ထိုင်းတွင် မြန်မာလုပ်သားများအတွက် ထိုင်းနှင့်မြန်မာပေါင်းပြီး CIသက်တမ်းတိုးစခန်း ၅ခု ဖွင့်လှစ်

0
257

ထိုင်းတွင် မြန်မာလုပ်သားများအတွက် ထိုင်းနှင့်မြန်မာပေါင်းပြီး CIသက်တမ်းတိုးစခန်း ၅ခု ဖွင့်လှစ်

ထိုင်းနိုင်ငံ စမုစခွန် ခရိုင်၊ စမုပရာ ကန်ခရိုင်၊ ချင်းမိုင်ခရိုင်၊ ချွန်ဘူရီခရိုင်၊ ရနောင်းခရိုင်တို့တွင် မြန်မာလုပ်သားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – CI) သက်တမ်းတိုးစခန်း ၅ ခုအား ဇန်နဝါရီ ၁၀ ရက်မှ စတင်ဖွင့်လှစ်လိုက်ပြီး မြန်မာလုပ်သား ၇၈၃ ဦးအား CI သက်တမ်း တိုးစာအုပ်များ ထုတ်ပေးခဲ့သည်ဟု အလုပ်သမားဝန်ကြီးဌာနကသိရသည်။

အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က “၂၀၁၇ ခုနှစ်က အခုလိုပဲ CI သက်တမ်း တိုးစခန်းတွေ ဖွင့်ပြီး လုပ်ဆောင်ပေးခဲ့တာရှိပါတယ်။အဲ့ဒီလို လုပ်ပေးခဲ့တဲ့ ၄နှစ် သက်တမ်းတိုးစာအုပ်တွေက အခုဆို အချို့တွေဆို သက်တမ်းက ကုန်နေပြီ။အချို့ကလည်း ကုန်ခါနီးနေပြီ။ဒီတော့ ကျွန်တော်တို့က လုပ်ဆောင်ပေးတာ။နောက်ပြီး မြန်မာလုပ်သားတွေ တရားမဝင်ဖြစ်သွားမှာလည်း စိုးရိမ်တယ်။ဒါ့ကြောင့် ဒီလို လုပ်ဆောင်ပေးတာပါ။သူတို့က ပတ်စပို့ကြီးတွေ မကိုင်နိုင်သေးဘူး။ဒီအတွက် အခု CI သက်တမ်း တိုးကအရေးကြီးပါတယ်။ပြီးခဲ့တဲ့ ၂၀၁၇ မတ်လ ၃ရက်ကနေ ၂၀၁၈ ဇွန်၃၀ရက်အထိ လုပ်ဆောင်ပေးခဲ့တုန်းကလာရောက်လုပ်ဆောင်ကြတဲ့ မြန်မာလုပ်သားအရေအတွက်က ၁၀သိန်းကျော်ရှိပါတယ်။အရေအတွက် တိတိကျကျနဲ့ပြောရင် ၁၀၉၉၅၈၆ ဦးရှိပါတယ်။အဲ့ဒီထဲက ပတ်စပို့စာအုပ်ကြီးကိုင်ဆောင်သွားတဲ့ သူက သုံးသောင်းလောက်ရှိတယ်။အခုကတော့ ဘယ်လောက် အရေအတွက် ရှိမလဲဆိုတာတော့။ကိုဗစ်ဖြစ်တော့ မြန်မာပြည်ပြန်ရောက်လာတဲ့သူတွေလည်းရှိတော့ အရေအတွက်ကိုတော့ မှန်းဆပြောလို့ မရနိုင်သေးဘူး။ကျွန်တော်တို့ဘက်ကတော့ မြန်မာလုပ်သားတွေ တရားမဝင်ဖြစ်သွားမှာစိုးလို့ အထောက်အထားတွေ လုပ်ဆောင်ပေးတာပါ”ဟု ရှင်းပြသည်။

