ပါကစ်စတန်အပန်းဖြေစခန်းတစ်ခုမှာ နှင်းသည်းထန်စွာကျဆင်းမှုကြောင့် ခရီးသွား ၂၂ဦး ကားထဲပိတ်မိသေဆုံး

0
286

(Unicode)

ပါကစ်စတန်အပန်းဖြေစခန်းတစ်ခုမှာ နှင်းသည်းထန်စွာကျဆင်းမှုကြောင့် ခရီးသွား ၂၂ဦး ကားထဲပိတ်မိသေဆုံး

ပါကစ်စတန်နိုင်ငံ Murree မြို့ရဲ့တောင်တန်းတွေထက်မှာဖွင့်လှစ်ထားတဲ့ အပန်းဖြေစခန်းကိုသွားရာလမ်းမှာ နှင်းသည်းထန်စွာကျဆင်းမှုကြောင့် လူပေါင်းများစွာဟာ ကားတွေထဲမှာ ၁ညကျော်ကြာပိတ်မိနေခဲ့ပြီး အနည်းဆုံး ၂၂ဦးကအေးခဲသေဆုံးခဲ့ရတယ်လို့ ယမန်နေ့အထိသတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။

မြို့ရဲ့အပူချိန်ဟာ အနုတ် ၈ဒီဂရီစဲစီးရပ်(၁၇.၆ ဖာရင်ဟိုက်) အထိကျဆင်းခဲ့တဲ့အတွက် အခုလိုနှင်းတွေအဆက်မပြတ်ကျဆင်းခဲ့တာဖြစ်ပြီး သေဆုံးသူအများစုဟာလည်း ကိုယ်အပူချိန်အလွန်အမင်းကျဆင်းမှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကာ ရဲအရာရှိတစ်ဦးလည်းပါဝင်တယ်လို့သိရပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် Abdur Rekman ရဲ့ပြောပြချက်အရ ကားတွင်းပိတ်မိနေတဲ့နိုင်ငံခြားခရီးသွားတွေထဲမှာ ၂၂ဦးသေဆုံးခဲ့ရပြီး အမျိုးသာ ၁၀ဦး၊ အမျိုးသမီး ၂ဦးနဲ့ ကလေး ၁၀ဦးတို့ပါဝင်တယ်လို့ဆိုပါတယ်။

ပါကစ်စတန်နိုင်ငံအတွင်းဝန် Sheikh Rashid က “လက်ရှိမှာတော့ နှင်းပုံတွေထဲမှာပိတ်မိနေတဲ့နိုင်ငံခြားသားတွေကို ထုတ်ယူကယ်ဆယ်နေပါတယ်၊ ဒါပေမဲ့လည်း နှင်းတွေထဲမှာ လူပေါင်းများစွာကျန်နေပါသေးတယ်” လို့ပြောပြထားပါတယ်။

ပြီးခဲ့တဲ့စနေေန့ကစတင်ပြီး တစ်ညကျော်ကြာ နှင်းတွေဆက်တိုက်ကျဆင်းနေခဲ့တာဖြစ်ပြီး အမြင့် ၄ပေအထိရောက်ရှိခဲ့ကာ လက်ရှိမှာတော့ အရေးပေါ်ကိစ္စ၊ ကယ်ဆေးရေးကိစ္စတွေကလွဲပြီး Murree မြို့ကို သွားလာခွင့်တွေပိတ်ပင်ထားတယ်လို့သိရပါတယ်။

Source – Khaosod English

(Zawgyi)

ပါကစ္စတန္အပန္းေျဖစခန္းတစ္ခုမွာ ႏွင္းသည္းထန္စြာက်ဆင္းမႈေၾကာင့္ ခရီးသြား ၂၂ဦး ကားထဲပိတ္မိေသဆုံး

ပါကစ္စတန္ႏိုင္ငံ Murree ၿမိဳ႕ရဲ႕ေတာင္တန္းေတြထက္မွာဖြင့္လွစ္ထားတဲ့ အပန္းေျဖစခန္းကိုသြားရာလမ္းမွာ ႏွင္းသည္းထန္စြာက်ဆင္းမႈေၾကာင့္ လူေပါင္းမ်ားစြာဟာ ကားေတြထဲမွာ ၁ညေက်ာ္ၾကာပိတ္မိေနခဲ့ၿပီး အနည္းဆုံး ၂၂ဦးကေအးခဲေသဆုံးခဲ့ရတယ္လို႔ ယမန္ေန႔အထိသတင္းထုတ္ျပန္ခ်က္ေတြအရသိရပါတယ္။

ၿမိဳ႕ရဲ႕အပူခ်ိန္ဟာ အႏုတ္ ၈ဒီဂရီစဲစီးရပ္(၁၇.၆ ဖာရင္ဟိုက္) အထိက်ဆင္းခဲ့တဲ့အတြက္ အခုလိုႏွင္းေတြအဆက္မျပတ္က်ဆင္းခဲ့တာျဖစ္ၿပီး ေသဆုံးသူအမ်ားစုဟာလည္း ကိုယ္အပူခ်ိန္အလြန္အမင္းက်ဆင္းမႈေၾကာင့္ ေသဆုံးခဲ့ရျခင္းျဖစ္ကာ ရဲအရာရွိတစ္ဦးလည္းပါဝင္တယ္လို႔သိရပါတယ္။

ကယ္ဆယ္ေရးအဖြဲ႕ေခါင္းေဆာင္ Abdur Rekman ရဲ႕ေျပာျပခ်က္အရ ကားတြင္းပိတ္မိေနတဲ့ႏိုင္ငံျခားခရီးသြားေတြထဲမွာ ၂၂ဦးေသဆုံးခဲ့ရၿပီး အမ်ိဳးသာ ၁၀ဦး၊ အမ်ိဳးသမီး ၂ဦးနဲ႔ ကေလး ၁၀ဦးတို႔ပါဝင္တယ္လို႔ဆိုပါတယ္။

ပါကစ္စတန္ႏိုင္ငံအတြင္းဝန္ Sheikh Rashid က “လက္ရွိမွာေတာ့ ႏွင္းပုံေတြထဲမွာပိတ္မိေနတဲ့ႏိုင္ငံျခားသားေတြကို ထုတ္ယူကယ္ဆယ္ေနပါတယ္၊ ဒါေပမဲ့လည္း ႏွင္းေတြထဲမွာ လူေပါင္းမ်ားစြာက်န္ေနပါေသးတယ္” လို႔ေျပာျပထားပါတယ္။

ၿပီးခဲ့တဲ့စေနေန႔ကစတင္ၿပီး တစ္ညေက်ာ္ၾကာ ႏွင္းေတြဆက္တိုက္က်ဆင္းေနခဲ့တာျဖစ္ၿပီး အျမင့္ ၄ေပအထိေရာက္ရွိခဲ့ကာ လက္ရွိမွာေတာ့ အေရးေပၚကိစၥ၊ ကယ္ေဆးေရးကိစၥေတြကလြဲၿပီး Murree ၿမိဳ႕ကို သြားလာခြင့္ေတြပိတ္ပင္ထားတယ္လို႔သိရပါတယ္။

Source – Khaosod English


LEAVE A REPLY

Please enter your comment!
Please enter your name here