တောင်ဥက္ကလာပရှိ ဝေဇယန္တာမီးပွိုင့်တွင် ကား ၈ စီးဆင့်တိုက်မှုဖြစ်ပွား

0
160

(Unicode)

တောင်ဥက္ကလာပရှိ ဝေဇယန္တာမီးပွိုင့်တွင် ကား ၈ စီးဆင့်တိုက်မှုဖြစ်ပွား

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်ရှိ ဝေဇယန္တာမီးပွိုင့်တွင် ဇန်နဝါရီ ၉ ရက်ညပိုင်းက ကား ၈ စီးဆင့်တိုက်မှုဖြစ်ပွား၍ ထိခိုက်ဒဏ်ရာရရှိမှုနှင့်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။

“သိရသလောက်ကတော့ ချော်တွင်းကုန်းမီးပွိုင့်မှာထဲက ကားနှစ်စီးက ငြိလာတာလို့ကြားတယ် ဝေဇယန္တာပွိုင့်လည်းရောက်​ရော ပွိုင့်မိနေတဲ့ကားတွေကိုထပ်တိုက်မိတာလို့ သိထားတယ်”ဟုကူညီကယ်ဆယ်ရေးလုပ်ပေးခဲ့သူတစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရရှိသွားသူ သုံးဦးအား လူမှုကူညီရေးအသင်းကားများဖြင့် ဆေးရုံသို့(မစိုးရိမ်ရ)လူနာများအဖြစ် တင်ပို့ခဲ့ရသည်။

“ကားတွေကတော့အတော်ပျက်စီးသွားတယ် ကားအကုန်လုံးကအိမ်စီးကားတွေ ပါရမီတံတားအဆင်းပေါ့ အဆင်းလည်းဖြစ်သလို အရှိန်လည်းပါလာတော့ပိုဆိုးသွားတာပေါ့”ဟုကူညီပေးခဲ့သူတစ်ဦးကပြောသည်။

Photo – CJ

(Zawgyi)

ေတာင္ဥကၠလာပရွိ ေဝဇယႏၲာမီးပြိဳင့္တြင္ ကား ၈ စီးဆင့္တိုက္မႈျဖစ္ပြား

ရန္ကုန္ၿမိဳ႕၊ေတာင္ဥကၠလာပၿမိဳ႕နယ္ရွိ ေဝဇယႏၲာမီးပြိဳင့္တြင္ ဇန္နဝါရီ ၉ ရက္ညပိုင္းက ကား ၈ စီးဆင့္တိုက္မႈျဖစ္ပြား၍ ထိခိုက္ဒဏ္ရာရရွိမႈႏွင့္ပ်က္စီးမႈမ်ားျဖစ္ေပၚခဲ့သည္။

“သိရသေလာက္ကေတာ့ ေခ်ာ္တြင္းကုန္းမီးပြိဳင့္မွာထဲက ကားႏွစ္စီးက ၿငိလာတာလို႔ၾကားတယ္ ေဝဇယႏၲာပြိဳင့္လည္းေရာက္​ေရာ ပြိဳင့္မိေနတဲ့ကားေတြကိုထပ္တိုက္မိတာလို႔ သိထားတယ္”ဟုကူညီကယ္ဆယ္ေရးလုပ္ေပးခဲ့သူတစ္ဦးကေျပာသည္။

ျဖစ္စဥ္တြင္ ထိခိုက္ဒဏ္ရာရရွိသြားသူ သုံးဦးအား လူမႈကူညီေရးအသင္းကားမ်ားျဖင့္ ေဆး႐ုံသို႔(မစိုးရိမ္ရ)လူနာမ်ားအျဖစ္ တင္ပို႔ခဲ့ရသည္။

“ကားေတြကေတာ့အေတာ္ပ်က္စီးသြားတယ္ ကားအကုန္လုံးကအိမ္စီးကားေတြ ပါရမီတံတားအဆင္းေပါ့ အဆင္းလည္းျဖစ္သလို အရွိန္လည္းပါလာေတာ့ပိုဆိုးသြားတာေပါ့”ဟုကူညီေပးခဲ့သူတစ္ဦးကေျပာသည္။

Photo – CJ


LEAVE A REPLY

Please enter your comment!
Please enter your name here