မြန်မာလုပ်သားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – CI) သက်တမ်းတိုးစခန်း ၅ ခုအား ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ ဖွင့်လှစ်ထားမည်ဖြစ်ပြီး အဆိုပါကာလအတွင် လုပ်ငန်းမပြီးဆုံးပါက ဆက်လက်သက်တမ်းတိုးဆောင်ရွက်ရန်လည်းရှိနေသည်ဟုသိရသည်။

ထိုင်းနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများအနက် အထောက်အထားမရှိသူများကို တရားဝင်နေထိုင်လုပ်ကိုင်နိုင်ရန် CI စခန်းများတွင် ထိုင်းအလုပ်အကိုင်ဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ကျန်းမာရေးဌာနများမှလည်း ကောင်တာများဖွင့်လှစ်၍ အလုပ်သမားများအတွက် နေထိုင်ခွင့် (Visa) နှင့် အလုပ် လုပ်ကိုင်ခွင့် (Work Permit) ထုတ်ပေးခြင်းတို့ကိုထုတ်ပေးနေရာ CI သက်တမ်းတိုး လျှောက်ထားသူအလုပ်သမားများအနေဖြင့် Seven Eleven ဆိုင်များတွင် မိမိလက်ရှိကိုင်ဆောင်ထားသည့် CI စာအုပ်နံပါတ်ဖြင့် စာအုပ်ဖိုး ဘတ် ၃၀၀ နှင့် ဝန်ဆောင်ခ ဘတ် ၁၀ ၊ စုစုပေါင်း ဘတ် ၃၁၀ ပေးသွင်းရန်၊ စခန်းအမည်၊ ရက်ချိန်း၊ တိုကင်နံပါတ်၊ ဆက်သွယ်ရန်ဖုန်း အစရှိသည့် အချက်များ ပါဝင်သည့် ငွေသွင်းပြေစာရယူရန် (လက်ကိုင်ဖုန်းသို့လည်း မက်ဆေ့ဝင်ရောက်လာမည် ဖြစ်ပါသည်)နှင့် ရက်ချိန်းနေ့တွင် စခန်းသို့ မပျက်မကွက် သွားရောက်ရန်၊ စခန်းသို့ ရောက်ရှိ သည့်အခါ ကိုယ်ရေးမှတ်တမ်း ဖြည့်သွင်းပြီးနောက် CI စာအုပ် အဟောင်း၊ နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စု ဇယား၊ ထိုင်းအလုပ်အကိုင်ဌာနက ထုတ်ပေးထားသည့် စာရွက်စာတမ်းများကို မိတ္တူကူး၍ CI စာအုပ်အသစ် လျှောက်ထားရန်၊ အချက်အလက် များပြည့်စုံမှန်ကန်သူသည် စခန်းက ထုတ်ပေးသည့် CI သက်တမ်းတိုး စာအုပ်နှင့် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြား (Overseas Worker Identification Card – OWIC) ကို ရယူရန် လိုအပ်ကြောင်း နစကအလုပ်သမားဝန်ကြီးဌာနကပြောဆိုထားသည်။

CI သက်တမ်းတိုးစာအုပ်နှင့် OWIC ကတ် ရရှိပြီးသူများသည် စခန်းရှိ ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာန၏ ကောင်တာတွင် နေထိုင်ခွင့် (Visa) နှင့် အလုပ်လုပ်ကိုင်ခွင့် (Work Permit) လျှောက်ထားရန် လိုအပ်သော်လည်း Visa နှင့် Work Permit သက်တမ်းရှိသူများအနေဖြင့် လျှောက်ထားရန်မလိုအပ်ပေ။

