မန္တလေးမြို့အခြေစိုက်တက္ကသိုလ်များတွင် ကျောင်းအပ်နှံသူနှင့်တက်ရောက်သူနည်းပါးနေ

0
145

မန္တလေးမြို့အခြေစိုက်တက္ကသိုလ်များတွင် ကျောင်းအပ်နှံသူနှင့်တက်ရောက်သူနည်းပါးနေ

ဇန်နဝါရီ ၆ရက်နေ့ကစပြီး တက္ကသိုလ်၊ဒီဂရီကောလိပ်နှင့် ကောလိပ်များအား ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ရာ မန္တလေးမြို့အခြေစိုက်တက္ကသိုလ်များတွင် ကျောင်းအပ်နှံသူနှင့်တက်ရောက်သူနည်းပါးနေသေးကြောင်း တက္ကသိုလ်အသိုင်းအဝိုင်းမှသိရသည်။

ရတနာပုံတက္ကသိုလ်တွင် ဥပဒေစတုထ္တနှစ်(ဒုတိယနှစ်ဝက်)သင်တန်း၊တတိယနှစ်ဂုဏ်ထူးတန်း၊မဟာအရည်အချင်းစစ်သင်တန်း၊မဟာဘွဲ့ပထမနှစ်သင်တန်း၊မဟာဘွဲ့ဒုတိယနှစ်သင်တန်း စသည့်သင်တန်း(၅)ခုအား ပြန်လည်ဖွင့်လှစ်လိုက်ရာတွင် ဇန်နဝါရီ(၆)ရက်စာရင်းများအရ ဥပဒေစတုထ္တနှစ်(ဒုတိယနှစ်ဝက်)သင်တန်းတွင် ယခင်ကျောင်းဖွင့်စဉ်ကာလက ကျောင်းအပ်သူ(၂၉၆)ဦးရှိသော်လည်း ကျောင်းသားကျောင်းသူအားလုံး ကျောင်းတက်သူမရှိသလို၊တတိယနှစ်ဂုဏ်ထူးတန်းတွင်ကျောင်းသားကျောင်းသူစုစုပေါင်း(၄၁)ဦးရှိပြီးကျောင်းအပ်သည့် ကျောင်းသူ(၃)ဦးရှိကာ ကျောင်းသားကျောင်းသူစုစုပေါင်း(၃၈)ဦး ကျောင်းအပ်ခြင်းမရှိသေးသိရသည်။

ယင်းအပြင် မဟာအရည်အချင်းစစ်သင်တန်းတွင် ကျောင်းသားကျောင်းသူစုစုပေါင်း(၂၃၆)ဦးရှိရာတွင် ကျောင်းအပ်သည့် ကျောင်းသား(၁)ဦးနှင့်ကျောင်းသူ (၄)ဦး ပေါင်း(၅)ဦးရှိပြီး ကျောင်းသားကျောင်းသူ (၂၃၁)ဦး ကျောင်းအပ်ခြင်းမရှိသေးသည့်အပြင် ကျောင်းသား၊ကျောင်းသူ ၁၀၁ဦးရှိသည့် မဟာဘွဲ့ပထမနှစ်သင်တန်းတွင် ကျောင်းအပ်သည့် ကျောင်းသူ(၃)ဦးစသည်ဖြင့်သာရှိသေးကြောင်း ပညာရေးအသိုင်းအဝိုင်းမှ သိရသည်။

မန္တလာတက္ကသိုလ်တွင်လည်း အလားတူပင် ဇန်နဝါရီ(၆)ရက် စာရင်းများအရ တတိယနှစ်ဂုဏ်ထူးတန်းကျောင်းသားကျောင်းသူ စုစုပေါင်း၂၃ ဦးရှိပြီး ကျောင်းသားကျောင်းသူအား ကျောင်းလာရောက်အပ် နှံခြင်းမရှိသေးသည့်အပြင် အခြားသော အတန်းတို့တွင်လည်း ကျောင်းအပ်သူ အလွန်နည်းပါးနေသည် ဟုသိရသည်။

“အခြေအနေကိုကြည့်နေတာပေါ့နော်။ကျောင်းအပ်ရမလား၊မအပ်ရဘူးလားဆိုတာ”ဟု ကျောင်းသားမိဘတစ်ဦးကမှတ်ချက်ပြုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here