ခရမ်းမြို့နယ် USDPပါတီဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံး

0
142

(Unicode)

ခရမ်းမြို့နယ် USDPပါတီဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံး

ရန်ကုန်တိုင်း ခရမ်းမြို့နယ်USDPမြို့နယ်ပါတီဝင်တစ်ဦးဖြစ်သူ တစ်ဦး ဇန်နဝါရီ ၁၀ရက်နေ့ ညနေပိုင်းက သနေတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံးသွားခဲ့သည်ဟု တိုင်းပါတီတာဝန်ရှိသူတစ်ဦးကပြောသည်။

“ညနေ ၆နာရီခွဲလောက်က ဖြစ်တာ။သူက မြို့နယ် ပါတီ အရန်ကော်မတီဝင်ပါ”ဟု ၎င်းကပြောသည်။

သေဆုံးသွားသူသည် ဦးအေးလွင်ဆိုသူဖြစ်ပြီး ၎င်းသည် ခရမ်းမြို့နယ်၊ညောင်ပင်ကွင်း ကျေးရွာတွင်နေထိုင်သူဖြစ်ကာ နေအိမ်အနီးရှိ ဈေးဆိုင်တွင် ဈေးဝယ်နေစဉ် သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု သိရသည်။

ညောင်ပင်ကွင်းရွာသည် ခရမ်းမြို့ပေါ်နှင့် သိပ်မဝေးဟု သိရသည်။

ယခု သေဆုံးခဲ့သည့် ခရမ်းမြို့နယ် USDPပါတီဝင်တစ်ဦးကိုပါ ထည့်တွက် လျှင် ရန်ကုန်တိုင်းအတွင်း သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံးသွားခဲ့ရသည့် USDPပါတီဝင်အရေအတွက်မှာ ၃၂ဦးအထိ ရှိပြီဟု တိုင်းပါတီတာဝန်ရှိသူတစ်ဦးကပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၅ရက်နေ့ကလည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲကာလ ခရမ်းမြို့၏ USDPအမတ်လောင်း ဖြစ်ခဲ့သူ ဦးဝင်းခိုင်သည် ခရမ်းမြို့နယ် ကမာကလူကျေးရွာ အသွား ရဲမွန်ဘုန်းကြီးကျောင်းအနီးတွင် သေနတ်ဖြင့် နှစ်ချက် ပစ်ခတ်ခံရ၍ သေဆုံးသွားသည့် ဖြစ်စဉ်လည်း ဖြစ်ခဲ့သေးသည်။

(Zawgyi)

ခရမ္းၿမိဳ႕နယ္ USDPပါတီဝင္တစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံရ၍ ေသဆုံး

ရန္ကုန္တိုင္း ခရမ္းၿမိဳ႕နယ္USDPၿမိဳ႕နယ္ပါတီဝင္တစ္ဦးျဖစ္သူ တစ္ဦး ဇန္နဝါရီ ၁၀ရက္ေန႔ ညေနပိုင္းက သေနတ္ျဖင့္ ပစ္သတ္ခံရ၍ ေသဆုံးသြားခဲ့သည္ဟု တိုင္းပါတီတာဝန္ရွိသူတစ္ဦးကေျပာသည္။

“ညေန ၆နာရီခြဲေလာက္က ျဖစ္တာ။သူက ၿမိဳ႕နယ္ ပါတီ အရန္ေကာ္မတီဝင္ပါ”ဟု ၎ကေျပာသည္။

ေသဆုံးသြားသူသည္ ဦးေအးလြင္ဆိုသူျဖစ္ၿပီး ၎သည္ ခရမ္းၿမိဳ႕နယ္၊ေညာင္ပင္ကြင္း ေက်း႐ြာတြင္ေနထိုင္သူျဖစ္ကာ ေနအိမ္အနီးရွိ ေဈးဆိုင္တြင္ ေဈးဝယ္ေနစဥ္ ေသနတ္ျဖင့္ ပစ္သတ္ခံရျခင္းျဖစ္သည္ဟု သိရသည္။

ေညာင္ပင္ကြင္း႐ြာသည္ ခရမ္းၿမိဳ႕ေပၚႏွင့္ သိပ္မေဝးဟု သိရသည္။

ယခု ေသဆုံးခဲ့သည့္ ခရမ္းၿမိဳ႕နယ္ USDPပါတီဝင္တစ္ဦးကိုပါ ထည့္တြက္ လွ်င္ ရန္ကုန္တိုင္းအတြင္း ေသနတ္ျဖင့္ ပစ္သတ္ခံရ၍ ေသဆုံးသြားခဲ့ရသည့္ USDPပါတီဝင္အေရအတြက္မွာ ၃၂ဦးအထိ ရွိၿပီဟု တိုင္းပါတီတာဝန္ရွိသူတစ္ဦးကေျပာသည္။

ၿပီးခဲ့သည့္ ၾသဂုတ္လ ၅ရက္ေန႔ကလည္း ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲကာလ ခရမ္းၿမိဳ႕၏ USDPအမတ္ေလာင္း ျဖစ္ခဲ့သူ ဦးဝင္းခိုင္သည္ ခရမ္းၿမိဳ႕နယ္ ကမာကလူေက်း႐ြာ အသြား ရဲမြန္ဘုန္းႀကီးေက်ာင္းအနီးတြင္ ေသနတ္ျဖင့္ ႏွစ္ခ်က္ ပစ္ခတ္ခံရ၍ ေသဆုံးသြားသည့္ ျဖစ္စဥ္လည္း ျဖစ္ခဲ့ေသးသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here