(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို နေပြည်တော်ဗိုလ်ရှုခံရင်ပြင်တွင်ကျင်းပမည်

0
737

(Unicode)

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို နေပြည်တော်ဗိုလ်ရှုခံရင်ပြင်တွင်ကျင်းပမည်

ယခုနှစ်ကျင်းပမည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် နေပြည်တော်ရှိ ဗိုလ်ရှုခံရင်ပြင်တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပမည်ဟု သိရှိရသည်။

ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက ဗိုလ်ရှုခံအခမ်းအနားများအား ကျင်းပသည့် ရည်ရွယ်ချက်က နိုင်ငံတော်၏အချုပ်အခြာအာဏာကို ဂုဏ်ယူအလေးအနက်ထားသောအားဖြင့် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းပေါင်းစုံက နိုင်ငံတော်သမ္မတကြီးများအား ချီတက်အလေးပြုခဲ့ကြခြင်းဖြစ်ပါကြောင်း၊ယခုနှစ်ကျင်းပမည့် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ရှုခံရင်ပြင်တွင် စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားထားသည်။

ဂုဏ်ပြု အခမ်းအနားဆောင်ရွက်နိုင်ရန် အစည်းအဝေးများကို ၂၀၂၁ဒီဇင်ဘာ၃၁ရက်က တစ်ကြိမ်၊ ယခုရက်ထဲ တစ်ကြိမ် စုစုပေါင်း ၂ကြိမ်ဆောင်ရွက်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။

အခမ်းအနားကျင်းပရာတွင် အလံကိုင်အဖွဲ့၊ကြည်းရေလေတပ်၊ရဲတပ်ဖွဲ့၊အကောက်ခွန်၊လဝက စသည့်အဖွဲ့စုံ၏ အလေးပြုတပ်များ၊ဝန်ကြီးဌာနပေါင်းစုံ၊ဘင်ခရာတီးဝိုင်းစသည်တို့က နိုင်ငံတော်အကြီးအကဲကိုအလေးပြုကြမည့် အစီအစဉ်များ၊ပြည်ထောင်စု အထိမ်းအမှတ်ကားများ၊တိုင်း၊ပြည်နယ် အထိမ်းအမှတ်အလှပြကားများစီတန်းလှည့်လည် အလေးပြုမှုများ၊အလံတင်အခမ်းအနားများစသည်တို့ပါဝင်သည်ဟု သိရသည်။

အစည်းအဝေးသို့တက်ရောက်ခဲ့သည့် အရာရှိကြီးတစ်ဦးက“တိုင်းနဲ့ပြည်နယ်တစ်ခုစီကို ကား၃စီးစီ၊နေပြည်တော်က ၃စီးဆိုတော့ စုစုပေါင်း၄၅စီး ပါဝင်ပြသမယ်။တိုင်းနဲ့ပြည်နယ်အသီးသီးက အထင်ကရပုံရိပ်တွေပါမယ်။ အလှပြကားတွေကို အချို့ကလည်း ကိုယ့်တိုင်းနဲ့ ပြည်နယ်ကို ကားတွေကိုယူပြီး ဆင်နေကြပြီ။အချို့ကလည်းနေပြည်တော်မှာ ဆင်တယ်။အချို့ကလည်း ရန်ကုန်တိုင်းမှာ ဆင်နေကြပြီ”ဟု ပြောသည်။

လွတ်လပ်ရေးရပြီးနောက် သမ္မတကြီးစဝ်ရွှေသိုက်၊သမ္မတကြီးဒေါက်တာဘဦး၊သမ္မတကြီးမန်းဝင်းမောင်တို့ သက်တမ်းကာလအတွင်းဗိုလ်ရှုခံအခမ်းအနားများအားကျင်းပခဲ့ကြသည့်အပြင် ပြီးခဲ့သည့် သမ္မတကြီးဦးသိန်းစိန်လက်ထက် ၂၀၁၅ခုနှစ်ဇန်နဝါရီ ၄ရက် လွပ်လပ်ရေးနေ့ကလည်း ကျင်းပခြင်းများရှိခဲ့ကြသည်။

(Zawgyi)

(၇၅)ႏွစ္ေျမာက္ စိန္ရတု ျပည္ေထာင္စုေန႔ကို ေနျပည္ေတာ္ဗိုလ္ရႈခံရင္ျပင္တြင္က်င္းပမည္

ယခုႏွစ္က်င္းပမည့္ (၇၅)ႏွစ္ေျမာက္ စိန္ရတု ျပည္ေထာင္စုေန႔ကို ဂုဏ္ျပဳေသာအားျဖင့္ ေနျပည္ေတာ္ရွိ ဗိုလ္ရႈခံရင္ျပင္တြင္ စည္းကားသိုက္ၿမိဳက္စြာ က်င္းပမည္ဟု သိရွိရသည္။