အကယ်၍ CI စာအုပ်ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းရှိပါက ထိုင်းရဲတပ်ဖွဲ့၏ထောက်ခံချက်၊ မြန်မာသံရုံး၏ ထောက်ခံချက်နှင့်အတူ သက်ဆိုင်ရာ CI စခန်းများသို့ လာရောက်လျှောက်ထား ရမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိချိန်တွင် CI စာအုပ်တန်ဖိုး ဘတ် ၃၀၀၊ ဒဏ်ကြေး ဘတ် ၁၈၀ ၊ စုစုပေါင်း ဘတ် ၄၈၀ ကို စခန်းတာဝန်ရှိသူထံသို့ ပေးသွင်းရမည်ဟု သိရသည်။

ထို့အတူ OWIC ကတ် ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းရှိပါက ထိုင်းရဲတပ်ဖွဲ့၏ထောက်ခံချက်၊ မြန်မာ သံရုံး၏ ထောက်ခံချက်နှင့်အတူ သက်ဆိုင်ရာ CI စခန်းများသို့ လာရောက် လျှောက်ထား ရမည်ဖြစ်ပြီး ဒဏ်ကြေး အပါအဝင် ဘတ် ၂၀၀ ကို စခန်းတာဝန်ရှိသူထံသို့ ပေးသွင်းရမည်ဖြစ်သည်ဟုလည်းသိရသည်။

CI သက်တမ်းတိုးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အလုပ်သမား သံအရာရှိ ဦးအောင်ကိုဇော် (ဖုန်းနံပါတ်- 0948845484)၊ အလုပ်သမားသံအရာရှိ ဦးရဲလင်းထက် (ဖုန်းနံပါတ်-0652206951)၊ အလုပ်သမားသံအရာရှိ ဦးလင်းမြတ် (ဖုန်းနံပါတ်-0652206952)၊ အလုပ်သမားသံအရာရှိ ဦးပြည့်ဖြိုးအောင်(ဖုန်းနံပါတ်-0652206953)နှင့် အလုပ်သမားသံအရာရှိ ဦးအောင်အောင် (ဖုန်းနံပါတ် 0990592352) တို့ကို ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်သည့်အပြင် CI သက်တမ်းတိုးထုတ်ပေးရေးစခန်း(စမုစခွန်) ဖုန်းနံပါတ် 0652055960, 0652055961 ၊ CI သက်တမ်းတိုးထုတ်ပေးရေးစခန်း (စမုပရာကန်) ဖုန်းနံပါတ် 0652055964, 0652055965 ၊CI သက်တမ်းတိုးထုတ်ပေးရေးစခန်း (ချင်းမိုင်) ဖုန်းနံပါတ် 0652055968, 0652055969 ၊ CI သက်တမ်းတိုးထုတ်ပေးရေးစခန်း (ချွန်ဘူရီ) ဖုန်းနံပါတ် 0652055962, 0652055963၊ CI သက်တမ်းတိုးထုတ်ပေးရေးစခန်း (ရနောင်း)ဖုန်းနံပါတ် 0652055966, 0652055967 တို့ကိုလည်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

Zaw Gyi

ထိုင္းတြင္ ျမန္မာလုပ္သားမ်ားအတြက္ ထိုင္းႏွင့္ျမန္မာေပါင္းၿပီး CIသက္တမ္းတိုးစခန္း ၅ခု ဖြင့္လွစ္

ထိုင္းႏိုင္ငံ စမုစခြန္ ခ႐ိုင္၊ စမုပရာ ကန္ခ႐ိုင္၊ ခ်င္းမိုင္ခ႐ိုင္၊ ခြၽန္ဘူရီခ႐ိုင္၊ ရေနာင္းခ႐ိုင္တို႔တြင္ ျမန္မာလုပ္သားမ်ားအတြက္ မည္သူမည္ဝါျဖစ္ေၾကာင္း သက္ေသခံလက္မွတ္ (Certificate of Identity – CI) သက္တမ္းတိုးစခန္း ၅ ခုအား ဇန္နဝါရီ ၁၀ ရက္မွ စတင္ဖြင့္လွစ္လိုက္ၿပီး ျမန္မာလုပ္သား ၇၈၃ ဦးအား CI သက္တမ္း တိုးစာအုပ္မ်ား ထုတ္ေပးခဲ့သည္ဟု အလုပ္သမားဝန္ႀကီးဌာနကသိရသည္။

