Australian Open မှာဝင်ရောက်ယှဉ်ပြိုင်ရန်ပြည်ဝင်ခွင့်မရခဲ့တဲ့ ကမ္ဘာကျော်တင်းနစ်ကစားသမား Novak Djokovic

0
49

(Unicode)

Australian Open မှာဝင်ရောက်ယှဉ်ပြိုင်ရန်ပြည်ဝင်ခွင့်မရခဲ့တဲ့ ကမ္ဘာကျော်တင်းနစ်ကစားသမား Novak Djokovic

ကမ္ဘာကျော်တင်းနစ်ကစားသမား Novak Djokovic ကို သြစတြေလျနိုင်ငံဗဟိုတရားရုံးက ပြည်ဝင်ခွင့်ပိတ်ပင်လိုက်ကြောင်း ယမန်နေ့ညနေ ၆နာရီက သတင်းတစ်ရပ်ထုတ်ပြန်ထားပါတယ်။

ယခုကိစ္စနဲ့ပတ်သက်ပြီး သြစတြေးလျနိုင်ငံဝန်ကြီးချုပ် Mr.Morrison က “သြစတြေလျနိုင်ငံကို ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းမရှိပဲဝင်ရောက်ဖို့က မလုံလောက်ပါဘူး၊ သူ့မှာတိကျသေချာတဲ့ဆေးဝါးထောက်ခံချက်မရှိဘူး” လို့ ပြောထားပါတယ်။

ဆက်လက်ပြီးဝန်ကြီးချုပ်က “အဲဒီနေရာမှာ အောင်မြင်ကျော်ကြားသူဖြစ်စေ၊ နိုင်ငံရေးသမားဖြစ်စေ၊ သတင်းသမားဖြစ်စေ၊ တင်းနစ်ကစားသမားဖြစ်စေ၊ ဘယ်သူမဆိုအခြားသူတွေထက်မေးခွန်းတွေပိုအမေးခံရနိုင်ဖို့ပဲ မျှော်လင့်ထားသင့်တယ်၊ ဒါဟာခရီးသွားတွေအတွက် နိုင်ငံတွင်းဝင်ရောက်တဲ့အခါ တိကျမှန်ကန်ပြီး မပြောင်းလဲတဲ့နိုင်ငံ့ဥပဒေတစ်ခုဖြစ်ပါတယ်” လို့ပြောဆိုထားပါတယ်။

ကမ္ဘာကျော်တင်းနစ်ကစားသမား Djokovic ဟာ ယခုမနက် သြစတြေလျနိုင်ငံ၊ မဲလ်ဘုန်းလေဆိပ်မှာ ထိန်းသိမ်းခံထားရပြီး လိုအပ်တဲ့ဆေးဝါးထောက်ခံချက်၊ စစ်ဆေးမှုတွေပြုလုပ်ပြီးမှသာ Australian Open မှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ကာ သူဟာ Australian Open မှာ ၉ကြိမ်အထိအနိုင်ရရှိထားတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

Source – 9news

(Zawgyi)






Source – 9news


LEAVE A REPLY

Please enter your comment!
Please enter your name here