ဒဂုံ(အရှေ့)ပိုင်းရှိ အမှိုက်ကန်မှဗုံးပေါက်ကွဲပြီးအမျိုးသားတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦးဗုံးစထိမှန်လက်ပြတ်ခဲ့

0
153

ဒဂုံ(အရှေ့)ပိုင်းရှိ အမှိုက်ကန်မှဗုံးပေါက်ကွဲပြီးအမျိုးသားတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦးဗုံးစထိမှန်လက်ပြတ်ခဲ့

ရန်ကုန်တိုင်း၊ဒဂုံ(အရှေ့)ပိုင်း၊ ၁၀၈ ရပ် ကွက်၊ကျန်စစ်သားလမ်းပေါ်ရှိ အမှိုက်ကန်၌ ယနေ့နံနက် ၈ နာ ရီကျော်ခန့်က ပေါက်ကွဲကာ အမျိုးသားတစ်​ယောက်သေဆုံးထိခိုက်ဒဏ်ရာရခဲ့သည်ဟု ရပ်ကွက်နေသူများထံမှ သိရသည်။

အမှိုက်ကန်အတွင်းရှိ အိတ်အဝါရောင်ဖြင့်ထည့်ထားသည့် မိုင်းထုတ်အား အမှိုက်ကန်အတွင်းမှ ဘူးခွံနှင့်ပုလင်းခွံများအား ရှာဖွေရောင်းချကာအသက်မွေးဝမ်းကြောင်းပြုလုပ်နေသည့် အသက် ၃၀ နှစ်ခန့်အမျိုးသားတစ်ဦးနှင့်အသက် ၇ နှစ်ခန့် ကလေးငယ်တစ်ဦးတို့က ကောက်ယူမိရာမှ ပေါက်ကွဲခဲ့ခြင်းဖြစ် သည်ဟု သိရသည်။

“ပေါက်ကွဲသံအကျယ်ကြီးကြားရပြီး က လေးငိုသံကြားရတော့ထွက်ကြည့်တော့ ကလေးနဲ့အတူပါ လာတဲ့လူကတော့ သွေးသံရဲရဲနဲ့သေနေပြီ ကလေးကလက်တစ်ဖက်ပြတ်သွားသလို မိုင်းစတွေလည်းထိထားတယ် သူတို့နှစ်ယောက်ကသားအဖလို့သိထားတယ်”ဟုရပ်ကွက်နေသူတစ်ဦးကပြောသည်။

ဖြစ်စဥ်မှ သေဆုံးသွားသူသည် ကိုချစ်နိုင်ဦး ဖြစ်ကာ ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်မှာ မောင်သန်းထွေး ဖြစ်ပြီး ကလေးငယ်အားလူမှုကူညီရေးအသင်းယာဥ်ဖြင့် တပ်မတော်ဆေးရုံသို့ဆေးကုသရန်တင်ပို့ပေးခဲ့ကြသည်။

အဆိုပါ အမှိုက်ကန်သည် ၃၆ ခရီးသည်တင်ကား ဂိတ်ဟောင်းအနီး၌ ရှိသည်။

Zaw Gyi

ဒဂုံ(အေရွ႕)ပိုင္းရွိ အမႈိက္ကန္မွဗုံးေပါက္ကြဲၿပီးအမ်ိဳးသားတစ္ဦးေသဆုံးၿပီး ကေလးငယ္တစ္ဦးဗုံးစထိမွန္လက္ျပတ္ခဲ့

ရန္ကုန္တိုင္း၊ဒဂုံ(အေရွ႕)ပိုင္း၊ ၁၀၈ ရပ္ ကြက္၊က်န္စစ္သားလမ္းေပၚရွိ အမႈိက္ကန္၌ ယေန႔နံနက္ ၈ နာ ရီေက်ာ္ခန္႔က ေပါက္ကြဲကာ အမ်ိဳးသားတစ္​ေယာက္ေသဆုံးထိခိုက္ဒဏ္ရာရခဲ့သည္ဟု ရပ္ကြက္ေနသူမ်ားထံမွ သိရသည္။

အမႈိက္ကန္အတြင္းရွိ အိတ္အဝါေရာင္ျဖင့္ထည့္ထားသည့္ မိုင္းထုတ္အား အမႈိက္ကန္အတြင္းမွ ဘူးခြံႏွင့္ပုလင္းခြံမ်ားအား ရွာေဖြေရာင္းခ်ကာအသက္ေမြးဝမ္းေၾကာင္းျပဳလုပ္ေနသည့္ အသက္ ၃၀ ႏွစ္ခန္႔အမ်ိဳးသားတစ္ဦးႏွင့္အသက္ ၇ ႏွစ္ခန္႔ ကေလးငယ္တစ္ဦးတို႔က ေကာက္ယူမိရာမွ ေပါက္ကြဲခဲ့ျခင္းျဖစ္ သည္ဟု သိရသည္။

“ေပါက္ကြဲသံအက်ယ္ႀကီးၾကားရၿပီး က ေလးငိုသံၾကားရေတာ့ထြက္ၾကည့္ေတာ့ ကေလးနဲ႔အတူပါ လာတဲ့လူကေတာ့ ေသြးသံရဲရဲနဲ႔ေသေနၿပီ ကေလးကလက္တစ္ဖက္ျပတ္သြားသလို မိုင္းစေတြလည္းထိထားတယ္ သူတို႔ႏွစ္ေယာက္ကသားအဖလို႔သိထားတယ္”ဟုရပ္ကြက္ေနသူတစ္ဦးကေျပာသည္။

ျဖစ္စဥ္မွ ေသဆုံးသြားသူသည္ ကိုခ်စ္ႏိုင္ဦး ျဖစ္ကာ ဒဏ္ရာရရွိခဲ့သည့္ ကေလးငယ္မွာ ေမာင္သန္းေထြး ျဖစ္ၿပီး ကေလးငယ္အားလူမႈကူညီေရးအသင္းယာဥ္ျဖင့္ တပ္မေတာ္ေဆး႐ုံသို႔ေဆးကုသရန္တင္ပို႔ေပးခဲ့ၾကသည္။

အဆိုပါ အမႈိက္ကန္သည္ ၃၆ ခရီးသည္တင္ကား ဂိတ္ေဟာင္းအနီး၌ ရွိသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here