မြန်မာတစ်နိုင်ငံလုံးတွင်၂၀၂၁ ခုနှစ်အတွင်း မီးလောင်မှုများအနက် မသမာသူရှို့မီး အများဆုံး ဖြစ်

0
188

မြန်မာတစ်နိုင်ငံလုံးတွင်၂၀၂၁ ခုနှစ်အတွင်း မီးလောင်မှုများအနက် မသမာသူရှို့မီး အများဆုံး ဖြစ်

မြန်မာတစ်နိုင်ငံလုံးတွင်၂၀၂၁ ခုနှစ်အတွင်း မီးလောင်မှုများအနက် မသမာသူရှို့မီး အများဆုံး ဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခု နှစ် ဖေဖော်ဝါရီလ အတွင်း မသမာသူ ရှို့မီး အကြိမ်ရေ ၂၃၀ ကြိမ်၊မတ်လတွင် ၃၉၀ ကျော် ၊ ဧပြီလတွင် ၂၄၀ ကျော် ၊ မေလ တွင် ၂၃၀ ခန့် စသည်ဖြင့် အသီးသီး လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံးတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ တစ်ရက်မှ ဒီဇင်ဘာလ ၂၃ ရက်ထိ မီးလောင်မှု အကြိမ်ရေ ၂၀၆၀ ကျော် ဖြစ်ပွားခဲ့​ကြောင်း သိရသည်။

မီးလောင်မှုကြောင့် လူဦးရေ ၆၆၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး ​နေအိမ်နှင့် အဆောက်အအုံ ၄၇၀၀ ကျော် ပျက်စီး၍ လူဦးရေ ၁၀၀ ကျော် သေဆုံးခဲ့ကြောင်းလည်း သိရသည်။

၂၀၂၀ ပြည့်နှစ်က တစ်နိုင်ငံလုံးတွင် မီးလောင်မှု စုစုပေါင်း ၂၁၃၉ ကြိမ် ဖြစ်ပွားခဲ့ပြီး နေအိမ် နှင့် အဆောက်အအုံ အလုံးရေ ၃၁၆၃ လုံး ၊ လူဦးရေ ၇၅ ဦး သေဆုံးပြီး လူဦးရေ ၅၄၄၃ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း သိရသည်။
Photo – MFSD

Zaw Gyi







Photo – MFSD


LEAVE A REPLY

Please enter your comment!
Please enter your name here