“၂၀၂၂ ခုနှစ်ကိုငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ထားပြီး အာဆီယံအထူးကိုယ်စားလှယ်မှ မြန်မာ နိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက်မည့်အပေါ် ကြိုဆို”ဟု နစက ဥက္ကဋ္ဌပြောကြား

0
75

“၂၀၂၂ ခုနှစ်ကိုငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ထားပြီး အာဆီယံအထူးကိုယ်စားလှယ်မှ မြန်မာ နိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက်မည့်အပေါ် ကြိုဆို”ဟု နစက ဥက္ကဋ္ဌပြောကြား

မြန်မာနိုင်ငံသို ဇန်နဝါရီ ၇ ရက်နှင့် ၈ ရက်တိုတွင် အလုပ်သဘောခရီးစဥ်အဖြစ်ရောက်ရှိနေသည့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ဟွန်ဆင်နှင့် နစက ဥက္ကဋ္ဌတို ဇန်နဝါရီ ၇ ရက်မွန်းလွဲပိုင်းက နေပြည် တော်ရှိ နစက ဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

“၂၀၂၂ ခုနှစ် နှစ်ဦးကာလမှာ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ရဲ့ ချစ်ကြည်ရေးခရီးလာရောက်မှုဟာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကိုခိုင်မာစေပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား မူဝါဒရေးရာပူးပေါင်းဆောင်ရွက်မှုများအတွက် နားလည်မှုသဘောတူညီချက်လက်မှတ်ရေးထိုးမှုကို ဆောင်ရွက်ခဲ့ပြီးဖြစ်၍ အခွင့်အခါသင့်ပါကနှစ်နိုင်ငံ ဝန်ကြီးဌာနများအကြားဆွေးနွေးမှုများ ပြုလုပ်စေလိုသည်ဟုလည်းပြောသည်။

အလားတူ နှစ်နိုင်ငံကုန်သွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများတွင် အခွန်နှစ်ထပ်ကောက်ခံမှုလျှော့ချနိုင်ရေး သဘောတူလက်မှတ်ရေးထိုးနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကာ နှစ်နိုင်ငံခရီး သွားကဏ္ဍ တိုးမြှင့်ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ထိုကြောင့် ကိုဗစ်(၁၉)ရောဂါကူးစက်မှုအား အထိုက်အလျောက် ထိန်းချုပ်နိုင်သည့် အချိန်တွင် ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကမ္ဘောဒီး ယားနိုင်ငံနှင့် လေကြောင်းသွားလာမှု အမြန်ဆုံးဖွင့်လှစ်နိုင်ရေး ရည်ရွယ်ထားသည်ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထိုပြင် ၂၀၁၇-၂၀၂၁ ခုနှစ် ပညာရေးဆိုင်ရာပူး ပေါင်းဆောင်ရွက်မှုသဘောတူလက်မှတ်ရေးထိုးထားမှုအား သက်တမ်းတိုးမြှင့်သွားမည်ဖြစ် သည်။

“နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်တွေကို ပူး ပေါင်းဆောင်ရွက်နိုင်ဖိုအတွက် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် မဲခေါင်မြစ် ဝှမ်းဒေသနိုင်ငံတွေအနေနဲ့ စည်းလုံးမှုရှိဖိုလိုပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် နိုင်ငံတကာမျက်နှာ စာနှင့်အာဆီယံမျက်နှာစာတိုတွင် မြန်မာနိုင်ငံဘက်မှအပြုသဘောဆောင်ရပ်တည်ထောက်ခံပေးမှုများအတွက်ကျေးဇူးတင်သည်ဟုပြော သည်။ထိုကြောင့် ဒေသတွင်းဖွံဖြိုးတိုးတက်ရေးနှင့်နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကာ နစက ဥက္ကဋ္ဌအဖြစ်တာဝန်ယူစဥ်အတွင်း အကျဉ်းသား ၄၈၀၀၀ ကျော်ကိုပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့ပြီးဖြစ်ကာ သင့်လျော်သည့်အချိန်တွင်လည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဟုပြောသည်။

“မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ရဲ့ စိတ်ဓာတ်ပြင်းပြမှုနဲ့ကြိုးပမ်း ဆောင်ရွက်လိုမှုတွေအပေါ် အထူးပင်ကျေးဇူး တင်ရှိပါတယ် အခုဆွေးနွေးပွဲမှာ နှစ်နိုင်ငံနဲ့ဒေသတွင်းကိစ္စရပ်တွေ ပူးပေါင်းဆောင်ရွက်ရေးအ တွက် ဆွေးနွေးနိုင်ခဲ့တဲ့အတွက် ကျေနပ်မိပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

Zaw Gyi

“၂၀၂၂ ခုႏွစ္ကိုၿငိမ္းခ်မ္းေရးႏွစ္အျဖစ္သတ္မွတ္ထားၿပီး အာဆီယံအထူးကိုယ္စားလွယ္မွ ျမန္မာ ႏိုင္ငံ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားတြင္ ပူးေပါင္း ေဆာင္႐ြက္မည့္အေပၚ ႀကိဳဆို”ဟု နစက ဥကၠ႒ေျပာၾကား

