ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ချယ်ရီထက်အား စွဲချက်တင်သင့် မတင်သင့် ဆုံးဖြတ်ရန်ရှိ

0
164

(Unicode0

ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ချယ်ရီထက်အား စွဲချက်တင်သင့် မတင်သင့် ဆုံးဖြတ်ရန်ရှိ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် အဖြစ် တာဝန်ယူခဲ့ဖူးသူ ဒုရဲအုပ်ဟောင်း မချယ်ရီထက်ကို စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅(က) နဲ့ စွဲချက်တင်သင့်၊မတင်သင့် လာမည့် ဇန်နဝါရီ ၁၃ရက် ရုံးချိန်းမှာ စီရင်ချက်ချဖို့ ရှိနေတယ်လို့ ရှေ့နေအသိုင်းအဝိုင်းက သိရပါတယ်။

“နေပြည်တော်မှာပဲ စစ်မှာ”လို့ ရှေ့နေအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

ဇမ္ဗူသီရိမြို့နယ် ရှိ အချုပ်ထောင်အတွင်းက အချုပ်ထောင်အထူးတရားရုံးထဲ စွဲချက်တင်သင့်၊မတင်သင့်ကို ကြားနာ စီရင်ချက်ချမှာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဒုရဲအုပ်ဟောင်းချယ်ရီထက်ကို ရဲစည်းကမ်းဥပဒေဖောက်ဖျက်မှုနဲ့ ထောင် ၃နှစ် ချမှတ်ခဲ့တာရှိပြီး ရမည်းသင်းထောင်ကို ပို့လိုက်တယ်ဆိုတဲ့ သတင်းစကားတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းကဒုရဲအုပ် ချယ်ရီထက်ကို အကျယ်ချုပ်နဲ့ စောင့်ကြည့်ခဲ့တာဖြစ်ပြီး စက်တင်ဘာ ၂၃ ရက်ကျမှ ဖမ်းဆီးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနမှ ဒုရဲမှူးတစ်ဦးက တရားလိုပြုလုပ်ကာ ဇဗ္ဗူသီရိမြို့နယ် အမှတ် ၁ ရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။

(Zawgyi)

ေဒၚေအာင္ဆန္းစုၾကည္၏ သက္ေတာ္ေစာင့္အျဖစ္တာဝန္ထမ္းေဆာင္ခဲ့သူ ခ်ယ္ရီထက္အား စြဲခ်က္တင္သင့္ မတင္သင့္ ဆုံးျဖတ္ရန္ရွိ

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ သက္ေတာ္ေစာင့္ အျဖစ္ တာဝန္ယူခဲ့ဖူးသူ ဒုရဲအုပ္ေဟာင္း မခ်ယ္ရီထက္ကို စြဲဆိုထားတဲ့ ပုဒ္မ ၅၀၅(က) နဲ႔ စြဲခ်က္တင္သင့္၊မတင္သင့္ လာမည့္ ဇန္နဝါရီ ၁၃ရက္ ႐ုံးခ်ိန္းမွာ စီရင္ခ်က္ခ်ဖို႔ ရွိေနတယ္လို႔ ေရွ႕ေနအသိုင္းအဝိုင္းက သိရပါတယ္။

“ေနျပည္ေတာ္မွာပဲ စစ္မွာ”လို႔ ေရွ႕ေနအသိုင္းအဝိုင္းနဲ႔ နီးစပ္သူတစ္ဦးကေျပာပါတယ္။

ဇမၺဴသီရိၿမိဳ႕နယ္ ရွိ အခ်ဳပ္ေထာင္အတြင္းက အခ်ဳပ္ေထာင္အထူးတရား႐ုံးထဲ စြဲခ်က္တင္သင့္၊မတင္သင့္ကို ၾကားနာ စီရင္ခ်က္ခ်မွာျဖစ္တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ ဒုရဲအုပ္ေဟာင္းခ်ယ္ရီထက္ကို ရဲစည္းကမ္းဥပေဒေဖာက္ဖ်က္မႈနဲ႔ ေထာင္ ၃ႏွစ္ ခ်မွတ္ခဲ့တာရွိၿပီး ရမည္းသင္းေထာင္ကို ပို႔လိုက္တယ္ဆိုတဲ့ သတင္းစကားေတြလည္း ထြက္ေပၚခဲ့ပါတယ္။

ေဖေဖာ္ဝါရီ ၁ ရက္ေန႔ကတည္းကဒုရဲအုပ္ ခ်ယ္ရီထက္ကို အက်ယ္ခ်ဳပ္နဲ႔ ေစာင့္ၾကည့္ခဲ့တာျဖစ္ၿပီး စက္တင္ဘာ ၂၃ ရက္က်မွ ဖမ္းဆီးၿပီး အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဌာနမွ ဒုရဲမႉးတစ္ဦးက တရားလိုျပဳလုပ္ကာ ဇဗၺဴသီရိၿမိဳ႕နယ္ အမွတ္ ၁ ရဲစခန္းမွာ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၅(က)နဲ႔ အမႈဖြင့္ခဲ့တယ္လို႔ သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here