စစ်ကိုင်းတိုင်းနှင့်မွန်ပြည်နယ်တို့တွင် လေယာဉ်ကွင်းတစ်ခုစီထပ်မံတိုးချဲ့ရန် စီစဉ်

0
343

(Unicode)

စစ်ကိုင်းတိုင်းနှင့်မွန်ပြည်နယ်တို့တွင် လေယာဉ်ကွင်းတစ်ခုစီထပ်မံတိုးချဲ့ရန် စီစဉ်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကသာမြို့နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့ အနီးတွင် လေယာဉ်ကွင်းအသစ်များ ထပ်မံတိုးချဲ့သွားရန်ရှိရာ ယင်းကိစ္စနှင့် ပတ်သတ်ပြီး နစကက တည်ဆောက်ရေးစီမံကိန်းအကောင်အထည်ဖော်ရေးကြီးကြပ်မှုဗဟိုကော်မတီများကို အသီးသီးဖွဲ့စည်းလိုက်ပြီဟု သက်ဆိုင်ရာဝန်ကြီးဌာနများမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးကသာမြို့အနီးတွင် တည်ဆောက်​သော လေယာဉ်ကွင်းအသစ်တစ်ခုအတွက် ကော်မတီတစ်ခုကို နစကပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်၁၁ဦးကို ပြီးခဲ့သည့် ဒီဇင်ဘာလက ဖွဲ့စည်းတာဝန်ပေးခဲ့ပြီးဖြစ်ကာကော်မတီသည် စီမံကိန်း၏ လျာထားလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးအတွက် လိုအပ်သောမူဝါဒများချမှတ်ခြင်း၊လိုအပ်သောမြေသိမ်းဆည်းရေးဆိုင်ရာကိစ္စ၊လိုအပ်သောလျှပ်စစ်မီးရရှိရေးကိစ္စ၊ လိုအပ်သောရေရရှိရေးကိစ္စ၊ ချဉ်းကပ်လမ်းများနှင့် အခြားလမ်းပိုင်းဆိုင်ရာ ဆက်စပ်တည်ဆောက်ရေးကိစ္စ၊လိုအပ်သောဘဏ္ဍာငွေလျာထားရရှိနိုင်ရေးကိစ္စ စသည်တို့ကို ဆောင်ရွက်ကြမည်ဟု သိရှိရသည်။

အလားတူ မွန်ပြည်နယ် မော်လမြိုင်မြို့အနီးတွင်လည်း နိုင်ငံတကာအဆင့်မီအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအသစ်တစ်ခု၊လေယာဉ်ကွင်းအသစ်တို့ကို အကောင်အထည်ဖော်မည်ဖြစ်ရာ ထို့အတွက် ကော်မတီတစ်ခုကို နစကပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့ဝင် ၁၂ဦးတို့အား တာဝန်ပေးထားပြီးဖြစ်သည်ဟု သိရှိရသည်။

(Zawgyi)

စစ္ကိုင္းတိုင္းႏွင့္မြန္ျပည္နယ္တို႔တြင္ ေလယာဥ္ကြင္းတစ္ခုစီထပ္မံတိုးခ်ဲ႕ရန္ စီစဥ္

စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းရွိ ကသာၿမိဳ႕ႏွင့္ မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕ အနီးတြင္ ေလယာဥ္ကြင္းအသစ္မ်ား ထပ္မံတိုးခ်ဲ႕သြားရန္ရွိရာ ယင္းကိစၥႏွင့္ ပတ္သတ္ၿပီး နစကက တည္ေဆာက္ေရးစီမံကိန္းအေကာင္အထည္ေဖာ္ေရးႀကီးၾကပ္မႈဗဟိုေကာ္မတီမ်ားကို အသီးသီးဖြဲ႕စည္းလိုက္ၿပီဟု သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားမွ သိရသည္။

စစ္ကိုင္းတိုင္းေဒသႀကီးကသာၿမိဳ႕အနီးတြင္ တည္ေဆာက္​ေသာ ေလယာဥ္ကြင္းအသစ္တစ္ခုအတြက္ ေကာ္မတီတစ္ခုကို နစကပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးႏွင့္ အဖြဲ႕ဝင္၁၁ဦးကို ၿပီးခဲ့သည့္ ဒီဇင္ဘာလက ဖြဲ႕စည္းတာဝန္ေပးခဲ့ၿပီးျဖစ္ကာေကာ္မတီသည္ စီမံကိန္း၏ လ်ာထားလုပ္ငန္းမ်ား သတ္မွတ္ကာလအတြင္း ၿပီးစီးႏိုင္ေရးအတြက္ လိုအပ္ေသာမူဝါဒမ်ားခ်မွတ္ျခင္း၊လိုအပ္ေသာေျမသိမ္းဆည္းေရးဆိုင္ရာကိစၥ၊လိုအပ္ေသာလွ်ပ္စစ္မီးရရွိေရးကိစၥ၊ လိုအပ္ေသာေရရရွိေရးကိစၥ၊ ခ်ဥ္းကပ္လမ္းမ်ားႏွင့္ အျခားလမ္းပိုင္းဆိုင္ရာ ဆက္စပ္တည္ေဆာက္ေရးကိစၥ၊လိုအပ္ေသာဘ႑ာေငြလ်ာထားရရွိႏိုင္ေရးကိစၥ စသည္တို႔ကို ေဆာင္႐ြက္ၾကမည္ဟု သိရွိရသည္။

အလားတူ မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕အနီးတြင္လည္း ႏိုင္ငံတကာအဆင့္မီအျပည္ျပည္ဆိုင္ရာ ဆိပ္ကမ္းအသစ္တစ္ခု၊ေလယာဥ္ကြင္းအသစ္တို႔ကို အေကာင္အထည္ေဖာ္မည္ျဖစ္ရာ ထို႔အတြက္ ေကာ္မတီတစ္ခုကို နစကပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီး ဌာနျပည္ေထာင္စုဝန္ႀကီး ႏွင့္ အဖြဲ႕ဝင္ ၁၂ဦးတို႔အား တာဝန္ေပးထားၿပီးျဖစ္သည္ဟု သိရွိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here