“ဝ”ပြည်နယ် သို့ ပြန်လည်ဝင်ရောက်လိုသည့် “ဝ” ပြည်သူများ ပြည်နယ်ပြင်ပဆက်ဆံရေးရုံး၌စာရင်းပေးသွင်းနိုင်

0
251

“ဝ”ပြည်နယ် သို့ ပြန်လည်ဝင်ရောက်လိုသည့် “ဝ” ပြည်သူများ ပြည်နယ်ပြင်ပဆက်ဆံရေးရုံး၌စာရင်းပေးသွင်းနိုင်

“ဝ”ပြည်သူများအနေဖြင့် ကိုဗစ်(၁၉) ရောဂါအခြေအနေကြောင့် အစိုးရ၏ ထိန်းချုပ်နယ်မြေအတွင်းရောက်ရှိနေပြီး ပြည်နယ်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် “ဝ”ပြည်နယ်ပြင်ပဆက်ဆံရေးရုံး၌ စာရင်းပေးနိုင်သည်ဟု ပန်ဆန်းဌာနချုပ်မှ ထုတ်ပြန်အသိပေးခဲ့သည်။

ထိုသို စာရင်းပေးသွင်းပါက “ဝ”ပြည် နယ်မှတ်ပုံတင်(သို)အိမ်ထောင်စုပါရှိရမည်ဖြစ်သည်။ထိုပြင် Color passport ပုံသေး ၃ ပုံ၊ သုံးရက်အတွင်း ကိုဗစ်(၁၉) ရောဂါကင်းစင်ကြောင်းဆရာဝန်လက် မှတ်တိုလည်း ပါရှိရမည်ဖြစ်သည်။

အလားတူ “ဝ”နယ်ခြားဂိတ်သို‌ရောက်ပါက နမူနာတိုဖတ်ယူရန် ၅ နာရီခန့် ကြာနိုင်မည်ဖြစ်ပြီး ဆေးအောင်သူများကိုသာလျှင် သီးသန့်ကားဖြင့် ကြိုတင် ဝင်ခွင့်ပေးသွားမည်ဖြစ်သည်။

အသုံးဆောင်ပစ္စည်းနှင့်ဆေးဝါးများဝယ်ယူနိုင်ရန်ပြင်ဆင်ထားရှိကာ Quarantine center နေရာခက်ခဲမှုကြောင့် “ဝ”ပြည်သူများမှလွဲ၍ ပြင်ပပြည်သူများအား ဝင်ရောက်ခွင့်ပြုမည်မ ဟုတ်ကြောင်း ထုတ်ပြန်အသိပေးထား သည်။

“ဝ”ပြည်နယ်သိုပြန်လည်ဝင်ရောက်လာမည့် “ဝ”ပြည်သူများအနေဖြင့် Quarantine center တွင် ၁၄ ရက်စာအတွက် ၂၈၀ ယွမ်ကျသင့်မည်ဖြစ်ကာ Center ၌အိပ်ယာခင်းအသစ်၊အိမ်သာရေချိုးခန်းတိုအား သီးသန့်ထားရှိသည်။

အလားတူ နမူနာတိုဖတ်စမ်းသပ်ခမှာ ၇ ကြိမ်စာအတွက် ၂၁၀ ယွမ်၊ ၁၄ ရက်စာစားစရိတ်အတွက် ၁၁၂၀ ယွမ်၊နယ်စပ် “ဝ”ဂိတ်မှ Quarantine Center အထိ ကြိုပိုခ တစ်ဦးလျှင် ၁၀ ယွမ်နှင့် Mask များအတွက် ၁၀ ယွမ်(စုစုပေါင်း ၁၆၃၀ ယွမ်)အား တစ်ပေါင်းတည်းပေးသွင်းရမည်ဖြစ်သည်။

၁၄ ရက်ပြည့်မြောက်ပြီးပါက သတ်မှတ်ထားသည့်ဟိုတယ်နှင့်အခြားနေရာတစ် ခုခု၌ တစ်ပတ်ကြာ တည်းခိုနိုင်ပြီး အဆို ပါ ကုန်ကျစရိတ်များအား သီးခြားသတ် မှတ်ပေးသွားမည်ဖြစ်သည်ဟု ထုတ်ပြန်အသိပေးထားသည်။

