အာဆီယံအလှည့်ကျဥက္ကဋ္ဌကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်နဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ရဲ့မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့ မြန်မာ့အရေး ဆွေးနွေး

0
130

အာဆီယံအလှည့်ကျ ဥက္ကဋ္ ဌကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်နဲ့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့ မြန်မာ့အရေးဆွေးနွေး

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်သစ် ဒေါက်တာ နိုလင်းဟေဇာနဲ့ မြန်မာ့အရေးကို အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ဟွန်ဆန်တို့ ဒီကနေ့ ဇန်နဝါရီလ ၁၃ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဝန်ကြီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

ဗီဒီယိုစနစ်နဲ့ တွေ့ဆုံခဲ့ကြတာမှာမြန်မာနိုင်ငံရဲ့ အရေးတကြီးအခြေအနေကိစ္စ၊ မြန်မာ့အရေးဖြေရှင်းမှုမှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကိစ္စ၊အာဆီယံခေါင်းဆောင်တွေကြားထားရှိတဲ့ ဘုံသဘောတူညီချက် ၅ ရပ် အထမြောက်ရေး ကိစ္စစတာတွေဆွေးနွေးခဲ့ကြတာရှိပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်က ၂၀၂၁ ခုနှစ်အတွင်း မြန်မာ့အရေးကို အလှည့်ကျဥက္ကဋ္ဌကမ္ဘောဒီးယားအနေနဲ့ တာဝန်ယူ အားထုတ်မယ်လို့ ပြောခဲ့ပါတယ်။

Zaw Gyi

အာဆီယံအလွည့္က်ဥကၠ႒ကေမာၻဒီးယားႏိုင္ငံဝန္ႀကီးခ်ဳပ္နဲ႔ ကုလသမဂၢအေထြေထြအတြင္းေရးမႉးခ်ဳပ္ရဲ႕ျမန္မာႏိုင္ငံဆိုင္ရာအထူးကိုယ္စားလွယ္တို႔ ျမန္မာ့အေရးေဆြးေႏြး

ကုလသမဂၢအေထြေထြအတြင္းေရးမႉးခ်ဳပ္ရဲ႕ျမန္မာႏိုင္ငံဆိုင္ရာအထူးကိုယ္စားလွယ္သစ္ ေဒါက္တာ ႏိုလင္းေဟဇာနဲ႔ ျမန္မာ့အေရးကို အာဆီယံအလွည့္က်ဥကၠ႒ျဖစ္တဲ့ကေမာၻဒီးယားႏိုင္ငံဝန္ႀကီးခ်ဳပ္ဟြန္ဆန္တို႔ ဒီကေန႔ ဇန္နဝါရီလ ၁၃ ရက္မွာ ေတြ႕ဆုံေဆြးေႏြးခဲ့တယ္လို႔ ဝန္ႀကီးခ်ဳပ္႐ုံးက သတင္းထုတ္ျပန္ပါတယ္။

ဗီဒီယိုစနစ္နဲ႔ ေတြ႕ဆုံခဲ့ၾကတာမွာျမန္မာႏိုင္ငံရဲ႕ အေရးတႀကီးအေျခအေနကိစၥ၊ ျမန္မာ့အေရးေျဖရွင္းမႈမွာ အာဆီယံအလွည့္က်ဥကၠ႒ျဖစ္တဲ့ ကေမာၻဒီးယားႏိုင္ငံနဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔ကိစၥ၊အာဆီယံေခါင္းေဆာင္ေတြၾကားထားရွိတဲ့ ဘုံသေဘာတူညီခ်က္ ၅ ရပ္ အထေျမာက္ေရး ကိစၥစတာေတြေဆြးေႏြးခဲ့ၾကတာရွိပါတယ္။

ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္က ၂၀၂၁ ခုႏွစ္အတြင္း ျမန္မာ့အေရးကို အလွည့္က်ဥကၠ႒ကေမာၻဒီးယားအေနနဲ႔ တာဝန္ယူ အားထုတ္မယ္လို႔ ေျပာခဲ့ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here