ထားဝယ်မြို့သို့ နစက ဥက္ကဋ္ဌ ရောက်ရှိနေ

0
136

(Unicode)

ထားဝယ်မြို့သို့ နစက ဥက္ကဋ္ဌ ရောက်ရှိနေ

တနင်္သာရီတိုင်း၊ထားဝယ်မြို့သို့ နစက ဥက္ကဋ္ဌ သည် ဇန်နဝါရီ ၁၃ ရက်နံနက်ပိုင်းတွင် သွားရောက်ခဲ့ပြီး တိုင်းအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တိုင်းအစိုးရအဖွဲ့ဝင်များ၊ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊မြို့မိမြို့ဖများနှင့် တွေ့ဆုံခဲ့သည်ဟုသိရသည်။

သက်ဆိုင်ရာက တင်္နသာရီတိုင်းအတွင်း မြိတ်၊ထားဝယ်၊ကော့သောင်း၊ဘုတ်ပြင်းတို့တွင် လေကြောင်းလိုင်းများပြန်လည်ပြေးဆွဲခွင့်ပြု့ပေးထားသညိ့အခြေအနေ၊ ရထားပို့ ဆောင်ရေးမှခရီးသည်များ ပိုမိုလိုက်ပါနိုင်စေရေးနှင့်ကုန်စည်စီးဆင်းမှုများပိုမိုမြန်ဆန်စေရေးတို့အတွက် လမ်းကြောင်းသစ်များကို သုတေသနပြုရွေးချယ်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ တိုင်းဒေသကြီးအတွင်းမြေသယံဇာတများ ပေါကြွယ်ဝစွာရှိ၍ ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ စက်မှုလယ်ယာလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းကာ အောင်မြင်အောင်လုပ် ဆောင်နိုင်ရန်နှင့် ငါးသယံဇာတထုတ်ယူမှုတွင် သဘာဝအတိုင်းထုတ်ယူခြင်းအပြင် စျေးကွက်မှလက်ခံနိုင်သည့် သဘာဝအတိုင်း လှောင်၍မွေးမြူသည့်စနစ်ဖြင့် မွေးမြူထုတ်လုပ်နိုင်ရေးလုပ်ဆောင်နေသည့် အခြေအနေများ ကျေးလက်နှင့်ပြည်သူများ၏လူမှုစီးပွားဘဝပိုမိုဖွံ့ဖြိုးတိုးတက်ရေး ဝင်ငွေတိုးတက်ရေးအတွက် အသေးစား အလတ်စားလုပ်ငန်းများ လုပ်ဆောင်နိုင်ရေး နည်းပညာမျှဝေပေးခြင်း အရင်းအနှီးများမတည်ဆောင်ရွက်ပေးခြင်းများ ၊လုပ်ဆောင်ပေးလျက်ရှိသည့်အခြေအနေများ ၊တိုင်းဒေသကြီးအတွင်းရှိ မြေပေါ်မြေအောက် ရေပြင်ရေအောက် သယံဇာတများနှင့်သဘာဝပတ်ဝန်းကျင်ကောင်းမွန်စေမှုအခြေအနေများကို ဆက်လက်ထိန်းသိမ်းရေးနှင့် အဏ္ဏဝါ‌ဂေဟစနစ်ပျက်ယွင်းမှုမရှိစေရေးတို့အတွက် လုပ်ဆောင်လျက်ရှိသည်များကို အသီးသီးရှင်းလင်းတင်ပြခဲ့ကြသည်။

လျှပ်စစ်ဓာတ်အားများ ပေးဆောင်ရာတွင်ဓာတ်အားခနှင့်ကိုက်ညီစွာသုံးစွဲနိုင်ရေး နိုင်ငံအဝန်းလျှပ်စစ်ဓာတ်အားများကို အပြည့်အဝဖြန့်ဖြူးနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်မည့်စီမံကိန်းများဆောင်ရွက်နေသည့် အ​ခြေအ​နေများအား​​ဆွေး​နွေးခဲ့ကြသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန အနေဖြင့်ပန်းခင်းစီမံချက်အရ အသက်အရွယ်ပြည့်မီသူနိုင်ငံသားတိုင်း နိုင်ငံသားစီစစ်ရေးကဒ်ပြားများရရှိစေရေး အခြားဝန်ကြီးဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိသည့်အခြေအနေတို့ကိုလည်း ရှင်းလင်းခဲ့ကြသည်။

အလားတူ ထားဝယ်တက္ကသိုလ်၊မြိတ်တက္ကသိုလ်တို့တွင် သင်ကြားပေးလျက်ရှိသည့်ဘာသာရပ်များအပြင် စီးပွားရေးဆိုင်ရာဘာသာရပ်နှင့်ဥပ‌ဒ ဆိုင်ရာဘာသာရပ်များကိုပါ သင်ကြားပေးနိုင်ရေးဆောင်ရွက်လျက်ရှိပြီး ဒေသနှင့်ကိုက်ညီသည့် ရေထွက်သယံဇာတထုတ်ယူခြင်း၊ထိန်းသိမ်းခြင်းလုပ်ငန်းများကို အထောက်အကူဖြစ်စေရန် အဏ္ဏဝါသိပ္ပံဘာသာရပ် လေ့ကျင့်ရေးစခန်းတစ်ခု ဖွင့်လှစ်ဆောင်ရွက်သွားမည့်လုပ်ငန်းများအကြောင်းရှင်းလင်းတင်ပြခဲ့ကြသည်။

