သောင်ရင်းမြစ်ဘေးရှိ စစ်ဘေးရှောင်များထပ်မံရွှေ့ပြောင်းနေရ

0
187

သောင်ရင်းမြစ်ဘေးရှိ စစ်ဘေးရှောင်များထပ်မံရွှေ့ပြောင်းနေရ

ကရင်ပြည်နယ်၊မြဝတီမြို့နယ်နှင့်ကော့ကရိတ်မြို့နယ်များအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် လက် နက်ကြီးပစ်ခတ်မှုများကြောင့် ဘေးလွတ်ရာသို့ထပ်မံရွှေ့ပြောင်းလျက်ရှိသည်ဟု စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

“ထပ်ရွှေ့တဲ့နေရာကလည်း သောင်ရင်းမြစ်ဘေးမှာပါပဲ ဒါပေမယ့် သူတို့လက်ရှိနေရာနဲ့အတော်ဝေးတဲ့နေရာ လက်နက်ကြီးကျည်မရောက်နိုင်တဲ့နေရာတွေကိုရွှေ့တာပါ”ဟုစစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောသည်။

ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးတွင်ရောက်ရှိနေသည့် စစ်ဘေးရှောင်ဦးရေများစွာရှိပြီး အခက်အခဲများနှင့်အကူအညီများလိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

“အခုကတော့ သောင်ရင်းမြစ်ဘေးရောက်နေတဲ့ စစ်ဘေးရှောင်တွေကို ထိုင်းဖက်ခြမ်းမှာနေတဲ့မြန်မာတွေက ထမင်းထုတ်တွေလိုက်ဝေပေးတယ် လိုအပ်တာတွေကိုလည်း ကျွန်တော်တို့ကနိုင်သ လောက်ဖြည့်ဆည်းပေးနေတယ်”ဟုစစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောသည်။

သောင်ရင်းမြစ်ဘေးတစ်လျှောက်နှင့်မြစ်ကမ်းဘေးရှိ တောထဲတွင်စစ်ဘေးရှောင်များမှာ ယာယီ တဲများထိုး၍ နေထိုင်လျက်ရှိသည်။

ယာယီတဲများထိုး၍နေထိုင်လျက်ရှိသော်လည်း စောင်၊ခြင်ထောင်၊ခေါင်းအုံး၊အနွေးထည်၊အခင်းများခင်းရန်နှင့်အမိုးအကာများပြုလုပ်ရန် တာလလပတ်စများလိုအပ်လျက်ရှိကာ ကျန်းမာရေးစောင့်ရှောက်မှုများ၊ဆေးဝါးများ၊ကလေးများပါဝင်သဖြင့် နို့မှုန့်ဗူးများ၊ကလေးအသုံးအဆောင်ပစ္စည်းများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။

Photo_ KNM

Zaw Gyi

ေသာင္ရင္းျမစ္ေဘးရွိ စစ္ေဘးေရွာင္မ်ားထပ္မံေ႐ႊ႕ေျပာင္းေနရ

ကရင္ျပည္နယ္၊ျမဝတီၿမိဳ႕နယ္ႏွင့္ေကာ့ကရိတ္ၿမိဳ႕နယ္မ်ားအတြင္း ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားေၾကာင့္ ထိုင္း-ျမန္မာနယ္စပ္ ေသာင္ရင္းျမစ္ေဘးေရာက္ရွိေနသည့္ စစ္ေဘးေရွာင္မ်ားသည္ လက္ နက္ႀကီးပစ္ခတ္မႈမ်ားေၾကာင့္ ေဘးလြတ္ရာသို႔ထပ္မံေ႐ႊ႕ေျပာင္းလ်က္ရွိသည္ဟု စစ္ေဘးေရွာင္ကူညီသူမ်ားထံမွ သိရသည္။

“ထပ္ေ႐ႊ႕တဲ့ေနရာကလည္း ေသာင္ရင္းျမစ္ေဘးမွာပါပဲ ဒါေပမယ့္ သူတို႔လက္ရွိေနရာနဲ႔အေတာ္ေဝးတဲ့ေနရာ လက္နက္ႀကီးက်ည္မေရာက္ႏိုင္တဲ့ေနရာေတြကိုေ႐ႊ႕တာပါ”ဟုစစ္ေဘးေရွာင္ကူညီသူတစ္ဦးကေျပာသည္။

ထိုင္း-ျမန္မာနယ္စပ္ ေသာင္ရင္းျမစ္ေဘးတြင္ေရာက္ရွိေနသည့္ စစ္ေဘးေရွာင္ဦးေရမ်ားစြာရွိၿပီး အခက္အခဲမ်ားႏွင့္အကူအညီမ်ားလိုအပ္လ်က္ရွိေၾကာင္း စစ္ေဘးေရွာင္ကူညီသူမ်ားထံမွ သိရသည္။

“အခုကေတာ့ ေသာင္ရင္းျမစ္ေဘးေရာက္ေနတဲ့ စစ္ေဘးေရွာင္ေတြကို ထိုင္းဖက္ျခမ္းမွာေနတဲ့ျမန္မာေတြက ထမင္းထုတ္ေတြလိုက္ေဝေပးတယ္ လိုအပ္တာေတြကိုလည္း ကြၽန္ေတာ္တို႔ကႏိုင္သ ေလာက္ျဖည့္ဆည္းေပးေနတယ္”ဟုစစ္ေဘးေရွာင္ကူညီသူတစ္ဦးကေျပာသည္။

ေသာင္ရင္းျမစ္ေဘးတစ္ေလွ်ာက္ႏွင့္ျမစ္ကမ္းေဘးရွိ ေတာထဲတြင္စစ္ေဘးေရွာင္မ်ားမွာ ယာယီ တဲမ်ားထိုး၍ ေနထိုင္လ်က္ရွိသည္။

ယာယီတဲမ်ားထိုး၍ေနထိုင္လ်က္ရွိေသာ္လည္း ေစာင္၊ျခင္ေထာင္၊ေခါင္းအုံး၊အေႏြးထည္၊အခင္းမ်ားခင္းရန္ႏွင့္အမိုးအကာမ်ားျပဳလုပ္ရန္ တာလလပတ္စမ်ားလိုအပ္လ်က္ရွိကာ က်န္းမာေရးေစာင့္ေရွာက္မႈမ်ား၊ေဆးဝါးမ်ား၊ကေလးမ်ားပါဝင္သျဖင့္ ႏို႔မႈန္႔ဗူးမ်ား၊ကေလးအသုံးအေဆာင္ပစၥည္းမ်ားလည္း လိုအပ္လ်က္ရွိေၾကာင္း သိရသည္။

Photo_ KNM


LEAVE A REPLY

Please enter your comment!
Please enter your name here