၂၀၂၂ခုနှစ်အတွက် ဗဟိုဘဏ်ကပထမဆုံးအကြိမ် အမေရိကန်ဒေါ်လာ၁၅သန်း ထုတ်ရောင်း

0
257

၂၀၂၂ခုနှစ်အတွက် ဗဟိုဘဏ်ကပထမဆုံးအကြိမ် အမေရိကန်ဒေါ်လာ၁၅သန်း ထုတ်ရောင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယနေ့ ဇန်နဝါရီ ၇ရက်နေ့တွင် နိုင်ငံခြားငွေဈေးပြိုင်လေလံဖြင့် အမေရိကန်ဒေါ်လာ ၁၅သန်းအား ရောင်းချခဲ့သည်။

လေလံအတွက် ပျှမ်းမျှငွေလဲလှယ်နှုန်းမှာ အမေရိကန်၁ဒေါ်လာလျှင် ၁၇၇၈ကျပ်ဖြစ်ပြီး ၂၀၂၂ခုနှစ်အတွက် ပထမဦးဆုံးရောင်းချမှုဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၃၀ရက်နေ့က အမေရိကန်ဒေါ်လာ ၁၅သန်းကို ၂၀၂၁ခုနှစ်အတွင်း နောက်ဆုံးရောင်းချခဲ့သေးသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၂၁ခုနှစ် ၁၁လ အတွင်း အမေရိကန်ဒေါ်လာထုတ်ရောင်းမှုအခြေအနေမှာ အမေရိကန်ဒေါ်လာသန်း၄၁၅ သန်းနီးပါးရှိခဲ့သည်။

ဗဟိုဘဏ်က၂၀၂၁ခုနှစ် ဖေဖော်ဝါရီလတွင် အမေရိကန်ဒေါ်လာ ၇သန်း၊ဧပြီလတွင် အမေရိကန်ဒေါ်လာ၁၂ သန်း၊မေလတွင် အမေရိကန်ဒေါ်လာ၂၄ သန်း၊ဇွန်လတွင် အမေရိကန်ဒေါ်လာ၁၂ သန်း၊ဇူလိုင်လတွင် အမေရိကန်ဒေါ်လာ၃၉ သန်း၊သြဂုတ်လတွင် အမေရိကန်ဒေါ်လာ၂၈ သန်း၊စက်တင်ဘာလတွင် အမေရိကန်ဒေါ်လာ၆၃ သန်း၊အောက်တိုဘာလတွင် အမေရိကန်ဒေါ်လာ၁၁၀ သန်း၊နိုဝင်ဘာလတွင် အမေရိကန်ဒေါ်လာ၃၁ သန်း ၊ ဒီဇင် ဘာလတွင်အမေရိကန် ဒေါ်လာ ၈၈သန်း ထုတ်ရောင်းခဲ့ပြီးဖြစ်၍ ၁၁လအတွင်း အမေရိကန်ဒေါ်လာထုတ်ရောင်းမှုမှာ၄၁၄ သန်းရှိခဲ့သည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here