အလုပ္သမားၫႊန္ၾကားမႈဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္က “၂၀၁၇ ခုႏွစ္က အခုလိုပဲ CI သက္တမ္း တိုးစခန္းေတြ ဖြင့္ၿပီး လုပ္ေဆာင္ေပးခဲ့တာရွိပါတယ္။အဲ့ဒီလို လုပ္ေပးခဲ့တဲ့ ၄ႏွစ္ သက္တမ္းတိုးစာအုပ္ေတြက အခုဆို အခ်ိဳ႕ေတြဆို သက္တမ္းက ကုန္ေနၿပီ။အခ်ိဳ႕ကလည္း ကုန္ခါနီးေနၿပီ။ဒီေတာ့ ကြၽန္ေတာ္တို႔က လုပ္ေဆာင္ေပးတာ။ေနာက္ၿပီး ျမန္မာလုပ္သားေတြ တရားမဝင္ျဖစ္သြားမွာလည္း စိုးရိမ္တယ္။ဒါ့ေၾကာင့္ ဒီလို လုပ္ေဆာင္ေပးတာပါ။သူတို႔က ပတ္စပို႔ႀကီးေတြ မကိုင္ႏိုင္ေသးဘူး။ဒီအတြက္ အခု CI သက္တမ္း တိုးက
အေရးႀကီးပါတယ္။ၿပီးခဲ့တဲ့ ၂၀၁၇ မတ္လ ၃ရက္ကေန ၂၀၁၈ ဇြန္၃၀ရက္အထိ လုပ္ေဆာင္ေပးခဲ့တုန္းက
လာေရာက္လုပ္ေဆာင္ၾကတဲ့ ျမန္မာလုပ္သားအေရအတြက္က ၁၀သိန္းေက်ာ္ရွိပါတယ္။အေရအတြက္ တိတိက်က်နဲ႔ေျပာရင္ ၁၀၉၉၅၈၆ ဦးရွိပါတယ္။အဲ့ဒီထဲက ပတ္စပို႔စာအုပ္ႀကီးကိုင္ေဆာင္သြားတဲ့ သူက သုံးေသာင္းေလာက္ရွိတယ္။အခုကေတာ့ ဘယ္ေလာက္ အေရအတြက္ ရွိမလဲဆိုတာေတာ့။ကိုဗစ္ျဖစ္ေတာ့ ျမန္မာျပည္ျပန္ေရာက္လာတဲ့သူေတြလည္းရွိေတာ့ အေရအတြက္ကိုေတာ့ မွန္းဆေျပာလို႔ မရႏိုင္ေသးဘူး။ကြၽန္ေတာ္တို႔ဘက္ကေတာ့ ျမန္မာလုပ္သားေတြ တရားမဝင္ျဖစ္သြားမွာစိုးလို႔ အေထာက္အထားေတြ လုပ္ေဆာင္ေပးတာပါ”ဟု ရွင္းျပသည္။

ျမန္မာလုပ္သားမ်ားအတြက္ မည္သူမည္ဝါျဖစ္ေၾကာင္း သက္ေသခံလက္မွတ္ (Certificate of Identity – CI) သက္တမ္းတိုးစခန္း ၅ ခုအား ၂၀၂၂ ခုႏွစ္ ဇူလိုင္လအထိ ဖြင့္လွစ္ထားမည္ျဖစ္ၿပီး အဆိုပါကာလအတြင္ လုပ္ငန္းမၿပီးဆုံးပါက ဆက္လက္သက္တမ္းတိုးေဆာင္႐ြက္ရန္လည္းရွိေနသည္ဟုသိရသည္။

