မလင်းလင်းခိုင်အချုပ်အနှောင်ကနေ ကင်းလွတ် သွားချိန်မှာ ဘဝသစ် စတင်ဖို့အတွက် ငွေသားထောက်ပံ့ပေးခဲ့တဲ့ ဂီတာနိုင်ဇော်

0
178

မလင်းလင်းခိုင်အချုပ်အနှောင်ကနေကင်းလွတ် သွားချိန်မှာ ဘဝသစ်စတင်ဖို့အတွက် ငွေသားထောက်ပံ့ပေးခဲ့တဲ့ ဂီတာနိုင်ဇော်

လွန်ခဲ့တဲ့ ၃ နှစ်ကျော်က မတရားသဖြင့်ပြုကျင့်ခံခဲ့ရအတွက် လူသတ်မှုကျူးလွန်ခဲ့ပြီး ထောင် ၃ နှစ်ကျော် ကျခဲ့တဲ့ မလင်းလင်းခိုင်ဟာအချုပ်နှောင်ကနေ ကင်းလွတ်သွားချိန်မှာ ဘဝအသစ်စတင်ဖို့အတွက်ဂီတာ နိုင်ဇော်မှ ငွေသားထောက်ပ့ံကူညီပေးခဲ့တာဖြစ်ပါတယ်။

အခုလိုထောက်ပံ့ပေးခဲ့တာနဲ့ပတ်သက်ပြီး ဂီတာနိုင်ဇော်က” ဒီမနက် မလင်းလင်းခိုင်အတွက်ကူညီထောက်ပံ့ပေးဖြစ်တာကတော့ မလင်းလင်းခိုင်က လွန်ခဲ့တဲ့ ၃ နှစ်ကျော်တုန်းက Royal တည်းခိုခန်းမှာ လူသတ်မှုဖြစ်ခဲ့ပြီး ထောင် ၃ နှစ်ကျော်ကျခဲ့တယ်။ ဘာ့ကြောင့် သူလူသတ်ခဲ့ လည်းဆိုတာတစ်နိုင်ငံလုံးလည်းသိပါတယ်။ သူထောင်ကျတဲ့အချိန်ကစပြီး သူနဲ့ပတ်သက်ပြီး တတ်နိုင်သလောက် ကူညီမှုတွေလုပ်ပေးခဲ့တယ်။

သူ ထောင်ကျနေတဲ့ကာလမှာ သူနဲ့ပတ်သက်ပြီးရန်ပုံငွေလေးတွေ သူ့အတွက်လှူပေးတာလေးရှိတယ်။

အခုသူပြန်လွတ်လာပြီဆိုတော့ နောက်ဆုံး ငွေလက်ကျန်စစ်လိုက်ချိန်မှာ ၆သိန်းကျော်ကျန်တယ် အဲ့တော့ သူအစ်ကိုဆီကိုလာပြီးဂါရဝ ပြုချိန်မှာရန်ပုံငွေထဲကကျွန်တော်တို့KBZ မှာသိမ်း ပေးထားတဲ့ ကျန်ငွေ ၆ သိန်းခွဲကိုကျွန်တော်လိုက်ထုတ်ပေးပြီး သူနဲ့သူ့အဖေလက်ထဲထည့် ဘဝအသစ်စပြီးမတည်လို့ရအောင်အစအဆုံးကူညီခဲ့ပါတယ်” လို့ပြောပါတယ်။

မလင်းလင်းခိုင်က လွန်ခဲ့တဲ့ ၃ နှစ်ကျော်က Royal တည်းခိုခန်းမှာလူသတ်မှုကျူးလွန်ခဲ့တာဖြစ်ပြီး ထောင် ၃ နှစ်ကျော်အချုပ်နှောင်ကျခဲ့တာဖြစ်ပါတယ်။

Zaw Gyi








LEAVE A REPLY

Please enter your comment!
Please enter your name here