နမ့်စန်မြို့မဈေးရှိ ရွှေဆိုင်မှန်များအားရိုက်ခွဲ၍ သေနတ်ဖြင့်ပစ်ခတ်

0
237

နမ့်စန်မြို့မဈေးရှိ ရွှေဆိုင်မှန်များအားရိုက်ခွဲ၍ သေနတ်ဖြင့်ပစ်ခတ်

ရှမ်းပြည်(တောင်ပိုင်း)၊နမ့်စန်မြို့ရှိ မြို့မစျေးအတွင်းဖွင့်လှစ်ထားသည့် ရွှေဆိုင်တစ်ဆိုင်၏ မှတ်များအားရိုက်ခွဲ၍ သေနတ်ဖြင့်ပစ်ခတ်မှု ဇန်နဝါရီ ၇ ရက်(ယနေ့)နေ့လည် ၃ နာရီကျော်ခန့်ကဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

နမ့်စန်မြို့မစျေးအတွင်းရှိ ခမ်းလီရွှေဆိုင်၏ ရွှေထည်ပစ္စည်းများထည့်ထားသည့် မှန်များအား လူငယ်တစ်စုမှ ရိုက်ခွဲ၍သေနတ်များဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“ဘာ့ကြောင့် ဖြစ်တယ်ဆိုတာတော့မသိဘူး ရွှေထည်တွေယူသွားတာမရှိဘူး မှန်တွေကိုရိုက်ခွဲပြီး ထွက်ပြေးသွားကြတယ်”‌ဟုဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဥ်ကြောင့် နှစ်ဦးထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် လူနာတင်ယာဥ်ဖြင့် နမ့်စန်မြို့ ပြည်သူ့ဆေးရုံသို့တင်ပို့ခဲ့ရသည်။

“ဖြစ်ပြီးသိပ်မကြာဘူး စစ်သားတွေကော ရဲတွေကောရောက်လာပြီး စစ်ဆေးနေကြတယ် ရွှေဆိုင်ကမှန်တွေကတော့အတော်များများပျက်စီးသွားတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

အခင်းဖြစ် မြို့မစျေးအားလုံခြုံရေးအဖွဲ့ဝင်များက ယာယီပိတ်၍ စစ်ဆေးမှုများပြုလုပ်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here