ရခိုင်ပြည်နယ်တွင် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများ ပြန်လည်ဖွင့် လှစ်၄၃% ခန့်ကျောင်းလာအပ်နှံ

0
69

ရခိုင်ပြည်နယ်တွင် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများ ပြန်လည်ဖွင့်လှစ်၄၃% ခန့်ကျောင်းလာအပ်နှံ

မြန်မာနိုင်ငံတစ်ဝှမ်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ကောလိပ် နှင့် သိပ္ပံကျောင်းများအား ၆ – ၁ – ၂၀၂၂ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ ရခိုင်ပြည်နယ်အတွင်းရှိ တက္ကသိုလ်များဖြစ်သော စစ်တွေတက္ကသိုလ်၊ စစ်တွေကွန်ပျူတာတက္ကသိုလ်၊ စစ်တွေနည်းပညာတက္ကသိုလ်၊ တောင်ကုတ်တက္ကသိုလ်၊ ကျောက်ဖြူအစိုးရစက်မှုလက်မှုသိပ္ပံ၊ သံတွဲအစိုးရစက်မှုလက်မှုသိပ္ပံ၊ စစ်တွေနည်းပညာ အထက်တန်းကျောင်း၊ ကျောက်ဖြူပညာရေးကောလိပ်တို့တွင်လည်း ကျောင်းအပ်နှံထားသည့်အရည်အတွက် အတိုင်း ၁၀၀% အပြည့်တက်ရောက်ခဲ့ကြသည်ဟု ရခိုင်နေ့စဉ်၏ဖော်ပြချက်အရသိရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်တစ်ဦးက”ကျောင်းသားကျောင်းသူတွေ အေးအေးချမ်းချမ်းနဲ့ စာသင်နေကြပါတယ်”ဟုပြောသည်။

ရခိုင်ပြည်နယ်အတွင်း တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်း များတွင် ကျောင်းအပ်နှံရမည့်ဦးရေ ခန့်မှန်းအင်အား ၂၂၂၀ ဦးခန့် ရှိရာ အကြောင်းအမျိုးမျိုးကြောင့် ၆ – ၁ – ၂၀၂၂ ရက်နေ့ထိ ကျောင်းသားဦးရေ ၉၅၃ ဦးကျောင်းအပ်ထားကြောင်း ရာခိုင်နှုန်းအားဖြင့် ၄၃% ခန့်အပ်နှံပြီးစီးထားပြီးဖြစ်ကြောင်းသိရှိရသည်။

အလားတူ အခြားတိုင်းနဲ့ပြည်နယ်အသီးသီးတို့တွင်လည်း ပြန်လည်ဖွင့်လှစ်၍သင်ကြားနေကြရာ မွန်ပြည်နယ်မော်လမြိုင် စတုတ္ထနှစ်ဥပဒေပညာ(ဒုတိယနှစ်ဝက်)သင်တန်းတွင် ၁၅၂ဦး၊မဟာအရည်အချင်းစစ် သင်တန်းတွင်၆၃ဦး၊တတိယနှစ်ဂုဏ်ထူးတန်းသင်တန်းတွင် ၄၁ဦး၊မဟာတန်းပထမနှစ်ဝိဇ္ဇာသိပ္ပံသင်တန်းတွင်၇၉ဦး၊မဟာတန်းဒုတိယနှစ်ဝိဇ္ဇာသိပ္ပံသင်တန်းတွင်၃၃ဦးတို့တက်ရောက်နေကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here