ယွမ်ငွေစာရင်းဖွင့်လှစ်၍ ငွေပေးချေမှုဆောင် ရွက်နိုင်ရန် မန္တလေးမြို့၌ လုပ်ငန်းရှင်များအားရှင်းလင်း

0
171

ယွမ်ငွေစာရင်းဖွင့်လှစ်၍ ငွေပေးချေမှုဆောင် ရွက်နိုင်ရန် မန္တလေးမြို့၌ လုပ်ငန်းရှင်များအားရှင်းလင်း

မန္တလေးမြို့အခြေစိုက် လုပ်ငန်းရှင်များအား ယွမ်ငွေစာရင်းဖွင့်၍ ငွေပေးချေမှုဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးအား ဇန်နဝါရီ ၈ ရက် ​နေ့ကပြုလုပ်ခဲ့ပြီး တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့သည်။

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်မှု တိုးမြင့်နိုင်ရန်၊ ကုန်စည်စီးဆင်းမှုမြန်ဆန်ချောမွေ့နိုင်စေရန်နှင့် နှစ်နိုင်ငံငွေပေးချေမှုနှင့်စာရင်းရှင်းလင်းမှုစနစ် လွယ်ကူလျှင်မြန်ချော‌‌မွေ့စေရန် ရည်ရွယ်ချက်များဖြင့်တွေ့ဆုံရှင်းလင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒု-ဥက္ကဌဒေါ်သန်းသန်းဆွေ၊စီးပွားကူးသန်းဝန်ကြီးဌာန ဒု-ဝန်ကြီးဦးညွန့်အောင်နှင့်ကုန်သွယ်မှုနဲ့ကုန်စည်စီးဆင်းမှုတွေ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီတွဲဖက်အ တွင်းရေးမှုးဗိုလ်မှုးချုပ်ရန်နောင်စိုးတို့ကအမှာစကားများပြောကြားခဲ့ကြသည်။

ထို့နောက် မြန်မာ့စီးပွားရေးဘဏ်‌ဦးဆောင်ညွှန်ကြားရေးမှုးဦးဝင်းနိုင်ဦးက ယွမ်ငွေနှင့်ကျပ်ငွေတိုက်ရိုက်လဲလှယ်အသုံးပြုနိုင်မည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် မန္တလေးတိုင်းဒေသကြီးကုန်သည်နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) ဥက္ကဌ၊ Bank of China(BOC)ဘဏ်တာဝန်ရှိသူတစ်ဦးမှလုပ်ငန်းကိစ္စရပ်များအား ရှင်းလင်းတင်ပြကာ Industrial and commerical bank of China(ICBC)မှ ဘဏ်တာဝန်ရှိသူကလုပ်ငန်းကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

အခမ်းအနားသို့တက်ရောက်လာသည့် လုပ်ငန်းရှင်များက တရုတ်(ယွမ်)ငွေစာရင်း အကောင့်ဖွင့်လှစ်ခြင်းနှင့်ပတ်သတ်၍ သိရှိလိုသည်များကိုမေးမြန်း ခဲ့ကြသည်။

Zaw Gyi

ယြမ္ေငြစာရင္းဖြင့္လွစ္၍ ေငြေပးေခ်မႈေဆာင္ ႐ြက္ႏိုင္ရန္ မႏၲေလးၿမိဳ႕၌ လုပ္ငန္းရွင္မ်ားအားရွင္းလင္း

မႏၲေလးၿမိဳ႕အေျခစိုက္ လုပ္ငန္းရွင္မ်ားအား ယြမ္ေငြစာရင္းဖြင့္၍ ေငြေပးေခ်မႈေဆာင္႐ြက္ႏိုင္ရန္ ညႇိႏႈိင္းအစည္းအေဝးအား ဇန္နဝါရီ ၈ ရက္ ​ေန႔ကျပဳလုပ္ခဲ့ၿပီး တာဝန္ရွိသူမ်ားက ရွင္းလင္းေျပာၾကားခဲ့သည္။

ျမန္မာ-တ႐ုတ္ႏွစ္ႏိုင္ငံကုန္သြယ္မႈ တိုးျမင့္ႏိုင္ရန္၊ ကုန္စည္စီးဆင္းမႈျမန္ဆန္ေခ်ာေမြ႕ႏိုင္ေစရန္ႏွင့္ ႏွစ္ႏိုင္ငံေငြေပးေခ်မႈႏွင့္စာရင္းရွင္းလင္းမႈစနစ္ လြယ္ကူလွ်င္ျမန္ေခ်ာ‌‌ေမြ႕ေစရန္ ရည္႐ြယ္ခ်က္မ်ားျဖင့္ေတြ႕ဆုံရွင္းလင္းေဆြးေႏြးခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ ဒု-ဥကၠဌေဒၚသန္းသန္းေဆြ၊စီးပြားကူးသန္းဝန္ႀကီးဌာန ဒု-ဝန္ႀကီးဦးၫြန႔္ေအာင္ႏွင့္ကုန္သြယ္မႈနဲ႔ကုန္စည္စီးဆင္းမႈေတြ မွန္ကန္ျမန္ဆန္ေစေရးဗဟိုေကာ္မတီတြဲဖက္အ တြင္းေရးမႈးဗိုလ္မႈးခ်ဳပ္ရန္ေနာင္စိုးတို႔ကအမွာစကားမ်ားေျပာၾကားခဲ့ၾကသည္။

ထို႔ေနာက္ ျမန္မာ့စီးပြားေရးဘဏ္‌ဦးေဆာင္ၫႊန္ၾကားေရးမႈးဦးဝင္းႏိုင္ဦးက ယြမ္ေငြႏွင့္က်ပ္ေငြတိုက္႐ိုက္လဲလွယ္အသုံးျပဳႏိုင္မည့္ အေျခအေနမ်ားအား ရွင္းလင္းေဆြးေႏြးခဲ့ၿပီးေနာက္ မႏၲေလးတိုင္းေဒသႀကီးကုန္သည္ႏွင့္စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္း (MRCCI) ဥကၠဌ၊ Bank of China(BOC)ဘဏ္တာဝန္ရွိသူတစ္ဦးမွလုပ္ငန္းကိစၥရပ္မ်ားအား ရွင္းလင္းတင္ျပကာ Industrial and commerical bank of China(ICBC)မွ ဘဏ္တာဝန္ရွိသူကလုပ္ငန္းကိစၥရပ္မ်ားအား ရွင္းလင္းေဆြးေႏြးခဲ့ၾကသည္။

အခမ္းအနားသို႔တက္ေရာက္လာသည့္ လုပ္ငန္းရွင္မ်ားက တ႐ုတ္(ယြမ္)ေငြစာရင္း အေကာင့္ဖြင့္လွစ္ျခင္းႏွင့္ပတ္သတ္၍ သိရွိလိုသည္မ်ားကိုေမးျမန္း ခဲ့ၾကသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here