မြန်မာခရီးစဉ် တိုးတက်မှု အဆင့်တဆင့်ရခဲ့တယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးပြောဆို

0
81

မြန်မာခရီးစဉ် တိုးတက်မှု အဆင့်တဆင့်ရခဲ့တယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးပြောဆို

မြန်မာနိုင်ငံကို ၂ရက်ကြာ အလုပ်သဘောလာရောက်ခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ခရီးစဉ်နဲ့ ပတ်သတ်ပြီး ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်လေဆိပ်မှာ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Sokhonn က မြန်မာခရီးစဉ် တိုးတက်မှုအဆင့်တဆင့်ရခဲ့တယ်လို့ ပြောဆိုသွားတဲ့အကြောင်း VOAသတင်းဌာနကဖော်ပြပါတယ်။

ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က“မြန်မာခေါင်းဆောင်နဲ့ ဒီစေ့စပ်ညှိနှိုင်းမှုအတွင်း ကျနော်တို့ရခဲ့တာက အာဆီယံခေါင်းဆောင်တွေ သဘောတူထားတဲ့ ငါးချက်ပါ ဘုံသဘောထားကို အကောင်အထည်ဖော်ရေး တိုးတက်တဲ့ အဆင့်တဆင့်နဲ့အတူ သိပ်ကောင်းတဲ့ အပြုသဘောဆောင် ရလဒ်တခု ဖြစ်ပါတယ်” လို့ ဝန်ကြီး Sokhonn က ပြောတဲ့အကြောင်း VOAသတင်းဌာနကဖော်ပြပါတယ်။

မြန်မာနိုင်ငံကနေ ဒီကနေ့ ပြန်သွားတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ကမ္ဘောဒီးယားလေဆိပ်ကို ရောက်လျှင်ရောက်ပြီး မကြာခင်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

ဝန်ကြီး Sokhonn ပြောဆိုသွားတဲ့အထဲ စေ့စပ်ညှိနှိုင်းမှုတွေရဲ့ တိုးတက်မှုနဲ့ ဒီလို သဘောတူညီချက်မျိုးတွေကို ကန့်ကွက်သူ ဘယ်သူမဆိုဟာ စစ်ပွဲကို လိုလားသူတွေ၊ မြန်မာနိုင်ငံ ပြန်ပြီး တည်ငြိမ်အေးချမ်းလာတာကို မတွေ့မြင်ချင်သူတွေသာ ဖြစ်တယ်လို့ တုံ့ပြန်သွားတာရှိပါတယ်။

နောက်ပြီး ဝန်ကြီးချုပ် ဟွန်ဆန်ဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဆွေးနွေးပွဲအတွင်း ဖမ်းဆီး တရားစွဲဆိုထားတဲ့ သြစတြေးလျ စီးပွားရေးပညာရှင် Sean Turnell နဲ့ ပတ်သက်ပြီးတော့လည်း ပြောဆိုခဲ့တယ်လို့ ဝန်ကြီး Sokhonn က ပြောပါတယ်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne ရဲ့ ပန်ကြားချက်အရ Sean Turnell နဲ့ပတ်သက်လို့ ပြောဆိုခဲ့တာမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က Sean Turnell အပေါ် စွဲဆိုထားတဲ့အမှု တရားရုံးရဲ့ စစ်ဆေးစီရင်မှု အဆုံးသတ်တဲ့အခါ သူ့အနေနဲ့ စဉ်းစားမယ်လို့ တုံ့ပြန်ခဲ့ကြောင်းနဲ့ ဝန်ကြီးချုပ်ဟွန်ဆန်ဆီကို သတင်းကောင်းနဲ့ ပြန်ဆက်သွယ်ပါ့မယ်လို့ ကတိပေးခဲ့တဲ့အကြောင်း ဝန်ကြီး Sokhonn က ပြောခဲ့တယ်လို့ VOAသတင်းဌာနကဖော်ပြပါတယ်။

Zaw Gyi

ျမန္မာခရီးစဥ္ တိုးတက္မႈ အဆင့္တဆင့္ရခဲ့တယ္လို႔ ကေမာၻဒီးယား ႏိုင္ငံျခားေရးဝန္ႀကီးေျပာဆို

