ဖာပွန်ခရိုင်၏ UEC ရုံးမိုင်းဖောက်ခွဲခံရ ပျက်စီးမှုများပြား

0
188

ဖာပွန်ခရိုင်၏ UEC ရုံးမိုင်းဖောက်ခွဲခံရ ပျက်စီးမှုများပြား

ဖာပွန်ခရိုင်၏ UEC ရုံးမိုင်းဖောက်ခွဲခံရ ပျက်စီးမှုများပြား

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်၏ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ(UEC)ရုံးသည် ဇန်နဝါရီ ၇ ရက်ည ၈ နာရီကျော်ခန့်က မိုင်းဖြင့်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် ရုံးအဆောက်အဦးပျက်စီးဆုံးရှုံးမှုများပြားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

UEC ရုံးအဆောက်အဦးအား မိုင်းထောင်​ဖောက်ခွဲသည့် အဖွဲ့အစည်းကို မသိရှိရ​သေးပဲ ပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

“ပေါက်ကွဲသံအကျယ်ကြီးကြားပေမယ့် အပြင်မထွက်ရဲဘူး မနက်ကမှစုံစမ်းကြည့်တော့ ရွေး ကောက်ပွဲရုံးမှာမိုင်းပေါက်တာလို့သိရတာ လက် ရှိကတော့ စစ်သားတွေ ရဲတွေစစ်နေကြတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

မိုင်းဖောက်ခွဲခံသည့် ရုံးအဆောက်အဦးတစ်ခုလုံးမှာ ပြိုကျပျက်ဆီးသွားခဲ့သည်။
Photo _ CJ

Zaw Gyi

ဖာပြန္ခ႐ိုင္၏ UEC ႐ုံးမိုင္းေဖာက္ခြဲခံရ ပ်က္စီးမႈမ်ားျပား

ကရင္ျပည္နယ္၊ဖာပြန္ခ႐ိုင္၏ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ(UEC)႐ုံးသည္ ဇန္နဝါရီ ၇ ရက္ည ၈ နာရီေက်ာ္ခန္႔က မိုင္းျဖင့္ေဖာက္ခြဲဖ်က္ဆီးခံခဲ့ရသျဖင့္ ႐ုံးအေဆာက္အဦးပ်က္စီးဆုံးရႈံးမႈမ်ားျပားခဲ့သည္ဟု ေဒသခံမ်ားထံမွ သိရသည္။

UEC ႐ုံးအေဆာက္အဦးအား မိုင္းေထာင္​ေဖာက္ခြဲသည့္ အဖြဲ႕အစည္းကို မသိရွိရ​ေသးပဲ ေပါက္ကြဲမႈေၾကာင့္ လူထိခိုက္ဒဏ္ရာရရွိမႈမရွိခဲ့ေၾကာင္း သိရသည္။

“ေပါက္ကြဲသံအက်ယ္ႀကီးၾကားေပမယ့္ အျပင္မထြက္ရဲဘူး မနက္ကမွစုံစမ္းၾကည့္ေတာ့ ေ႐ြး ေကာက္ပြဲ႐ုံးမွာမိုင္းေပါက္တာလို႔သိရတာ လက္ ရွိကေတာ့ စစ္သားေတြ ရဲေတြစစ္ေနၾကတယ္”ဟုေဒသခံတစ္ဦးကေျပာသည္။

မိုင္းေဖာက္ခြဲခံသည့္ ႐ုံးအေဆာက္အဦးတစ္ခုလုံးမွာ ၿပိဳက်ပ်က္ဆီးသြားခဲ့သည္။
Photo _ CJ


LEAVE A REPLY

Please enter your comment!
Please enter your name here