မင်းဘူးခရိုင် ငဖဲမြို့နယ် တောင်ပေါ်ဒေသတွင် ဘိန်းစိုက်ခင်းများ စိုက်ပျိုးမှုများရှိနေ၍ ဖျက်ဆီး

0
308

မင်းဘူးခရိုင် ငဖဲမြို့နယ် တောင်ပေါ်ဒေသတွင် ဘိန်းစိုက်ခင်းများ စိုက်ပျိုးမှုများရှိနေ၍ ဖျက်ဆီး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ တောင်ပေါ်ဒေသ ကျေးရွာအုပ်စုများအတွင်းက ဘိန်းစိုက်ခင်းများအား ဇန်နဝါရီလ ၇ ရက်နေ့မှစတင်၍ ပူးပေါင်းအဖွဲ့များနှင့် ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြောင်း မကွေးတိုင်းအစိုးရအဖွဲ့ကပြောသည်။

ပူးပေါင်းစစ်ကြောင်းအဖွဲ့(၁)သည် ဇန်နဝါရီလ ၇ ရက်နေ့ မွန်းလွဲပိုင်းက နောင်ကျေးရွာ၏ အရှေ့တောင်ဘက်(၅)မိုင်ကျော်ခန့်အကွာ တောင်ကမ်းပါးယံတွင်စိုက်ပျိုးထားသော အမြင့် ၁ပေကျော်ခန့်ရှိ ဘိန်းခင်း ၂ဧက ခန့်၊ အမြင့် ၂ပေခွဲ၊၃ပေ ရှိ ဘိန်းခင်း ၂.၅ ဧကခန့် နှင့် အမြင့် ၃ပေခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း ၃ဧက စုစုပေါင်းဘိန်းခင်း ၇.၅ ဧက ကိုလည်းကောင်း၊ ဇန်နဝါရီလ ၈ ရက်နေ့ နံနက်ပိုင်းတွင် တင်ပြင်းကျေးရွာ၏ မြောက်ဘက် ၁မိုင် ၄ဖာလုံခန့်အကွာ တောင်ကမ်းပါးယံတွင် စိုက်ပျိုးထားသော အမြင့် ၁ပေခွဲခန့်ရှိ ဘိန်းခင်း ၆ ဧက ကိုလည်းကောင်း၊ ပူးပေါင်းစစ် ကြောင်းအဖွဲ့(၂)သည် ဇန်နဝါရီလ ၈ ရက်နေ့ နံနက်ပိုင်းက ရေဖြူကျေးရွာ၏ အရှေ့တောင်ဘက် ၃မိုင်ခန့်အကွာ တောင်ကမ်းပါးယံတွင် စိုက်ပျိုးထားသောအမြင့် ၂ပေခွဲခန့်ရှိ (သီးပွင့်ဆဲ) ဘိန်းခင်း ၁.၅ ဧကခန့်ကိုလည်းကောင်း စုစုပေါင်း ဘိန်းခင်း ၁၅ ဧကခန့်ကို ပူးပေါင်း၍ဝိုင်းဝန်းဖျက်ဆီးခဲ့ကြသည်ဟု တိုင်းအစိုးရအဖွဲ့က ပြောသည်။

ဘိန်းစိုက်ခင်းများအား ဆက်လက်ရှာဖွေပြီး ဖျက်ဆီးရန်လည်း ရှိနေသည်ဟု တာဝန်ရှိသူများကပြောသည်။

ယခုကဲ့သို့ ဖျက်ဆီးမှုက ၂၀၂၂-၂၀၂၃ ခုနှစ် ဘိန်းစိုက်ရာသီကာလ၌ ဘိန်းစိုက်ပျိုးမှုမရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု တိုင်းအစိုးရအဖွဲ့က ပြောဆိုထားသည်။

Zaw Gyi

မင္းဘူးခ႐ိုင္ ငဖဲၿမိဳ႕နယ္ ေတာင္ေပၚေဒသတြင္ ဘိန္းစိုက္ခင္းမ်ား စိုက္ပ်ိဳးမႈမ်ားရွိေန၍ ဖ်က္ဆီး