ျမန္မာႏိုင္ငံကို ၂ရက္ၾကာ အလုပ္သေဘာလာေရာက္ခဲ့တဲ့ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ရဲ႕ ခရီးစဥ္နဲ႔ ပတ္သတ္ၿပီး ကေမာၻဒီးယားႏိုင္ငံ၊ ဖႏြမ္းပင္ေလဆိပ္မွာ ဒီကေန႔ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း ကေမာၻဒီးယားႏိုင္ငံ ႏိုင္ငံျခားေရး ဝန္ႀကီး Sokhonn က ျမန္မာခရီးစဥ္ တိုးတက္မႈအဆင့္တဆင့္ရခဲ့တယ္လို႔ ေျပာဆိုသြားတဲ့အေၾကာင္း VOAသတင္းဌာနကေဖာ္ျပပါတယ္။

ကေမာၻဒီးယား ႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn က“ျမန္မာေခါင္းေဆာင္နဲ႔ ဒီေစ့စပ္ညႇိႏႈိင္းမႈအတြင္း က်ေနာ္တို႔ရခဲ့တာက အာဆီယံေခါင္းေဆာင္ေတြ သေဘာတူထားတဲ့ ငါးခ်က္ပါ ဘုံသေဘာထားကို အေကာင္အထည္ေဖာ္ေရး တိုးတက္တဲ့ အဆင့္တဆင့္နဲ႔အတူ သိပ္ေကာင္းတဲ့ အျပဳသေဘာေဆာင္ ရလဒ္တခု ျဖစ္ပါတယ္” လို႔ ဝန္ႀကီး Sokhonn က ေျပာတဲ့အေၾကာင္း VOAသတင္းဌာနကေဖာ္ျပပါတယ္။

ျမန္မာႏိုင္ငံကေန ဒီကေန႔ ျပန္သြားတဲ့ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ကေမာၻဒီးယားေလဆိပ္ကို ေရာက္လွ်င္ေရာက္ၿပီး မၾကာခင္မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။

ဝန္ႀကီး Sokhonn ေျပာဆိုသြားတဲ့အထဲ ေစ့စပ္ညႇိႏႈိင္းမႈေတြရဲ႕ တိုးတက္မႈနဲ႔ ဒီလို သေဘာတူညီခ်က္မ်ိဳးေတြကို ကန႔္ကြက္သူ ဘယ္သူမဆိုဟာ စစ္ပြဲကို လိုလားသူေတြ၊ ျမန္မာႏိုင္ငံ ျပန္ၿပီး တည္ၿငိမ္ေအးခ်မ္းလာတာကို မေတြ႕ျမင္ခ်င္သူေတြသာ ျဖစ္တယ္လို႔ တုံ႔ျပန္သြားတာရွိပါတယ္။

ေနာက္ၿပီး ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ဟာ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ ေဆြးေႏြးပြဲအတြင္း ဖမ္းဆီး တရားစြဲဆိုထားတဲ့ ၾသစေၾတးလ် စီးပြားေရးပညာရွင္ Sean Turnell နဲ႔ ပတ္သက္ၿပီးေတာ့လည္း ေျပာဆိုခဲ့တယ္လို႔ ဝန္ႀကီး Sokhonn က ေျပာပါတယ္။

ၾသစေၾတးလ် ႏိုင္ငံျခားေရးဝန္ႀကီး Marise Payne ရဲ႕ ပန္ၾကားခ်က္အရ Sean Turnell နဲ႔ပတ္သက္လို႔ ေျပာဆိုခဲ့တာမွာ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က Sean Turnell အေပၚ စြဲဆိုထားတဲ့အမႈ တရား႐ုံးရဲ႕ စစ္ေဆးစီရင္မႈ အဆုံးသတ္တဲ့အခါ သူ႔အေနနဲ႔ စဥ္းစားမယ္လို႔ တုံ႔ျပန္ခဲ့ေၾကာင္းနဲ႔ ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ဆီကို သတင္းေကာင္းနဲ႔ ျပန္ဆက္သြယ္ပါ့မယ္လို႔ ကတိေပးခဲ့တဲ့အေၾကာင္း ဝန္ႀကီး Sokhonn က ေျပာခဲ့တယ္လို႔ VOAသတင္းဌာနကေဖာ္ျပပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here