မြစ်ကြီးနားမြို့ အေးမြသာယာစျေးအနီးတံတားအုတ်ခုံတွင် ဗုံးပေါက်ကွဲမှုဖြစ်

0
133

မြစ်ကြီးနားမြို့ အေးမြသာယာစျေးအနီးတံတားအုတ်ခုံတွင် ဗုံးပေါက်ကွဲမှုဖြစ်

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊အေးမြသာယာစျေးအနီးရှိ လမ်းသွယ်(၉)ထိပ် တံတားအုတ်ခုံတွင် ဇန်နဝါရီ ၁၅ ရက်(ယနေ့)နေ့လည် ၃ နာရီခန့်က ဗုံးပေါက်ကွဲခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားချိန်တွင် ဖြတ်သန်းသွားလာသူများမရှိသဖြင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

“အုန်းဆိုတဲ့အသံကြီးကြားလိုက်လို့ ကြားပြီးပြီးချင်းထွက်မကြည့်ရဲသေးဘူး ပစ်သံတွေများကြားရအုံးမလားလို့စောင့်နားထောင်ပြီးမှထွက်ကြည့်ရတာ”ဟုဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် လက်ပစ်ဗုံးဖြင့်ပစ်ခတ်ခဲ့ခြင်းမဟုတ်ဘဲ တံတားအုတ်ခုံအနီး၌ မိုင်းထောင်ဖောက်ခွဲခြင်းဖြစ်ပြီး တံတားအုတ်ခုံပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များ၏ စစ်ဆေးချက်အရ တံ တားအုတ်ခုံပျက်ဆီးကာ အခင်းဖြစ်နေရာအနီး၌ သံဘောစေ့များအားစစ်ဆေးတွေ့ရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

“စစ်ဆေးတာတွေတော့လုပ်နေတယ် ဖြတ်သွားဖြတ်လာတွေ အဲ့အနားမှာနေတဲ့သူတွေကိုလည်း မေးတာတွေရှိတယ် မိုင်းလာထောင်သွားတာတွေ့လား မြင်လိုက်လားဆိုပြီးမေးတာတွေရှိတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

Zaw Gyi

ျမစ္ႀကီးနားၿမိဳ႕ ေအးျမသာယာေစ်းအနီးတံတားအုတ္ခုံတြင္ ဗုံးေပါက္ကြဲမႈျဖစ္

ကခ်င္ျပည္နယ္၊ျမစ္ႀကီးနားၿမိဳ႕၊ေအးျမသာယာေစ်းအနီးရွိ လမ္းသြယ္(၉)ထိပ္ တံတားအုတ္ခုံတြင္ ဇန္နဝါရီ ၁၅ ရက္(ယေန႔)ေန႔လည္ ၃ နာရီခန္႔က ဗုံးေပါက္ကြဲခဲ့သည္ဟု ေဒသခံမ်ားထံမွ သိရသည္။

ဗုံးေပါက္ကြဲမႈျဖစ္ပြားခ်ိန္တြင္ ျဖတ္သန္းသြားလာသူမ်ားမရွိသျဖင့္ ထိခိုက္ဒဏ္ရာရရွိမႈမရွိခဲ့ေၾကာင္း သိရသည္။

“အုန္းဆိုတဲ့အသံႀကီးၾကားလိုက္လို႔ ၾကားၿပီးၿပီးခ်င္းထြက္မၾကည့္ရဲေသးဘူး ပစ္သံေတြမ်ားၾကားရအုံးမလားလို႔ေစာင့္နားေထာင္ၿပီးမွထြက္ၾကည့္ရတာ”ဟုေဒသခံတစ္ဦးကေျပာသည္။

ျဖစ္စဥ္တြင္ လက္ပစ္ဗုံးျဖင့္ပစ္ခတ္ခဲ့ျခင္းမဟုတ္ဘဲ တံတားအုတ္ခုံအနီး၌ မိုင္းေထာင္ေဖာက္ခြဲျခင္းျဖစ္ၿပီး တံတားအုတ္ခုံပ်က္စီးမႈမ်ားျဖစ္ေပၚခဲ့သည္ဟု ေဒသခံမ်ားထံမွ သိရသည္။

လုံၿခဳံေရးအဖြဲ႕ဝင္မ်ား၏ စစ္ေဆးခ်က္အရ တံ တားအုတ္ခုံပ်က္ဆီးကာ အခင္းျဖစ္ေနရာအနီး၌ သံေဘာေစ့မ်ားအားစစ္ေဆးေတြ႕ရွိခဲ့သည္ဟု ေဒသခံမ်ားထံမွ သိရသည္။

“စစ္ေဆးတာေတြေတာ့လုပ္ေနတယ္ ျဖတ္သြားျဖတ္လာေတြ အဲ့အနားမွာေနတဲ့သူေတြကိုလည္း ေမးတာေတြရွိတယ္ မိုင္းလာေထာင္သြားတာေတြ႕လား ျမင္လိုက္လားဆိုၿပီးေမးတာေတြရွိတယ္”ဟုေဒသခံတစ္ဦးကေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here