။ ပြီးတော့ ကားနဲ့ မောင်းပြေးသွားတာ၊မောင်းပြေးတဲ့ ကားက တပ်ရှေ့လည်း ဖြတ်ရော အပြန်အလှန်ပစ်ကြခတ်ကြတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ဓါးပြတိုက်ခံရသည့် ငွေပမာဏကို မူ အတိအကျမသိရှိရသေးပေ။

“လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လိုက်ဖမ်းနေပါတယ်”ဟု လုံခြုံရေးတာဝန်ရှိသူတစ်ဦးကပြောသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်ကလည်းသထုံမြို့၊ မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) ဘဏ်မှ ငွေသယ်ယာဉ်တစ်စီး ဓါးပြတိုက်ခံခဲ့ရပြီး ငွေသိန်း၈၀၀ကျော်ပါသွားခဲ့သည်။

(Zawgyi)

သထုံ သုဝဏၰဝတီၿမိဳ႕ရွိ ကမာၻ႔ရတနာဘဏ္ ဓါးျပတိုက္ခံရ

မြန္ျပည္နယ္ သထုံခ႐ိုင္အတြင္းရွိ သုဝဏၰဝတီၿမိဳ႕ ကမာၻ႔ရတနာဘဏ္ ယေန႔ ဇန္ဝါရီ ၆ရက္ေန႔ မနက္ပိုင္းက ဓါးျပတိုက္ခံခဲ့ရသည္။

အဆိုပါ ဘဏ္သည္ ၿမိဳ႕မေဈးေရွ႕တြင္ရွိသည့္ ဘဏ္တစ္ခုျဖစ္ကာ ေဒသခံမ်ား၏ ေျပာျပခ်က္အရ ေသနတ္ကိုင္ ၃ဦးက ဝင္ေရာက္ဓါးျပတိုက္ခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

“ဘဏ္ဝန္ထမ္းေတြကို ေသနတ္ျပၿပီး ဓါးျပတိုက္သြားတာ။ ၿပီးေတာ့ ကားနဲ႔ ေမာင္းေျပးသြားတာ၊ေမာင္းေျပးတဲ့ ကားက တပ္ေရွ႕လည္း ျဖတ္ေရာ အျပန္အလွန္ပစ္ၾကခတ္ၾကတယ္”ဟု ေဒသခံတစ္ဦးကေျပာသည္။

ဓါးျပတိုက္ခံရသည့္ ေငြပမာဏကို မူ အတိအက်မသိရွိရေသးေပ။

“လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြ လိုက္ဖမ္းေနပါတယ္”ဟု လုံၿခဳံေရးတာဝန္ရွိသူတစ္ဦးကေျပာသည္။

ၿပီးခဲ့သည့္ ရက္အနည္းငယ္ကလည္းသထုံၿမိဳ႕၊ ျမန္မာ့ေရွ႕ေဆာင္ဘဏ္ (MAB) ဘဏ္မွ ေငြသယ္ယာဥ္တစ္စီး ဓါးျပတိုက္ခံခဲ့ရၿပီး ေငြသိန္း၈၀၀ေက်ာ္ပါသြားခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here