Zaw Gyi

“ဝ”ျပည္နယ္ သို႔ ျပန္လည္ဝင္ေရာက္လိုသည့္ “ဝ” ျပည္သူမ်ား ျပည္နယ္ျပင္ပဆက္ဆံေရး႐ုံး၌စာရင္းေပးသြင္းႏိုင္

“ဝ”ျပည္သူမ်ားအေနျဖင့္ ကိုဗစ္(၁၉) ေရာဂါအေျခအေနေၾကာင့္ အစိုးရ၏ ထိန္းခ်ဳပ္နယ္ေျမအတြင္းေရာက္ရွိေနၿပီး ျပည္နယ္အတြင္း ျပန္လည္ဝင္ေရာက္လိုသူမ်ားအေနျဖင့္ “ဝ”ျပည္နယ္ျပင္ပဆက္ဆံေရး႐ုံး၌ စာရင္းေပးႏိုင္သည္ဟု ပန္ဆန္းဌာနခ်ဳပ္မွ ထုတ္ျပန္အသိေပးခဲ့သည္။

ထိုသို စာရင္းေပးသြင္းပါက “ဝ”ျပည္ နယ္မွတ္ပုံတင္(သို)အိမ္ေထာင္စုပါရွိရမည္ျဖစ္သည္။ထိုျပင္ Color passport ပုံေသး ၃ ပုံ၊ သုံးရက္အတြင္း ကိုဗစ္(၁၉) ေရာဂါကင္းစင္ေၾကာင္းဆရာဝန္လက္ မွတ္တိုလည္း ပါရွိရမည္ျဖစ္သည္။

အလားတူ “ဝ”နယ္ျခားဂိတ္သို‌ေရာက္ပါက နမူနာတိုဖတ္ယူရန္ ၅ နာရီခန္႔ ၾကာႏိုင္မည္ျဖစ္ၿပီး ေဆးေအာင္သူမ်ားကိုသာလွ်င္ သီးသန္႔ကားျဖင့္ ႀကိဳတင္ ဝင္ခြင့္ေပးသြားမည္ျဖစ္သည္။

အသုံးေဆာင္ပစၥည္းႏွင့္ေဆးဝါးမ်ားဝယ္ယူႏိုင္ရန္ျပင္ဆင္ထားရွိကာ Quarantine center ေနရာခက္ခဲမႈေၾကာင့္ “ဝ”ျပည္သူမ်ားမွလြဲ၍ ျပင္ပျပည္သူမ်ားအား ဝင္ေရာက္ခြင့္ျပဳမည္မ ဟုတ္ေၾကာင္း ထုတ္ျပန္အသိေပးထား သည္။

“ဝ”ျပည္နယ္သိုျပန္လည္ဝင္ေရာက္လာမည့္ “ဝ”ျပည္သူမ်ားအေနျဖင့္ Quarantine center တြင္ ၁၄ ရက္စာအတြက္ ၂၈၀ ယြမ္က်သင့္မည္ျဖစ္ကာ Center ၌အိပ္ယာခင္းအသစ္၊အိမ္သာေရခ်ိဳးခန္းတိုအား သီးသန္႔ထားရွိသည္။

အလားတူ နမူနာတိုဖတ္စမ္းသပ္ခမွာ ၇ ႀကိမ္စာအတြက္ ၂၁၀ ယြမ္၊ ၁၄ ရက္စာစားစရိတ္အတြက္ ၁၁၂၀ ယြမ္၊နယ္စပ္ “ဝ”ဂိတ္မွ Quarantine Center အထိ ႀကိဳပိုခ တစ္ဦးလွ်င္ ၁၀ ယြမ္ႏွင့္ Mask မ်ားအတြက္ ၁၀ ယြမ္(စုစုေပါင္း ၁၆၃၀ ယြမ္)အား တစ္ေပါင္းတည္းေပးသြင္းရမည္ျဖစ္သည္။

၁၄ ရက္ျပည့္ေျမာက္ၿပီးပါက သတ္မွတ္ထားသည့္ဟိုတယ္ႏွင့္အျခားေနရာတစ္ ခုခု၌ တစ္ပတ္ၾကာ တည္းခိုႏိုင္ၿပီး အဆို ပါ ကုန္က်စရိတ္မ်ားအား သီးျခားသတ္ မွတ္ေပးသြားမည္ျဖစ္သည္ဟု ထုတ္ျပန္အသိေပးထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here