ရုရှားနိုင်ငံမှဝယ်ယူထားသည့် Spuntnik Light ကိုဗစ်(၁၉)‌ရောဂါကာကွယ်ဆေး ၅ သိန်းကျော်ထပ် မံရောက်ရှိ

0
110

ရုရှားနိုင်ငံမှဝယ်ယူထားသည့် Spuntnik Light ကိုဗစ်(၁၉)‌ရောဂါကာကွယ်ဆေး ၅ သိန်းကျော်ထပ် မံရောက်ရှိ

ရုရှားနိုင်ငံမှဝယ်ယူထားသည့် ရုရှားနိုင်ငံထုတ် လူတစ်ဦးလျင်တစ်ကြိမ်သာထိုးရန်လိုအပ်သည့် Spuntnik Light ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး ၅၁၂၀၀၀ သည် ဇန်နဝါရီ ၁၆ ရက်နံနက် ၅ နာရီက ကာတာလေကြောင်းလိုင်းဖြင့် ရန်ကုန်လေဆိပ်သို့ရောက်ရှိလာခဲ့သည်။

ရောက်ရှိလာသည့် ကာကွယ်ဆေးများအား ရန်ကုန်လေဆိပ်တွင် ရန်ကုန်တိုင်း၊ပြည်သူ့ကျန်းမာ ရေးနှင့်ကုသရေးဦးစီးဌာန၏ ဒု-ညွှန်ကြားရေးမှူး ချုပ်ဒေါက်တာကျော်ကံကောင်းက လက်ခံရယူခဲ့သည်။

“ကာကွယ်ဆေးတွေက ကိုယ်ဝန်ဆောင်မိခင်တွေ နို့တိုက်မိခင်တွေ ထိုးလို့မရပါဘူး Sinovac ကိုဗစ်ကာကွယ်ဆေးဆိုရင်လည်းထိုးလို့မရသေးဘူး ကိုဗစ်ကာကွယ်ဆေးဆိုတာကပ်ရောဂါဖြစ်မှထိုးလို့ရတာဖြစ်ပါတယ် သုံးစွဲမှုအတွေ့အကြုံက ၂ နှစ်မပြည့်သေးဘူး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း အရေးပေါ်အခြေအနေမှာအသုံးပြုဖို့ထုတ်ပြန်ထားပါတယ်”ဟု ဒု-ညွှန်ကြားရေးမှူူချုပ်ဒေါက်တာကျော်ကံကောင်းကပြောသည်။

ဇန်နဝါရီ ၁၃ ရက်ကလည်း ရုရှား-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် ကိုဗစ်(၁၉) ရောဂါကာကွယ်ဆေး Spuntnik Light ၄ သိန်းရောက်ရှိလာပြီးဖြစ်သည်။

Zaw Gyi

႐ုရွားႏိုင္ငံမွဝယ္ယူထားသည့္ Spuntnik Light ကိုဗစ္(၁၉)‌ေရာဂါကာကြယ္ေဆး ၅ သိန္းေက်ာ္ထပ္ မံေရာက္ရွိ

႐ုရွားႏိုင္ငံမွဝယ္ယူထားသည့္ ႐ုရွားႏိုင္ငံထုတ္ လူတစ္ဦးလ်င္တစ္ႀကိမ္သာထိုးရန္လိုအပ္သည့္ Spuntnik Light ကိုဗစ္(၁၉)ေရာဂါကာကြယ္ေဆး ၅၁၂၀၀၀ သည္ ဇန္နဝါရီ ၁၆ ရက္နံနက္ ၅ နာရီက ကာတာေလေၾကာင္းလိုင္းျဖင့္ ရန္ကုန္ေလဆိပ္သို႔ေရာက္ရွိလာခဲ့သည္။

ေရာက္ရွိလာသည့္ ကာကြယ္ေဆးမ်ားအား ရန္ကုန္ေလဆိပ္တြင္ ရန္ကုန္တိုင္း၊ျပည္သူ႔က်န္းမာ ေရးႏွင့္ကုသေရးဦးစီးဌာန၏ ဒု-ၫႊန္ၾကားေရးမႉး ခ်ဳပ္ေဒါက္တာေက်ာ္ကံေကာင္းက လက္ခံရယူခဲ့သည္။

“ကာကြယ္ေဆးေတြက ကိုယ္ဝန္ေဆာင္မိခင္ေတြ ႏို႔တိုက္မိခင္ေတြ ထိုးလို႔မရပါဘူး Sinovac ကိုဗစ္ကာကြယ္ေဆးဆိုရင္လည္းထိုးလို႔မရေသးဘူး ကိုဗစ္ကာကြယ္ေဆးဆိုတာကပ္ေရာဂါျဖစ္မွထိုးလို႔ရတာျဖစ္ပါတယ္ သုံးစြဲမႈအေတြ႕အႀကဳံက ၂ ႏွစ္မျပည့္ေသးဘူး ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးကလည္း အေရးေပၚအေျခအေနမွာအသုံးျပဳဖို႔ထုတ္ျပန္ထားပါတယ္”ဟု ဒု-ၫႊန္ၾကားေရးမႉူခ်ဳပ္ေဒါက္တာေက်ာ္ကံေကာင္းကေျပာသည္။

ဇန္နဝါရီ ၁၃ ရက္ကလည္း ႐ုရွား-ျမန္မာႏွစ္ႏိုင္ငံခ်စ္ၾကည္ေရးအထိမ္းအမွတ္အျဖစ္ ကိုဗစ္(၁၉) ေရာဂါကာကြယ္ေဆး Spuntnik Light ၄ သိန္းေရာက္ရွိလာၿပီးျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here