စက်သုံးဆီဈေးနှုန်းကြောင့် အင်ဂျင်ပါဝါအသေး ကားတွေ သာအရောင်းအဝယ်ဖြစ်နေ

0
188

(Unicode)

စက်သုံးဆီဈေးနှုန်းကြောင့် အင်ဂျင်ပါဝါအသေး ကားတွေ သာအရောင်းအဝယ်ဖြစ်နေ

ရန်ကုန် ဇန်နဝါရီ ၁၀

စက်သုံးဆီတစ်လီတာကို (၁၄၅၀)ပတ်လည်ဖြစ်နေတဲ့အခြေအနေကြောင့် ကားဈေးကွက်အတွင်းမှာ အင်ဂျင်ပါဝါအသေးကားတွေဘဲအရောင်းအဝယ်ဖြစ်နေတယ်လို့သိရပါတယ်။

အင်ဂျင်ပါဝါ (၂၀၀၀)အောက် ကားတွေကဘဲ တစ်ပတ်ရစ်ကားဈေးကွက်ခဲမှာ အရောင်းအဝယ်ဖြစ်နေပြီး အင်ဂျင်ပါဝါ ကြီးတာနဲ့အမျှ အရောင်းခက် တဲ့အခြေအနေမျိုးရှိနေတယ်လို့ အကျိုးဆောင်တွေ ဆီကသိရပါတယ်။

“Land cruiser လိုကားမျိုးက ဆယ်ယောက်တစ်ယောက် စီးကြတာမဟုတ်တော့ အရောင်းခက် ပါတယ်။ဈေးတန်းအရရော၊လက်ရှိစက်သုံးဆီဈေးအရပါရေရှည်ကိုကြည့်ပြီး အစီးနည်းတာပေါ့။ပွိုင့်သရီး ဆယ်စီးလောက်ထွက်မှသူက တစ်စီးလောက် ဖြစ်တာမျိုး” ဆိုပြီး ရန်ကုန်ကဝါရင့်ကားဝယ်ရောင်း ဦးနီကဆိုပါတယ်။

ပြည်တွင်းမှာ တစ်ပတ်ရစ်ကားဈေးကွက်ကို ဂျပန် ညာမောင်းကားတွေက ဦးဆောင်နေပေမယ့် ဇီးရိုး ကီလိုကားအသစ်တွေကိုလည်း တဆင့် ပြန်လည်ရောင်းချလာတဲ့ ဈေးကွက်က တဖြေး‌ ဖြေးတွင်ကျယ်လာနေတယ်လို့သိရပါတယ်။

တစ်ပတ်ရစ် ဈေးကွက်ထဲမှာတော့ အင်ဂျင်ပါဝါ (၁၃၀၀)နဲ့(၁၈၀၀)ကြားရှိတဲ့ သိန်းနှစ်ရာပတ်လည် ကားလေးတွေက လူကြိုက်အများဆုံးဖြစ်နေပြီး ကားအသစ်ဘယ်မောင်းအများစုကလည်း အင်ဂျင်ပါဝါ (၂၀၀၀)အောက်တွေကိုဘဲ အဓိကထားထုတ်လုပ်ရောင်းချနေကြတာဖြစ်ပါတယ်။

(Zawgyi)

စက္သုံးဆီေဈးႏႈန္းေၾကာင့္ အင္ဂ်င္ပါဝါအေသး ကားေတြ သာအေရာင္းအဝယ္ျဖစ္ေန

ရန္ကုန္ ဇန္နဝါရီ ၁၀

စက္သုံးဆီတစ္လီတာကို (၁၄၅၀)ပတ္လည္ျဖစ္ေနတဲ့အေျခအေနေၾကာင့္ ကားေဈးကြက္အတြင္းမွာ အင္ဂ်င္ပါဝါအေသးကားေတြဘဲအေရာင္းအဝယ္ျဖစ္ေနတယ္လို႔သိရပါတယ္။

အင္ဂ်င္ပါဝါ (၂၀၀၀)ေအာက္ ကားေတြကဘဲ တစ္ပတ္ရစ္ကားေဈးကြက္ခဲမွာ အေရာင္းအဝယ္ျဖစ္ေနၿပီး အင္ဂ်င္ပါဝါ ႀကီးတာနဲ႔အမွ် အေရာင္းခက္ တဲ့အေျခအေနမ်ိဳးရွိေနတယ္လို႔ အက်ိဳးေဆာင္ေတြ ဆီကသိရပါတယ္။

“Land cruiser လိုကားမ်ိဳးက ဆယ္ေယာက္တစ္ေယာက္ စီးၾကတာမဟုတ္ေတာ့ အေရာင္းခက္ ပါတယ္။ေဈးတန္းအရေရာ၊လက္ရွိစက္သုံးဆီေဈးအရပါေရရွည္ကိုၾကည့္ၿပီး အစီးနည္းတာေပါ့။ပြိဳင့္သရီး ဆယ္စီးေလာက္ထြက္မွသူက တစ္စီးေလာက္ ျဖစ္တာမ်ိဳး” ဆိုၿပီး ရန္ကုန္ကဝါရင့္ကားဝယ္ေရာင္း ဦးနီကဆိုပါတယ္။

ျပည္တြင္းမွာ တစ္ပတ္ရစ္ကားေဈးကြက္ကို ဂ်ပန္ ညာေမာင္းကားေတြက ဦးေဆာင္ေနေပမယ့္ ဇီး႐ိုး ကီလိုကားအသစ္ေတြကိုလည္း တဆင့္ ျပန္လည္ေရာင္းခ်လာတဲ့ ေဈးကြက္က တေျဖး‌ ေျဖးတြင္က်ယ္လာေနတယ္လို႔သိရပါတယ္။

တစ္ပတ္ရစ္ ေဈးကြက္ထဲမွာေတာ့ အင္ဂ်င္ပါဝါ (၁၃၀၀)နဲ႔(၁၈၀၀)ၾကားရွိတဲ့ သိန္းႏွစ္ရာပတ္လည္ ကားေလးေတြက လူႀကိဳက္အမ်ားဆုံးျဖစ္ေနၿပီး ကားအသစ္ဘယ္ေမာင္းအမ်ားစုကလည္း အင္ဂ်င္ပါဝါ (၂၀၀၀)ေအာက္ေတြကိုဘဲ အဓိကထားထုတ္လုပ္ေရာင္းခ်ေနၾကတာျဖစ္ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here