မေကြးတိုင္းေဒသႀကီး မင္းဘူးခ႐ိုင္ ငဖဲၿမိဳ႕နယ္အတြင္းရွိ ေတာင္ေပၚေဒသ ေက်း႐ြာအုပ္စုမ်ားအတြင္းက ဘိန္းစိုက္ခင္းမ်ားအား ဇန္နဝါရီလ ၇ ရက္ေန႔မွစတင္၍ ပူးေပါင္းအဖြဲ႕မ်ားႏွင့္ ဖ်က္ဆီးမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း မေကြးတိုင္းအစိုးရအဖြဲ႕ကေျပာသည္။

ပူးေပါင္းစစ္ေၾကာင္းအဖြဲ႕(၁)သည္ ဇန္နဝါရီလ ၇ ရက္ေန႔ မြန္းလြဲပိုင္းက ေနာင္ေက်း႐ြာ၏ အေရွ႕ေတာင္ဘက္(၅)မိုင္ေက်ာ္ခန႔္အကြာ ေတာင္ကမ္းပါးယံတြင္စိုက္ပ်ိဳးထားေသာ အျမင့္ ၁ေပေက်ာ္ခန႔္ရွိ ဘိန္းခင္း ၂ဧက ခန႔္၊ အျမင့္ ၂ေပခြဲ၊၃ေပ ရွိ ဘိန္းခင္း ၂.၅ ဧကခန႔္ ႏွင့္ အျမင့္ ၃ေပခန႔္ရွိ သီးပြင့္ဆဲဘိန္းခင္း ၃ဧက စုစုေပါင္းဘိန္းခင္း ၇.၅ ဧက ကိုလည္းေကာင္း၊ ဇန္နဝါရီလ ၈ ရက္ေန႔ နံနက္ပိုင္းတြင္ တင္ျပင္းေက်း႐ြာ၏ ေျမာက္ဘက္ ၁မိုင္ ၄ဖာလုံခန႔္အကြာ ေတာင္ကမ္းပါးယံတြင္ စိုက္ပ်ိဳးထားေသာ အျမင့္ ၁ေပခြဲခန႔္ရွိ ဘိန္းခင္း ၆ ဧက ကိုလည္းေကာင္း၊ ပူးေပါင္းစစ္ ေၾကာင္းအဖြဲ႕(၂)သည္ ဇန္နဝါရီလ ၈ ရက္ေန႔ နံနက္ပိုင္းက ေရျဖဴေက်း႐ြာ၏ အေရွ႕ေတာင္ဘက္ ၃မိုင္ခန႔္အကြာ ေတာင္ကမ္းပါးယံတြင္ စိုက္ပ်ိဳးထားေသာအျမင့္ ၂ေပခြဲခန႔္ရွိ (သီးပြင့္ဆဲ) ဘိန္းခင္း ၁.၅ ဧကခန႔္ကိုလည္းေကာင္း စုစုေပါင္း ဘိန္းခင္း ၁၅ ဧကခန႔္ကို ပူးေပါင္း၍ဝိုင္းဝန္းဖ်က္ဆီးခဲ့ၾကသည္ဟု တိုင္းအစိုးရအဖြဲ႕က ေျပာသည္။

ဘိန္းစိုက္ခင္းမ်ားအား ဆက္လက္ရွာေဖြၿပီး ဖ်က္ဆီးရန္လည္း ရွိေနသည္ဟု တာဝန္ရွိသူမ်ားကေျပာသည္။

ယခုကဲ့သို႔ ဖ်က္ဆီးမႈက ၂၀၂၂-၂၀၂၃ ခုႏွစ္ ဘိန္းစိုက္ရာသီကာလ၌ ဘိန္းစိုက္ပ်ိဳးမႈမရွိေစေရးအတြက္ ကြင္းဆင္းစစ္ေဆးဖ်က္ဆီးခဲ့ျခင္းျဖစ္သည္ဟု တိုင္းအစိုးရအဖြဲ႕က ေျပာဆိုထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here