အခေါက်ရွှေဈေးနှုန်း ပြန်ခုန်တက်လာ

0
150

(Unicode)

အခေါက်ရွှေဈေးနှုန်း ပြန်ခုန်တက်လာ

အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် တစ်ဆယ့်ရှစ်သိန်းအောက်၊တစ်ဆယ်ရှစ်သိန်း အထက်အနည်းငယ် ပါတ်ချာလည်ဈေးဖြင့်သာ ဈေးရှိနေခဲ့သည့် အခေါ်ကရွှေဈေးသည် ယခုရက်ပိုင်းအတွင်း မအိအိဖြင့် ပြန်လည် ခုန်တက်လာနေကြောင်း ရွှေဈေးကွက်အတွင်းမှသိရသည်။

ဇန်နဝါရီ၁၀ရက် မနက် ၁၁နာရီ ၅၀မိနစ်အချိန်က အခေါက်ရွှေတစ်ကျပ်သားလျှင် တစ်ဆယ့် ရှစ်သိန်း နှစ်သောင်း ရှစ်ထောင့် ငါးရာကျပ်သာရှိခဲ့ရာမှ ယနေ့ ဇန်နဝါရီလ (၁၁) ရက် ညနေ ၃နာရီခန့်တွင် တစ်ဆယ့် ရှစ်သိန်း ခြောက်သောင်း ကိုးထောင် ဈေးဖြစ်သွားသည်ကို ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း“ ကြေညာချက်အရသိရသည်။

“ဒါကလေ ဈေးကွက်အရ ပေါက်ဈေးပေါ့နော်။ဝယ်လိုအားများရင် ဈေးက လိုက်လာတာပေါ့နော်”ဟု ရွှေကုန်သည်တစ်ဦးက မှတ်ချက်ပြုသည်။

ကမ္ဘာ့ရွှေဈေးသည်လည်း ဈေး အနည်းငယ်တက်လာသည်ကိုပါ တွေ့ရှိရသည်။

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here