 လမ်း၊တံတားများကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာတွင်ကျေးလက်လမ်းတံတားများကို ဦးစားပေးဆောင်ရွက်လျက်ရှိသည့်အခြေအနေကိုဆွေးနွေးကြသည်။

‌ကိုဗစ်(၁၉)ရောဂါ တတိယလှိုင်းကာလအတွင်း တနင်္သာရီတိုင်းအနေဖြင့် ရောဂါကူးစက်မှုဖြစ်ပေါ်ခဲ့ပြီး လက်ရှိအချိန်တွင်ကိုဗစ်(၁၉)ရောဂါ စတုတ္ထလှိုင်းဖြစ်ပေါ်မှုကို ကြိုတင်ကာကွယ်နိုင်ရေး တင်္နသာရီတိုင်းအတွင်းကာကွယ်ဆေးထိုးနှံ့ပြီးစီးမှုတို့ကို သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများက ရှင်းလင်းတင်ပြခဲ့ကြသည်။

နစက ဥက္ကဋ္ဌသည် ညနေပိုင်းတွင်လည်း ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊မောရဝတီရေတပ်စခန်းဌာနချုပ်မှ စစ်သည်မိသားစုများနှင့်လည်းတွေ့ဆုံခဲ့သည်။

(Zawgyi)

ထားဝယ္ၿမိဳ႕သို႔ နစက ဥကၠ႒ ေရာက္ရွိေန

တနသၤာရီတိုင္း၊ထားဝယ္ၿမိဳ႕သို႔ နစက ဥကၠ႒ သည္ ဇန္နဝါရီ ၁၃ ရက္နံနက္ပိုင္းတြင္ သြားေရာက္ခဲ့ၿပီး တိုင္းအစိုးရအဖြဲ႕႐ုံး အစည္းအေဝးခန္းမ၌ တိုင္းအစိုးရအဖြဲ႕ဝင္မ်ား၊ခ႐ိုင္ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ား၊ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ ေတြ႕ဆုံခဲ့သည္ဟုသိရသည္။

သက္ဆိုင္ရာက တနၤသာရီတိုင္းအတြင္း ၿမိတ္၊ထားဝယ္၊ေကာ့ေသာင္း၊ဘုတ္ျပင္းတို႔တြင္ ေလေၾကာင္းလိုင္းမ်ားျပန္လည္ေျပးဆြဲခြင့္ျပဳ႕ေပးထားသညိ့အေျခအေန၊ ရထားပို႔ ေဆာင္ေရးမွခရီးသည္မ်ား ပိုမိုလိုက္ပါႏိုင္ေစေရးႏွင့္ကုန္စည္စီးဆင္းမႈမ်ားပိုမိုျမန္ဆန္ေစေရးတို႔အတြက္ လမ္းေၾကာင္းသစ္မ်ားကို သုေတသနျပဳေ႐ြးခ်ယ္ေဆာင္႐ြက္လ်က္ရွိသည့္အေျခအေနမ်ား၊ တိုင္းေဒသႀကီးအတြင္းေျမသယံဇာတမ်ား ေပါႂကြယ္ဝစြာရွိ၍ ေဒသႏွင့္ကိုက္ညီသည့္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ား၊ စက္မႈလယ္ယာလုပ္ငန္းမ်ားကို သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားႏွင့္ ေပါင္းစပ္ညႇိႏႈိင္းကာ ေအာင္ျမင္ေအာင္လုပ္ ေဆာင္ႏိုင္ရန္ႏွင့္ ငါးသယံဇာတထုတ္ယူမႈတြင္ သဘာဝအတိုင္းထုတ္ယူျခင္းအျပင္ ေစ်းကြက္မွလက္ခံႏိုင္သည့္ သဘာဝအတိုင္း ေလွာင္၍ေမြးျမဴသည့္စနစ္ျဖင့္ ေမြးျမဴထုတ္လုပ္ႏိုင္ေရးလုပ္ေဆာင္ေနသည့္ အေျခအေနမ်ား ေက်းလက္ႏွင့္ျပည္သူမ်ား၏လူမႈစီးပြားဘဝပိုမိုဖြံ႕ၿဖိဳးတိုးတက္ေရး ဝင္ေငြတိုးတက္ေရးအတြက္ အေသးစား အလတ္စားလုပ္ငန္းမ်ား လုပ္ေဆာင္ႏိုင္ေရး နည္းပညာမွ်ေဝေပးျခင္း အရင္းအႏွီးမ်ားမတည္ေဆာင္႐ြက္ေပးျခင္းမ်ား ၊လုပ္ေဆာင္ေပးလ်က္ရွိသည့္အေျခအေနမ်ား ၊တိုင္းေဒသႀကီးအတြင္းရွိ ေျမေပၚေျမေအာက္ ေရျပင္ေရေအာက္ သယံဇာတမ်ားႏွင့္သဘာဝပတ္ဝန္းက်င္ေကာင္းမြန္ေစမႈအေျခအေနမ်ားကို ဆက္လက္ထိန္းသိမ္းေရးႏွင့္ အဏၰဝါ‌ေဂဟစနစ္ပ်က္ယြင္းမႈမရွိေစေရးတို႔အတြက္ လုပ္ေဆာင္လ်က္ရွိသည္မ်ားကို အသီးသီးရွင္းလင္းတင္ျပခဲ့ၾကသည္။

