ဖရဲသီးဈေးနှုန်းတွေ ကျဆင်းလာတဲ့ တရုတ်နယ်စပ် ဖရဲဈေးကွက်

0
225

ဖရဲသီးဈေးနှုန်းတွေ ကျဆင်းလာတဲ့ တရုတ်နယ်စပ် ဖရဲဈေးကွက်

ရန်ကုန် ဇန်နဝါရီ ၉

မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ကနေ တရုတ်ပြည်ထဲကို တင်ပို့နေတဲ့ ဖရဲသီးဈေးနှုန်းတွေ ကျဆင်းလာနေတယ်လို့ နယ်စပ်ကုန်သည်တွေဆီကနေသိရပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းကလည်း တရုတ်နိုင်ငံထဲကို ဖရဲကားတွေဝင်ရောက်လို့မရတာကြောင့် ပြည်ထောင်စုလမ်းမကြီးတလျှောက် စွန့်ပစ်ခဲ့ရတဲ့အခြေအနေမျိုးတွေဖြစ်ခဲ့ပါသေးတယ်။

ဖရဲသီးကားတွေအနေနဲ့ နယ်စပ်ကို နေ့စဉ်အစီးရေ ရာချီဝင်ရောက်နေပေမယ့် တရုတ်နိုင်ငံထဲကိုတော့ ကားအစီးရေ ဆယ်ဂဏ္ဍန်းလောက်ဘဲ ဝင်ရောက်ရောင်းချနိုင်တာမျိုးဖြစ်နေတာပါ။

ဖရဲသီးကားတွေအနေနဲ့နယ်စပ်မှာ အချိန်ကြာမြင့်စွာ ရပ်ထားရတဲ့အတွက် အရည်အသွေးကျဆင်းလာပြီး ကားခတောင် မရတော့တဲ့အခြေအနေမျိုးနဲ့လည်း ကြုံတွေနေရတယ်လို့ ကုန်သည်တွေကဆိုပါတယ်။

ဖရဲသီးဈေးနှုန်းတွေ‌ပြိုဆင်းလာပေမယ့် သခွားမွှေးသီးကတော့ ပုံမှန်အတိုင်း တင်ပို့ ရောင်းချနေကြတယ်လို့သိရပါတယ်။

Zaw Gyi


ရန်ကုန် ဇန်နဝါရီ ၉







LEAVE A REPLY

Please enter your comment!
Please enter your name here