ဂုဏ္ျပဳအခမ္းအနားက်င္းပေရးေကာ္မတီဥကၠဌ ျပည္ေထာင္စုဝန္ႀကီးဦးေမာင္ေမာင္အုန္းက ဗိုလ္ရႈခံအခမ္းအနားမ်ားအား က်င္းပသည့္ ရည္႐ြယ္ခ်က္က ႏိုင္ငံေတာ္၏အခ်ဳပ္အျခာအာဏာကို ဂုဏ္ယူအေလးအနက္ထားေသာအားျဖင့္ ျမန္မာႏိုင္ငံရွိ အဖြဲ႕အစည္းေပါင္းစုံက ႏိုင္ငံေတာ္သမၼတႀကီးမ်ားအား ခ်ီတက္အေလးျပဳခဲ့ၾကျခင္းျဖစ္ပါေၾကာင္း၊ယခုႏွစ္က်င္းပမည့္ စိန္ရတုျပည္ေထာင္စုေန႔ကို ဂုဏ္ျပဳေသာအားျဖင့္ ဗိုလ္ရႈခံရင္ျပင္တြင္ စည္ကားသိုက္ၿမိဳက္စြာက်င္းပမည္ျဖစ္ပါေၾကာင္း စသည္ျဖင့္ ေျပာၾကားထားသည္။

ဂုဏ္ျပဳ အခမ္းအနားေဆာင္႐ြက္ႏိုင္ရန္ အစည္းအေဝးမ်ားကို ၂၀၂၁ဒီဇင္ဘာ၃၁ရက္က တစ္ႀကိမ္၊ ယခုရက္ထဲ တစ္ႀကိမ္ စုစုေပါင္း ၂ႀကိမ္ေဆာင္႐ြက္ခဲ့ၿပီးျဖစ္သည္ဟု သိရသည္။

အခမ္းအနားက်င္းပရာတြင္ အလံကိုင္အဖြဲ႕၊ၾကည္းေရေလတပ္၊ရဲတပ္ဖြဲ႕၊အေကာက္ခြန္၊လဝက စသည့္အဖြဲ႕စုံ၏ အေလးျပဳတပ္မ်ား၊ဝန္ႀကီးဌာနေပါင္းစုံ၊ဘင္ခရာတီးဝိုင္းစသည္တို႔က ႏိုင္ငံေတာ္အႀကီးအကဲကိုအေလးျပဳၾကမည့္ အစီအစဥ္မ်ား၊ျပည္ေထာင္စု အထိမ္းအမွတ္ကားမ်ား၊တိုင္း၊ျပည္နယ္ အထိမ္းအမွတ္အလွျပကားမ်ားစီတန္းလွည့္လည္ အေလးျပဳမႈမ်ား၊အလံတင္အခမ္းအနားမ်ားစသည္တို႔ပါဝင္သည္ဟု သိရသည္။

အစည္းအေဝးသို႔တက္ေရာက္ခဲ့သည့္ အရာရွိႀကီးတစ္ဦးက“တိုင္းနဲ႔ျပည္နယ္တစ္ခုစီကို ကား၃စီးစီ၊ေနျပည္ေတာ္က ၃စီးဆိုေတာ့ စုစုေပါင္း၄၅စီး ပါဝင္ျပသမယ္။တိုင္းနဲ႔ျပည္နယ္အသီးသီးက အထင္ကရပုံရိပ္ေတြပါမယ္။ အလွျပကားေတြကို အခ်ိဳ႕ကလည္း ကိုယ့္တိုင္းနဲ႔ ျပည္နယ္ကို ကားေတြကိုယူၿပီး ဆင္ေနၾကၿပီ။အခ်ိဳ႕ကလည္းေနျပည္ေတာ္မွာ ဆင္တယ္။အခ်ိဳ႕ကလည္း ရန္ကုန္တိုင္းမွာ ဆင္ေနၾကၿပီ”ဟု ေျပာသည္။

လြတ္လပ္ေရးရၿပီးေနာက္ သမၼတႀကီးစဝ္ေ႐ႊသိုက္၊သမၼတႀကီးေဒါက္တာဘဦး၊သမၼတႀကီးမန္းဝင္းေမာင္တို႔ သက္တမ္းကာလအတြင္းဗိုလ္ရႈခံအခမ္းအနားမ်ားအားက်င္းပခဲ့ၾကသည့္အျပင္ ၿပီးခဲ့သည့္ သမၼတႀကီးဦးသိန္းစိန္လက္ထက္ ၂၀၁၅ခုႏွစ္ဇန္နဝါရီ ၄ရက္ လြပ္လပ္ေရးေန႔ကလည္း က်င္းပျခင္းမ်ားရွိခဲ့ၾကသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here