ဖခင်မရှိတော့ပေမယ့်လည်း ဘဝကိုအရှုံးမပေးပဲ ကြိုးစားရုန်းကန်းနေတဲ့ ဦးမင်းစိန်ရဲ့ သားသမီး ၄ ယောက်ကို လေးစားမိတဲ့အကြောင်းပြောလာတဲ့ မိုးZ

0
242

ဖခင်မရှိတော့ပေမယ့်လည်း ဘဝကိုအရှုံးမပေးပဲ ကြိုးစားရုန်းကန်းနေတဲ့ ဦးမင်းစိန်ရဲ့သားသမီး ၄ ယောက်ကိုလေးစားမိတဲ့အကြောင်းပြောလာတဲ့ မိုးZ


လူကြမ်းသရုပ်ဆောင်ဦးမင်းစိန်ဆုံးသွားတာ ၃ နှစ်ပြည့်သွားပေမယ့်လည်း ဦးမင်းစိန်ရဲ့သား သမီး ၄ ယောက်က အခုလက်ရှိမှာ ကိုယ်ပိုင်စားသောက်ဆိုင်လေးဖွင့်ကာ ဘဝကိုအရှုံးမပေးပဲ စားဝတ်နေရေးအတွက်ကြိုးစားရုန်းကန်နေရတာကိုမြင်ရတော့လေးစားမိတယ်လို့ မိုးZ က ပြောပါတယ်။

ထိုအကြောင်းအရာနဲ့ပတ်သက်ပြီး မိုးZ က” ကျွန်တော့်ရဲ့မြင်ဆရာကိုမင်းစိန်ရဲ့မိသားစုတို့ဖွင့်ထားတဲ့ဆိုင်လေးသို့သွားရောက်ပြီးအားပေးခဲ့ပါတယ်။

ဖခင်ကိုမင်းစိန် မရှိတော့ပေမဲ့ ဘဝကိုအရှုံးမပေးပဲမိသားစု စားဝတ်နေရေး အတွက်ရိုးသားကြိုးစား ရုန်းကန် နေတဲ့သားသုံးယောက်နဲ့သမီးတစ်ယောက် ကိုလေးစားပါတယ်။အရမ်းရိုးရှင်းပြီးချစ်စရာကောင်းတဲ့မိသားစုလေးပါ။

မနက်စာ.နေ့လည်စာ.ညနေစာ အကုန်ရတယ်ဗျ
မုန့်ဟင်းခါး.ထောပတ်ထမင်းကြော်နှင့်ဟင်းမျိုးစုံကြာဇံဟင်းခါး.အသုပ်မျိုးစုံ.ထိုင်းအကင်မျိုးစုံ တို့ကိုစျေးနှုန်းသက်သာပြီး.အရသာကလည်း တကယ်ကောင်းတဲ့ ဆိုင်လေးမို့ လမ်းကြုံခဲ့ရင်အားပေးခဲ့ကြပါနော် ” လို့် ကိုမိုးZ က သူလက်ရှိအသုံးပြုနေတဲ့ လူမှုကွန်ယက်စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။

ဦးမင်းစိန်ကတော့လူကြမ်းကာရိုက်တာ နဲ့လူသိ များခဲ့တာဖြစ်ပြီးကျရာဇာတ်ရုပ်ကိုပေါ်လွင်စွာသရုပ်ဆောင်နိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here