မြဝတီမြို့နယ်ရှိ ဂျိုင်းမြစ်ကူးတံတားချဥ်းကပ်လမ်းအဆင့်မြှင့်တင်

0
329

မြဝတီမြို့နယ်ရှိ ဂျိုင်းမြစ်ကူးတံတားချဥ်းကပ်လမ်းအဆင့်မြှင့်တင်

ကရင်ပြည်နယ်၊မြဝတီမြို့နယ်၊မြဝတီ-ဘားအံလမ်းရှိ ဂျိုင်းမြစ်ကူးတံတားလမ်းအား TSEC ကုမ္ပဏီမှအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိသည်။

ဂျိုင်းမြစ်ကူးတံတားချဥ်းကပ်လမ်းသည် ယမန် နှစ်က မိုးရွာသွန်းမှုများကာ ရေကြီးနစ်မြုတ်ခဲ့သဖြင့် ချဥ်းကပ်လမ်းမြှင့်တင်ခြင်း၊ကျောက်ခင်းခြင်းနှင့်လမ်းအဆင့်မြှင့်တင်ခြင်းများအား ဆောင်ရွက်လျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က နဂိုထဲကလမ်းကိုအဆင့်မြင့်ပြင်ဆင်ပြီးသား ဒါပေမဲ့ပြီးခဲ့တဲ့မိုးတွင်းမှာ ရေ ကြီးသွားတယ် ရေကြီးသွားတဲ့အတွက် ၃ ပေလောက် လမ်းကိုထပ်ပြီးမြှင့်နေတာပါ အဲဒီလမ်းက မြဝတီ-ဘားအံကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ ကုန်တင်ကားတွေဖြတ်သန်းနေတဲ့တံတားပါ”ဟု ကုမ္ပဏီ၏တာဝန်ရှိသူတစ်ဦးကပြောသည်။

ထိုသို့ အဆင့်မြှင့်တင်ရာတွင် လမ်းမှာနှစ်လမ်းသွားဖြစ်၍ တစ်လမ်းအဆင့်မြှင့်တင်ပြီးပါက နောက်တစ်လမ်းအားထပ်မံအဆင့်မြှင့်တင်လျက်ရှိသည်။

“ကားသမားတွေကို ကုမ္ပဏီက ကလေးတွေကလမ်းပြင်နေတဲ့အချိန်မှာ ကားသမားတွေကိုကူညီလမ်းညွှန်ပေးတယ် လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကစပြီးအဆင့်မြှင့်တင်နေတာပါ မိုးတွင်းမရောက်ခင်ပြီးအောင်လုပ်သွားမှာပါ”ဟု၎င်းကဆက်ပြောသည်။

လမ်းအဆင့်မြှင့်တင်ရာတွင် စက်ယန္တရားကြီးများဖြင့်ဆောင်ရွက်နေခြင်းဖြစ်၍ ကားမောင်းသူများအနေဖြင့် TSEC ကုမ္ပဏီဝန်ထမ်းများ၏ ကူညီလမ်းညွှန်မှုများကို လိုက်နာဆောင်ရွက်ပေးရန်လည်း တိုက်တွန်းထားသည်။

“မနှစ်မိုးတွင်းတုန်းက လမ်းရေကျော်နေတော့မနည်းသတိထားမောင်းခဲ့ရတာ အခုလမ်းအဆင့်မြှင့်လိုက်တော့ မိုးရွာတာများလည်းရေမကျော်လောက်တော့ဘူးပေါ့ လက်ရှိကတော့သူတို့လမ်း ပြင်တဲ့နေရာရောက်ရင်ဖြည်းဖြည်းပဲမောင်းတာအကောင်းဆုံးပဲ လမ်းကောင်းသွားရင်ကသမားတွေလည်းအဆင်ပြေသလို ကားလည်းမနာတော့ဘူးပေါ့”ဟု မြဝတီ-ဘားအံခရီးသည်တင်ယာဥ်မောင်းတစ်ဦးကပြောသည်။