ထိုင္းႏိုင္ငံတြင္ ေရာက္ရွိအလုပ္လုပ္ကိုင္ေနသည့္ အလုပ္သမားမ်ားအနက္ အေထာက္အထားမရွိသူမ်ားကို တရားဝင္ေနထိုင္လုပ္ကိုင္ႏိုင္ရန္ CI စခန္းမ်ားတြင္ ထိုင္းအလုပ္အကိုင္ဌာန၊ လူဝင္မႈႀကီးၾကပ္ေရးဌာနႏွင့္ က်န္းမာေရးဌာနမ်ားမွလည္း ေကာင္တာမ်ားဖြင့္လွစ္၍ အလုပ္သမားမ်ားအတြက္ ေနထိုင္ခြင့္ (Visa) ႏွင့္ အလုပ္ လုပ္ကိုင္ခြင့္ (Work Permit) ထုတ္ေပးျခင္းတို႔ကိုထုတ္ေပးေနရာ CI သက္တမ္းတိုး ေလွ်ာက္ထားသူအလုပ္သမားမ်ားအေနျဖင့္ Seven Eleven ဆိုင္မ်ားတြင္ မိမိလက္ရွိကိုင္ေဆာင္ထားသည့္ CI စာအုပ္နံပါတ္ျဖင့္ စာအုပ္ဖိုး ဘတ္ ၃၀၀ ႏွင့္ ဝန္ေဆာင္ခ ဘတ္ ၁၀ ၊ စုစုေပါင္း ဘတ္ ၃၁၀ ေပးသြင္းရန္၊ စခန္းအမည္၊ ရက္ခ်ိန္း၊ တိုကင္နံပါတ္၊ ဆက္သြယ္ရန္ဖုန္း အစရွိသည့္ အခ်က္မ်ား ပါဝင္သည့္ ေငြသြင္းေျပစာရယူရန္ (လက္ကိုင္ဖုန္းသို႔လည္း မက္ေဆ့ဝင္ေရာက္လာမည္ ျဖစ္ပါသည္)ႏွင့္ ရက္ခ်ိန္းေန႔တြင္ စခန္းသို႔ မပ်က္မကြက္ သြားေရာက္ရန္၊ စခန္းသို႔ ေရာက္ရွိ သည့္အခါ ကိုယ္ေရးမွတ္တမ္း ျဖည့္သြင္းၿပီးေနာက္ CI စာအုပ္ အေဟာင္း၊ ႏိုင္ငံသားစိစစ္ေရးကတ္၊ အိမ္ေထာင္စု ဇယား၊ ထိုင္းအလုပ္အကိုင္ဌာနက ထုတ္ေပးထားသည့္ စာ႐ြက္စာတမ္းမ်ားကို မိတၱဴကူး၍ CI စာအုပ္အသစ္ ေလွ်ာက္ထားရန္၊ အခ်က္အလက္ မ်ားျပည့္စုံမွန္ကန္သူသည္ စခန္းက ထုတ္ေပးသည့္ CI သက္တမ္းတိုး စာအုပ္ႏွင့္ ျပည္ပအလုပ္အကိုင္ အလုပ္သမားသက္ေသခံကတ္ျပား (Overseas Worker Identification Card – OWIC) ကို ရယူရန္ လိုအပ္ေၾကာင္း နစကအလုပ္သမားဝန္ႀကီးဌာနကေျပာဆိုထားသည္။

CI သက္တမ္းတိုးစာအုပ္ႏွင့္ OWIC ကတ္ ရရွိၿပီးသူမ်ားသည္ စခန္းရွိ ထိုင္းလူဝင္မႈ ႀကီးၾကပ္ေရးဌာန၏ ေကာင္တာတြင္ ေနထိုင္ခြင့္ (Visa) ႏွင့္ အလုပ္လုပ္ကိုင္ခြင့္ (Work Permit) ေလွ်ာက္ထားရန္ လိုအပ္ေသာ္လည္း Visa ႏွင့္ Work Permit သက္တမ္းရွိသူမ်ားအေနျဖင့္ ေလွ်ာက္ထားရန္မလိုအပ္ေပ။