ျမန္မာႏိုင္ငံသို ဇန္နဝါရီ ၇ ရက္ႏွင့္ ၈ ရက္တိုတြင္ အလုပ္သေဘာခရီးစဥ္အျဖစ္ေရာက္ရွိေနသည့္ ကေမာၻဒီးယားႏိုင္ငံဝန္ႀကီးခ်ဳပ္ဟြန္ဆင္ႏွင့္ နစက ဥကၠ႒တို ဇန္နဝါရီ ၇ ရက္မြန္းလြဲပိုင္းက ေနျပည္ ေတာ္ရွိ နစက ဥကၠ႒႐ုံးအစည္းအေဝးခန္းမ၌ ေတြ႕ဆုံစဥ္ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“၂၀၂၂ ခုႏွစ္ ႏွစ္ဦးကာလမွာ ကေမာၻဒီးယားႏိုင္ငံဝန္ႀကီးခ်ဳပ္ရဲ႕ ခ်စ္ၾကည္ေရးခရီးလာေရာက္မႈဟာ ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ရင္းႏွီးမႈကိုခိုင္မာေစပါတယ္”ဟု နစက ဥကၠ႒ကေျပာသည္။

ႏွစ္ႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးဌာနမ်ားအၾကား မူဝါဒေရးရာပူးေပါင္းေဆာင္႐ြက္မႈမ်ားအတြက္ နားလည္မႈသေဘာတူညီခ်က္လက္မွတ္ေရးထိုးမႈကို ေဆာင္႐ြက္ခဲ့ၿပီးျဖစ္၍ အခြင့္အခါသင့္ပါကႏွစ္ႏိုင္ငံ ဝန္ႀကီးဌာနမ်ားအၾကားေဆြးေႏြးမႈမ်ား ျပဳလုပ္ေစလိုသည္ဟုလည္းေျပာသည္။

အလားတူ ႏွစ္ႏိုင္ငံကုန္သြယ္ေရးက႑ ပူးေပါင္းေဆာင္႐ြက္မႈမ်ားတြင္ အခြန္ႏွစ္ထပ္ေကာက္ခံမႈေလွ်ာ့ခ်ႏိုင္ေရး သေဘာတူလက္မွတ္ေရးထိုးႏိုင္ေရးေဆာင္႐ြက္သြားမည္ျဖစ္ကာ ႏွစ္ႏိုင္ငံခရီး သြားက႑ တိုးျမႇင့္ေရးအတြက္လည္း ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္သည္။ထိုေၾကာင့္ ကိုဗစ္(၁၉)ေရာဂါကူးစက္မႈအား အထိုက္အေလ်ာက္ ထိန္းခ်ဳပ္ႏိုင္သည့္ အခ်ိန္တြင္ ခရီးသြားလုပ္ငန္းမ်ား ျပန္လည္ဖြင့္လွစ္သြားမည္ျဖစ္ၿပီး ကေမာၻဒီး ယားႏိုင္ငံႏွင့္ ေလေၾကာင္းသြားလာမႈ အျမန္ဆုံးဖြင့္လွစ္ႏိုင္ေရး ရည္႐ြယ္ထားသည္ဟု နစက ဥကၠ႒ကေျပာသည္။

ထိုျပင္ ၂၀၁၇-၂၀၂၁ ခုႏွစ္ ပညာေရးဆိုင္ရာပူး ေပါင္းေဆာင္႐ြက္မႈသေဘာတူလက္မွတ္ေရးထိုးထားမႈအား သက္တမ္းတိုးျမႇင့္သြားမည္ျဖစ္ သည္။

“ႏွစ္ႏိုင္ငံ ကာကြယ္ေရးဆိုင္ရာကိစၥရပ္ေတြကို ပူး ေပါင္းေဆာင္႐ြက္ႏိုင္ဖိုအတြက္ ဆက္လက္ေဆာင္႐ြက္သြားမွာျဖစ္တဲ့အတြက္ မဲေခါင္ျမစ္ ဝွမ္းေဒသႏိုင္ငံေတြအေနနဲ႔ စည္းလုံးမႈရွိဖိုလိုပါတယ္”ဟု နစက ဥကၠ႒ကေျပာသည္။

ကေမာၻဒီးယားႏိုင္ငံအေနျဖင့္ ႏိုင္ငံတကာမ်က္ႏွာ စာႏွင့္အာဆီယံမ်က္ႏွာစာတိုတြင္ ျမန္မာႏိုင္ငံဘက္မွအျပဳသေဘာေဆာင္ရပ္တည္ေထာက္ခံေပးမႈမ်ားအတြက္ေက်းဇူးတင္သည္ဟုေျပာ သည္။ထိုေၾကာင့္ ေဒသတြင္းဖြံၿဖိဳးတိုးတက္ေရးႏွင့္ႏိုင္ငံအတြင္း တည္ၿငိမ္ေအးခ်မ္းေရးအတြက္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိကာ နစက ဥကၠ႒အျဖစ္တာဝန္ယူစဥ္အတြင္း အက်ဥ္းသား ၄၈၀၀၀ ေက်ာ္ကိုျပစ္ဒဏ္မွလြတ္ၿငိမ္းခ်မ္းသာ ခြင့္ေပးခဲ့ၿပီးျဖစ္ကာ သင့္ေလ်ာ္သည့္အခ်ိန္တြင္လည္း ဆက္လက္ေဆာင္႐ြက္ေပးသြားမည္ဟုေျပာသည္။

“ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရးအတြက္ ကေမာၻဒီးယားႏိုင္ငံဝန္ႀကီးခ်ဳပ္ရဲ႕ စိတ္ဓာတ္ျပင္းျပမႈနဲ႔ႀကိဳးပမ္း ေဆာင္႐ြက္လိုမႈေတြအေပၚ အထူးပင္ေက်းဇူး တင္ရွိပါတယ္ အခုေဆြးေႏြးပြဲမွာ ႏွစ္ႏိုင္ငံနဲ႔ေဒသတြင္းကိစၥရပ္ေတြ ပူးေပါင္းေဆာင္႐ြက္ေရးအ တြက္ ေဆြးေႏြးႏိုင္ခဲ့တဲ့အတြက္ ေက်နပ္မိပါတယ္”ဟု နစက ဥကၠ႒ကေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here