Zaw Gyi

ျမဝတီၿမိဳ႕နယ္ရွိ ဂ်ိဳင္းျမစ္ကူးတံတားခ်ဥ္းကပ္လမ္းအဆင့္ျမႇင့္တင္

ကရင္ျပည္နယ္၊ျမဝတီၿမိဳ႕နယ္၊ျမဝတီ-ဘားအံလမ္းရွိ ဂ်ိဳင္းျမစ္ကူးတံတားလမ္းအား TSEC ကုမၸဏီမွအဆင့္ျမႇင့္တင္ျခင္းလုပ္ငန္းမ်ားအား ေဆာင္႐ြက္လ်က္ရွိသည္။

ဂ်ိဳင္းျမစ္ကူးတံတားခ်ဥ္းကပ္လမ္းသည္ ယမန္ ႏွစ္က မိုး႐ြာသြန္းမႈမ်ားကာ ေရႀကီးနစ္ျမဳတ္ခဲ့သျဖင့္ ခ်ဥ္းကပ္လမ္းျမႇင့္တင္ျခင္း၊ေက်ာက္ခင္းျခင္းႏွင့္လမ္းအဆင့္ျမႇင့္တင္ျခင္းမ်ားအား ေဆာင္႐ြက္လ်က္ရွိျခင္းျဖစ္ေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔က နဂိုထဲကလမ္းကိုအဆင့္ျမင့္ျပင္ဆင္ၿပီးသား ဒါေပမဲ့ၿပီးခဲ့တဲ့မိုးတြင္းမွာ ေရ ႀကီးသြားတယ္ ေရႀကီးသြားတဲ့အတြက္ ၃ ေပေလာက္ လမ္းကိုထပ္ၿပီးျမႇင့္ေနတာပါ အဲဒီလမ္းက ျမဝတီ-ဘားအံကုန္သြယ္ေရးလမ္းေၾကာင္းေပၚမွာ ကုန္တင္ကားေတြျဖတ္သန္းေနတဲ့တံတားပါ”ဟု ကုမၸဏီ၏တာဝန္ရွိသူတစ္ဦးကေျပာသည္။

ထိုသို႔ အဆင့္ျမႇင့္တင္ရာတြင္ လမ္းမွာႏွစ္လမ္းသြားျဖစ္၍ တစ္လမ္းအဆင့္ျမႇင့္တင္ၿပီးပါက ေနာက္တစ္လမ္းအားထပ္မံအဆင့္ျမႇင့္တင္လ်က္ရွိသည္။

“ကားသမားေတြကို ကုမၸဏီက ကေလးေတြကလမ္းျပင္ေနတဲ့အခ်ိန္မွာ ကားသမားေတြကိုကူညီလမ္းၫႊန္ေပးတယ္ လြန္ခဲ့တဲ့ ၁၀ ရက္ေလာက္ကစၿပီးအဆင့္ျမႇင့္တင္ေနတာပါ မိုးတြင္းမေရာက္ခင္ၿပီးေအာင္လုပ္သြားမွာပါ”ဟု၎ကဆက္ေျပာသည္။

လမ္းအဆင့္ျမႇင့္တင္ရာတြင္ စက္ယႏၲရားႀကီးမ်ားျဖင့္ေဆာင္႐ြက္ေနျခင္းျဖစ္၍ ကားေမာင္းသူမ်ားအေနျဖင့္ TSEC ကုမၸဏီဝန္ထမ္းမ်ား၏ ကူညီလမ္းၫႊန္မႈမ်ားကို လိုက္နာေဆာင္႐ြက္ေပးရန္လည္း တိုက္တြန္းထားသည္။

“မႏွစ္မိုးတြင္းတုန္းက လမ္းေရေက်ာ္ေနေတာ့မနည္းသတိထားေမာင္းခဲ့ရတာ အခုလမ္းအဆင့္ျမႇင့္လိုက္ေတာ့ မိုး႐ြာတာမ်ားလည္းေရမေက်ာ္ေလာက္ေတာ့ဘူးေပါ့ လက္ရွိကေတာ့သူတို႔လမ္း ျပင္တဲ့ေနရာေရာက္ရင္ျဖည္းျဖည္းပဲေမာင္းတာအေကာင္းဆုံးပဲ လမ္းေကာင္းသြားရင္ကသမားေတြလည္းအဆင္ေျပသလို ကားလည္းမနာေတာ့ဘူးေပါ့”ဟု ျမဝတီ-ဘားအံခရီးသည္တင္ယာဥ္ေမာင္းတစ္ဦးကေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here