အကယ္၍ CI စာအုပ္ေပ်ာက္ဆုံးျခင္း၊ ပ်က္စီးျခင္းရွိပါက ထိုင္းရဲတပ္ဖြဲ႕၏ေထာက္ခံခ်က္၊ ျမန္မာသံ႐ုံး၏ ေထာက္ခံခ်က္ႏွင့္အတူ သက္ဆိုင္ရာ CI စခန္းမ်ားသို႔ လာေရာက္ေလွ်ာက္ထား ရမည္ျဖစ္ၿပီး ခြင့္ျပဳခ်က္ရရွိခ်ိန္တြင္ CI စာအုပ္တန္ဖိုး ဘတ္ ၃၀၀၊ ဒဏ္ေၾကး ဘတ္ ၁၈၀ ၊ စုစုေပါင္း ဘတ္ ၄၈၀ ကို စခန္းတာဝန္ရွိသူထံသို႔ ေပးသြင္းရမည္ဟု သိရသည္။

ထို႔အတူ OWIC ကတ္ ေပ်ာက္ဆုံးျခင္း၊ ပ်က္စီးျခင္းရွိပါက ထိုင္းရဲတပ္ဖြဲ႕၏ေထာက္ခံခ်က္၊ ျမန္မာ သံ႐ုံး၏ ေထာက္ခံခ်က္ႏွင့္အတူ သက္ဆိုင္ရာ CI စခန္းမ်ားသို႔ လာေရာက္ ေလွ်ာက္ထား ရမည္ျဖစ္ၿပီး ဒဏ္ေၾကး အပါအဝင္ ဘတ္ ၂၀၀ ကို စခန္းတာဝန္ရွိသူထံသို႔ ေပးသြင္းရမည္ျဖစ္သည္ဟုလည္းသိရသည္။
CI သက္တမ္းတိုးလုပ္ငန္းစဥ္မ်ားႏွင့္ ပတ္သက္၍ အလုပ္သမား သံအရာရွိ ဦးေအာင္ကိုေဇာ္ (ဖုန္းနံပါတ္- 0948845484)၊ အလုပ္သမားသံအရာရွိ ဦးရဲလင္းထက္ (ဖုန္းနံပါတ္-0652206951)၊ အလုပ္သမားသံအရာရွိ ဦးလင္းျမတ္ (ဖုန္းနံပါတ္-0652206952)၊ အလုပ္သမားသံအရာရွိ ဦးျပည့္ၿဖိဳးေအာင္(ဖုန္းနံပါတ္-0652206953)ႏွင့္ အလုပ္သမားသံအရာရွိ ဦးေအာင္ေအာင္ (ဖုန္းနံပါတ္ 0990592352) တို႔ကို ဆက္သြယ္ေမးျမန္းေဆာင္႐ြက္ႏိုင္သည့္အျပင္ CI သက္တမ္းတိုးထုတ္ေပးေရးစခန္း(စမုစခြန္) ဖုန္းနံပါတ္ 0652055960, 0652055961 ၊ CI သက္တမ္းတိုးထုတ္ေပးေရးစခန္း (စမုပရာကန္) ဖုန္းနံပါတ္ 0652055964, 0652055965 ၊CI သက္တမ္းတိုးထုတ္ေပးေရးစခန္း (ခ်င္းမိုင္) ဖုန္းနံပါတ္ 0652055968, 0652055969 ၊ CI သက္တမ္းတိုးထုတ္ေပးေရးစခန္း (ခြၽန္ဘူရီ) ဖုန္းနံပါတ္ 0652055962, 0652055963၊ CI သက္တမ္းတိုးထုတ္ေပးေရးစခန္း (ရေနာင္း)ဖုန္းနံပါတ္ 0652055966, 0652055967 တို႔ကိုလည္း ဆက္သြယ္ေမးျမန္းႏိုင္ေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here