ဒေါ်အောင်ဆန်းစုကြည်အား အမှုသုံးမှုအတွက် မနက်ဖြန်အပြီးသတ်အမိန့်ချမှတ်မည်

0
270

ဒေါ်အောင်ဆန်းစုကြည်အား အမှုသုံးမှုအတွက် မနက်ဖြန်အပြီးသတ်အမိန့်ချမှတ်မည်

ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားသည့်အမှုများအနက်မှ သဘာဝဘေးအန္တရာယ်ပုဒ်မ၊ဆက်သွယ်ရေးဥပဒေပုဒ်မနှင့်ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မများအတွက် ဇန်နဝါရီ ၁၀ ရက်(မနက် ဖြန်)တွင် အပြီးသတ်အမိန့်များချမှတ်သွားရန်ရှိသည်ဟု ရှေ့နေအသိုင်းအဝိုင်းမှ သိရသည်။

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေပုဒ်မ-၂၅ အမှုအား ဒေါ်အောင်ဆန်းစုကြည်ဖက်မှ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်က ၂၀၂၁ ခုနှစ်၊ဒီဇင်ဘာ ၂၇ ရက် ပြီးခဲ့သည့်ရုံးချိန်းတွင် အွန်လိုင်းမှတဆင့်သက်သေထွက်ဆိုခဲ့ပြီးနောက် ဇန်နဝါရီ ၃ ရက်ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက အပြီး သတ်လျှောက်လဲချက်များပေးခဲ့ကြသည်။

ထို့အတူ ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၇ နှင့် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ-၈ အမှုတို့အား နှစ်ဖက်ရှေ့ နေများလျှောက်လဲချက်ပေးပြီးနောက် ပြီးခဲ့သည့်ရုံးချိန်းများ၌ အပြီးသတ်အမိန့်ချမည်ဟု ပြောဆိုခဲ့ပြီး အမိန့်ချမှတ်ခဲ့ခြင်းမရှိဘဲ ယခုလာမည့်ရုံး ချိန်း၌သာ အမိန့်ချမှတ်ရန်ချိန်းဆိုခဲ့သည်ဟု ရှေ့ နေအသိုင်းအဝိုင်းမှ သိရသည်။

“ကြားထားရသလောက်ကတော့ မနက်ဖြန်အမိန့်ချမယ် ချဖြစ်မချဖြစ်ကတော့ မသိဘူးပေါ့ ထပ်ရွှေ့အုံးမလားမသိပါဘူး”ဟုရှေ့နေတစ်ဦးကပြော သည်။

အပြီးသတ်အမိန့်ချမှတ်မည့် သဘာဝဘေးအန္တ ရာယ်ပုဒ်မမှာ အရပ်သားတစ်ဦးက ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားခြင်းဖြစ်ပြီး ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မနှင့်ဆက်သွယ်ရေးဥပဒေပုဒ်မတို့မှာ ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှ လမ်း လျှောက်စကားပြောစက်နှင့် Jumper စက်သိမ်း ဆီးရမိသည်ဟုဆိုကာ တရားစွဲဆိုထားသည့် အမှုများဖြစ်သည်။

Zaw Gyi

ေဒၚေအာင္ဆန္းစုၾကည္အား အမႈသုံးမႈအတြက္ မနက္ျဖန္အၿပီးသတ္အမိန္႔ခ်မွတ္မည္

ေဒၚေအာင္ဆန္းစုၾကည္အား တရားစြဲဆိုထားသည့္အမႈမ်ားအနက္မွ သဘာဝေဘးအႏၲရာယ္ပုဒ္မ၊ဆက္သြယ္ေရးဥပေဒပုဒ္မႏွင့္ပို႔ကုန္သြင္းကုန္ဥပေဒပုဒ္မမ်ားအတြက္ ဇန္နဝါရီ ၁၀ ရက္(မနက္ ျဖန္)တြင္ အၿပီးသတ္အမိန္႔မ်ားခ်မွတ္သြားရန္ရွိသည္ဟု ေရွ႕ေနအသိုင္းအဝိုင္းမွ သိရသည္။

သဘာဝေဘးအႏၲရာယ္စီမံခန္႔ခြဲမႈဆိုင္ရာဥပေဒပုဒ္မ-၂၅ အမႈအား ေဒၚေအာင္ဆန္းစုၾကည္ဖက္မွ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ေဟာင္းေဒါက္တာေဇာ္ျမင့္ေမာင္က ၂၀၂၁ ခုႏွစ္၊ဒီဇင္ဘာ ၂၇ ရက္ ၿပီးခဲ့သည့္႐ုံးခ်ိန္းတြင္ အြန္လိုင္းမွတဆင့္သက္ေသထြက္ဆိုခဲ့ၿပီးေနာက္ ဇန္နဝါရီ ၃ ရက္႐ုံးခ်ိန္းတြင္ ေဒၚေအာင္ဆန္းစုၾကည္၏ ေရွ႕ေနမ်ားက အၿပီး သတ္ေလွ်ာက္လဲခ်က္မ်ားေပးခဲ့ၾကသည္။

ထို႔အတူ ဆက္သြယ္ေရးဥပေဒပုဒ္မ-၆၇ ႏွင့္ ပို႔ကုန္သြင္းကုန္ဥပေဒပုဒ္မ-၈ အမႈတို႔အား ႏွစ္ဖက္ေရွ႕ ေနမ်ားေလွ်ာက္လဲခ်က္ေပးၿပီးေနာက္ ၿပီးခဲ့သည့္႐ုံးခ်ိန္းမ်ား၌ အၿပီးသတ္အမိန္႔ခ်မည္ဟု ေျပာဆိုခဲ့ၿပီး အမိန္႔ခ်မွတ္ခဲ့ျခင္းမရွိဘဲ ယခုလာမည့္႐ုံး ခ်ိန္း၌သာ အမိန္႔ခ်မွတ္ရန္ခ်ိန္းဆိုခဲ့သည္ဟု ေရွ႕ ေနအသိုင္းအဝိုင္းမွ သိရသည္။

“ၾကားထားရသေလာက္ကေတာ့ မနက္ျဖန္အမိန္႔ခ်မယ္ ခ်ျဖစ္မခ်ျဖစ္ကေတာ့ မသိဘူးေပါ့ ထပ္ေ႐ႊ႕အုံးမလားမသိပါဘူး”ဟုေရွ႕ေနတစ္ဦးကေျပာ သည္။

အၿပီးသတ္အမိန္႔ခ်မွတ္မည့္ သဘာဝေဘးအႏၲ ရာယ္ပုဒ္မမွာ အရပ္သားတစ္ဦးက ေဒၚေအာင္ဆန္းစုၾကည္အား တရားစြဲဆိုထားျခင္းျဖစ္ၿပီး ပို႔ကုန္သြင္းကုန္ဥပေဒပုဒ္မႏွင့္ဆက္သြယ္ေရးဥပေဒပုဒ္မတို႔မွာ ေဒၚေအာင္ဆန္းစုၾကည္ေနအိမ္မွ လမ္း ေလွ်ာက္စကားေျပာစက္ႏွင့္ Jumper စက္သိမ္း ဆီးရမိသည္ဟုဆိုကာ တရားစြဲဆိုထားသည့္ အမႈမ်ားျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here