မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်မှု ယခင်ထက်တိုးလာပြီး တရုတ်နယ်စပ်ကုန်သွယ်မှုကန်ဒေါ်လာသန်း၁၄၀၀ကျော် လျှော့ကျသွား

0
242

မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်မှု ယခင်ထက်တိုးလာပြီး တရုတ်နယ်စပ်ကုန်သွယ်မှုကန်ဒေါ်လာသန်း၁၄၀၀ကျော် လျှော့ကျသွား

နိုင်ငံအတွင်းက နယ်စပ်ကုန်သွယ်ရေးစခန်းတွေထဲ ကုန်သွယ်မှုဝင်ငွေအများဆုံးရတဲ့ ထိပ်ဆုံးစာရင်းနေရာကပဲ အစဉ်တစ်စိုက် ရပ်တည်နေတဲ့ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းများရဲ့ ကုန်သွယ်မှုဝင်ငွေဟာ ၂၀၂၁ နောက်ဆုံး ၃လမှာတော့ အမေရိကန်ဒေါ်လာ သန်း၃၅၀ကျော်ပဲ ကုန်သွယ်နိုင်ခဲ့တာတွေ့ရပြီး ဒီကုန်သွယ်မှုငွေဟာ အရင်နှစ်ကာလတူကထက် ၄ပုံ ၃ပုံ လျှော့ကျသွားတာဖြစ်တယ်လို့ နစကစီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာတွေ့ရပါတယ်။

၂၀၂၁နောက်ဆုံး ၃လမှာ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းတွေဖြစ်တဲ့ မူဆယ်၊လွယ်ဂျယ်၊ချင်းရွှေဟော်၊ကန်ပိုက်တီး၊ကျိုင်းတုံ စခန်းတွေရဲ့ ကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာသန်းပေါင်း ၃၅၄.၈၀၆ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ နောက်ဆုံး ၃လမှာ အဲ့ဒီစခန်းအားလုံးရဲ့ ကုန်သွယ်မှုရငွေဟာ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၈၄၀.၆၅၃ ရရှိခဲ့တာဖြစ်ပါတယ်။

ဒီစာရင်းနှစ်ခုကို နှိုင်းယှဉ်လိုက်မယ်ဆိုရင် ကွာဟလျော့နည်း ချက်အနေနဲ့ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၄၈၅.၈၄၇ ရှိနေတာဖြစ်ပါတယ်။သွင်းကုန်ပိုင်းနဲ့ဆိုရင် ၃လအတွင်း အမေရိကန်ဒေါ်လာသန်း၅၀၀ကျော်၊ပို့ကုန်ပိုင်းမှာဆိုရင် အမေရိကန်ဒေါ်လာသန်းပေါင်း ၉၇၀ကျော် ယခင်ကာလတူထက် လျော့နည်းသွားတာတွေ့ရပါတယ်။