လွ်ပ္စစ္ဓာတ္အားမ်ား ေပးေဆာင္ရာတြင္ဓာတ္အားခႏွင့္ကိုက္ညီစြာသုံးစြဲႏိုင္ေရး ႏိုင္ငံအဝန္းလွ်ပ္စစ္ဓာတ္အားမ်ားကို အျပည့္အဝျဖန္႔ျဖဴးႏိုင္ေရးအတြက္ လွ်ပ္စစ္ဓာတ္အားထုတ္ယူႏိုင္မည့္စီမံကိန္းမ်ားေဆာင္႐ြက္ေနသည့္ အ​ေျခအ​ေနမ်ားအား​​ေဆြး​ေႏြးခဲ့ၾကသည္။

လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဦးစီးဌာန အေနျဖင့္ပန္းခင္းစီမံခ်က္အရ အသက္အ႐ြယ္ျပည့္မီသူႏိုင္ငံသားတိုင္း ႏိုင္ငံသားစီစစ္ေရးကဒ္ျပားမ်ားရရွိေစေရး အျခားဝန္ႀကီးဌာနမ်ားႏွင့္ေပါင္းစပ္ညႇိႏႈိင္းေဆာင္႐ြက္လ်က္ရွိသည့္အေျခအေနတို႔ကိုလည္း ရွင္းလင္းခဲ့ၾကသည္။

အလားတူ ထားဝယ္တကၠသိုလ္၊ၿမိတ္တကၠသိုလ္တို႔တြင္ သင္ၾကားေပးလ်က္ရွိသည့္ဘာသာရပ္မ်ားအျပင္ စီးပြားေရးဆိုင္ရာဘာသာရပ္ႏွင့္ဥပ‌ဒ ဆိုင္ရာဘာသာရပ္မ်ားကိုပါ သင္ၾကားေပးႏိုင္ေရးေဆာင္႐ြက္လ်က္ရွိၿပီး ေဒသႏွင့္ကိုက္ညီသည့္ ေရထြက္သယံဇာတထုတ္ယူျခင္း၊ထိန္းသိမ္းျခင္းလုပ္ငန္းမ်ားကို အေထာက္အကူျဖစ္ေစရန္ အဏၰဝါသိပၸံဘာသာရပ္ ေလ့က်င့္ေရးစခန္းတစ္ခု ဖြင့္လွစ္ေဆာင္႐ြက္သြားမည့္လုပ္ငန္းမ်ားအေၾကာင္းရွင္းလင္းတင္ျပခဲ့ၾကသည္။

 လမ္း၊တံတားမ်ားကို အဆင့္ျမႇင့္တင္ေဆာင္႐ြက္ေပးလ်က္ရွိရာတြင္ေက်းလက္လမ္းတံတားမ်ားကို ဦးစားေပးေဆာင္႐ြက္လ်က္ရွိသည့္အေျခအေနကိုေဆြးေႏြးၾကသည္။

‌ကိုဗစ္(၁၉)ေရာဂါ တတိယလႈိင္းကာလအတြင္း တနသၤာရီတိုင္းအေနျဖင့္ ေရာဂါကူးစက္မႈျဖစ္ေပၚခဲ့ၿပီး လက္ရွိအခ်ိန္တြင္ကိုဗစ္(၁၉)ေရာဂါ စတုတၳလႈိင္းျဖစ္ေပၚမႈကို ႀကိဳတင္ကာကြယ္ႏိုင္ေရး တနၤသာရီတိုင္းအတြင္းကာကြယ္ေဆးထိုးႏွံ႔ၿပီးစီးမႈတို႔ကို သက္ဆိုင္ရာျပည္ေထာင္စုဝန္ႀကီးမ်ားက ရွင္းလင္းတင္ျပခဲ့ၾကသည္။

နစက ဥကၠ႒သည္ ညေနပိုင္းတြင္လည္း ကမ္း႐ိုးတန္းေဒသတိုင္းစစ္ဌာနခ်ဳပ္၊ေမာရဝတီေရတပ္စခန္းဌာနခ်ဳပ္မွ စစ္သည္မိသားစုမ်ားႏွင့္လည္းေတြ႕ဆုံခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here