ရခိုင်ပြည်နယ်ကျောက်ဖြူနှင့်ပေါက်တောမြို့များရှိ IDPs စခန်းများမှ ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးနှံ

0
221

(Unicode)

ရခိုင်ပြည်နယ်ကျောက်ဖြူနှင့်ပေါက်တောမြို့များရှိ IDPs စခန်းများမှ ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးနှံ

ကိုဗစ်ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသည့် ရခိုင်ပြည်နယ် ပေါက်တော မြို့နယ်ရှိ IDPs စခန်းငါးခု စုရပ် များဖြစ်သည့် ကြိမ်နီပြင် IDPs စခန်း၊ ဆင်တက်မော် IDPs စခန်း၊ အနောက်ရဲ IDPs စခန်း၊ ငှက်ချောင်း-၁ (IDPs) စခန်းနှင့် ငှက်ချောင်း-၂ (IDPs) စခန်းများ၌ ခိုလှုံနေကြသည့် ပြည်သူများနှင့် ဆင်တက်မော်၊ အနောက်ရဲ၊ စစ်ကဲပြင်အထက်၊ စစ်ကဲပြင်၊ အောက်၊ ကုန်တန်းနှင့် တောင်ရွာ တို့မှ ဒေသခံပြည်သူ စုစုပေါင်း ၈၀၁၅ ဦးအနက် စုစုပေါင်း ၂၀၇၉ ဦးကို ဇန်နဝါရီ ၉ ရက်နေ့က ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခဲ့သည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံမှသိရသည်။

အဆိုပါနေ့တွင်ပင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDPs စခန်းတွင် ခိုလှုံနေကြသည့် အသက် ၁၈ နှစ်အထက်ရှိ ပြည်သူများအားလည်း ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အဆိုပါခိုလှုံရာစခန်းသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပဉ္စမအသုတ် (ပထမ အကြိမ်)ထိုးနှံပေးခဲ့သည်ဟု ကျန်းမာရေးဌာနကပြောသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက “ကိုဗစ်ကာကွယ်ဆေးလွှမ်းခြုံနိုင်ဖို့ အရေးကြီးပါတယ်။ဒါကြောင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံရေးကို အရှိန်မြင့်တင်ဆောင်ရွက်နေပါတယ်”ဟု ပြောသည်။

ကျောက်ဖြူမြို့ ကျောက်တစ်လုံး IDPs Campတွင် ခိုလှုံနေပြည်သူ ၁၀၀၈ ဦးရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသည့် စုစုပေါင်းပြည်သူ ၆၆၇ ဦးရှိကာ ပဉ္စမအသုတ် (ပထမအကြိမ်) ကာကွယ်ဆေးလာရောက်ထိုးနှံသူ ၂၉၈ ဦးရှိကြောင်း သိရှိရသည်။

(Zawgyi)

ရခိုင္ျပည္နယ္ေက်ာက္ျဖဴႏွင့္ေပါက္ေတာၿမိဳ႕မ်ားရွိ IDPs စခန္းမ်ားမွ ျပည္သူမ်ားအား ကိုဗစ္ကာကြယ္ေဆး ဆက္လက္ထိုးႏွံ

ကိုဗစ္ကာကြယ္ေဆးထိုးရန္ က်န္ရွိေနေသးသည့္ ရခိုင္ျပည္နယ္ ေပါက္ေတာ ၿမိဳ႕နယ္ရွိ IDPs စခန္းငါးခု စုရပ္ မ်ားျဖစ္သည့္ ႀကိမ္နီျပင္ IDPs စခန္း၊ ဆင္တက္ေမာ္ IDPs စခန္း၊ အေနာက္ရဲ IDPs စခန္း၊ ငွက္ေခ်ာင္း-၁ (IDPs) စခန္းႏွင့္ ငွက္ေခ်ာင္း-၂ (IDPs) စခန္းမ်ား၌ ခိုလႈံေနၾကသည့္ ျပည္သူမ်ားႏွင့္ ဆင္တက္ေမာ္၊ အေနာက္ရဲ၊ စစ္ကဲျပင္အထက္၊ စစ္ကဲျပင္၊ ေအာက္၊ ကုန္တန္းႏွင့္ ေတာင္႐ြာ တို႔မွ ေဒသခံျပည္သူ စုစုေပါင္း ၈၀၁၅ ဦးအနက္ စုစုေပါင္း ၂၀၇၉ ဦးကို ဇန္နဝါရီ ၉ ရက္ေန႔က ကိုဗစ္ကာကြယ္ေဆးထိုးႏွံေပးခဲ့သည္ဟု ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ထံမွသိရသည္။

အဆိုပါေန႔တြင္ပင္ ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕ရွိ ေက်ာက္တစ္လုံး IDPs စခန္းတြင္ ခိုလႈံေနၾကသည့္ အသက္ ၁၈ ႏွစ္အထက္ရွိ ျပည္သူမ်ားအားလည္း က်န္းမာေရးဌာနမွ ဝန္ထမ္းမ်ားက အဆိုပါခိုလႈံရာစခန္းသို႔ သြားေရာက္၍ ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆး ပၪၥမအသုတ္ (ပထမ အႀကိမ္)ထိုးႏွံေပးခဲ့သည္ဟု က်န္းမာေရးဌာနကေျပာသည္။

ရခိုင္ျပည္နယ္အစိုးရအဖြဲ႕တာဝန္ရွိသူတစ္ဦးက “ကိုဗစ္ကာကြယ္ေဆးလႊမ္းၿခဳံႏိုင္ဖို႔ အေရးႀကီးပါတယ္။ဒါေၾကာင့္ ကိုဗစ္ကာကြယ္ေဆးထိုးႏွံေရးကို အရွိန္ျမင့္တင္ေဆာင္႐ြက္ေနပါတယ္”ဟု ေျပာသည္။

ေက်ာက္ျဖဴၿမိဳ႕ ေက်ာက္တစ္လုံး IDPs Campတြင္ ခိုလႈံေနျပည္သူ ၁၀၀၈ ဦးရွိၿပီး ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆးႏွစ္ႀကိမ္ ထိုးႏွံၿပီးသည့္ စုစုေပါင္းျပည္သူ ၆၆၇ ဦးရွိကာ ပၪၥမအသုတ္ (ပထမအႀကိမ္) ကာကြယ္ေဆးလာေရာက္ထိုးႏွံသူ ၂၉၈ ဦးရွိေၾကာင္း သိရွိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here