ထားဝယ်တက္ကသိုလ် ဥပဒေပထမနှစ်ကျောင်းသား ထောင်၂နှစ်ချမှတ်ခံရ

0
106

ထားဝယ်တက္ကသိုလ် ဥပဒေပထမနှစ်ကျောင်းသား ထောင်၂နှစ်ချမှတ်ခံရ

ထားဝယ်တက္ကသိုလ် ဥပဒေပညာဌာန ၊ ပထမနှစ်တွင် ပညာသင်ယူနေသော ကိုထက်ရှိုင်းမောင် ကိုတရား ရုံးက ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် ၂နှစ် ကျခံစေရန် ယခုရက်ထဲ ချမှတ်ခဲ့ကြောင်း ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂသတင်းနှင့်ပြန်ကြားရေးက ပြောဆိုထားသည်။

ကိုထက်ရှိုင်းမောင်ကို ပြီးခဲ့သည့် ဇွန်လ၊ ၂၅ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးပြီး ၆လကျော်အကြာတွင် အမိန့်ချလိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၃၀ရက်ကလည်း ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ တွဲဘက်သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုစိုးပြည့်အောင် နှင့်အတူ ထားဝယ်တက္ကသိုလ်ကျောငိးသူဟာင်း မစိုးမီမီကျော် ၊မသျှားပြည့်ခင် တို့ကိုတရားရုံးက ပုဒ်မ ၅၀၅(ဂ) ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၂နှစ်စီ အသီးသီးချမှတ်ခဲ့သေးကြောင်းလည်း သိရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here