မူဆယ်အခြေစိုက်နယ်စပ်ကုန်သည်ကြီးတစ်ဦးက“အခုလ အခြေအနေကို ပြောရရင် ယခင်နှစ်တူထက်ကို ၅၀ရာခိုင်နှုန်းလောက် ထိုးကျသွားတယ်။အရောင်းအဝယ်တွေက သိပ်မဖြစ်ဘူး။အရင် ၃လတုန်းက ကုန်သွယ်မှုလျော့ခဲ့တာက အဓိကကတော့ ကုန်သွယ်ရေးစခန်းတွေကို တရုတ်ဖက်က ကိုဗစ်အကြောင်းပြပြီး ယာယီပိတ်ခဲ့တာရှိတယ်။ပြန်ဖွင့်လိုက်တော့လည်းပဲ တရုတ်ဘက်က မူဝါဒအချို့တွေကြောင့် ဥပမာ တရုတ်ဖက်ကို တရုတ်ကားတွေ့ပဲ ဝင်ရမယ် ဒီလိုမျိုးတွေပေါ့ ။မြန်မာကား၊မြန်မာယာဉ်မောင်းဝင်လို့ မရဘူး။ကိုဗစ်ကြောင့်ဆိုပြီး။အခုလက်ရှိမှာ ဆန်အိတ်၁၀၀၀ကို တရုတ်ဘက်ပို့ရင် ၂၂ဘီးကားတစ်စီးကို သိန်း၁၀၀လောက်ကျတယ်။အရင်က ၁၀သိန်းလောက်ပဲ ရှိတယ်။ဒီတော့ မကိုက်တော့ဘူး။ဒါတော့ ၂မိုင်၊၃မိုင်လောက်ပဲ ရှိတဲ့ ခရီးနော်။ဒါကြောင့် အရင်လိုမျိုး သွက်သွက်လက်လက် တင်မပို့နိုင်တာရှိနေတယ်။အရင်က ကားအစီးရေ ရာချီသွားနေတာ အခု ဆယ်ချီလောက်ပဲ သွားနိုင်တော့ ဒီတော့ အခု နယ်စပ်ကုန်သွယ်ရေးပြန်ဖွင့်လိုက်ပေမယ့် အရောင်းအဝယ်က မဖြစ်ကြဘူး။နောက်ပြီး နှစ်ကူးလည်း နီးတော့ အလုပ်သိပ်မလုပ်ကြဘူး။ဒီတော့ အတော်ကို အေးတယ်”လို့ ပြောပါတယ်။

တရုတ်နယ်စပ်ကုန်သွယ်မှုအပိုင်းမှာ ကျဆင်းနေပေမယ့် မြန်မာ-ထိုင်း ကုန်သွယ်မှုကတော့ ၂၀၂၁ နောက်ဆုံး၃လဟာ အရင်ကာလတူကထက် ပိုများနေတာရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ နောက်ဆုံး၃လမှာ မြန်မာ-ထိုင်းကုန်သွယ်မှုက အမေရိကန်ဒေါ်လာသန်း ၁၀၀၀ တောင်မပြည့်ခဲ့တာမှာ အခု ၂၀၂၁နောက်ဆုံး ၃လမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၂၅၅ ကျော် ရှိနေတာပါ။

အထူးသဖြင့် မြဝတီနယ်စပ်ကနေ ကုန်သွယ်မှုက အရင်ထက် နှစ်ဆကျော် ပိုများနေတာရှိပါတယ်။

Zaw Gyi

ျမန္မာ-ထိုင္းနယ္စပ္ကုန္သြယ္မႈ ယခင္ထက္တိုးလာၿပီး တ႐ုတ္နယ္စပ္ကုန္သြယ္မႈကန္ေဒၚလာသန္း၁၄၀၀ေက်ာ္ ေလွ်ာ့က်သြား

ႏိုင္ငံအတြင္းက နယ္စပ္ကုန္သြယ္ေရးစခန္းေတြထဲ ကုန္သြယ္မႈဝင္ေငြအမ်ားဆုံးရတဲ့ ထိပ္ဆုံးစာရင္းေနရာကပဲ အစဥ္တစ္စိုက္ ရပ္တည္ေနတဲ့ ျမန္မာ-တ႐ုတ္ နယ္စပ္ကုန္သြယ္ေရးစခန္းမ်ားရဲ႕ ကုန္သြယ္မႈဝင္ေငြဟာ ၂၀၂၁ ေနာက္ဆုံး ၃လမွာေတာ့ အေမရိကန္ေဒၚလာ သန္း၃၅၀ေက်ာ္ပဲ ကုန္သြယ္ႏိုင္ခဲ့တာေတြ႕ရၿပီး ဒီကုန္သြယ္မႈေငြဟာ အရင္ႏွစ္ကာလတူကထက္ ၄ပုံ ၃ပုံ ေလွ်ာ့က်သြားတာျဖစ္တယ္လို႔ နစကစီးပြားကူးသန္းရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတာေတြ႕ရပါတယ္။

၂၀၂၁ေနာက္ဆုံး ၃လမွာ ျမန္မာ-တ႐ုတ္နယ္စပ္ကုန္သြယ္ေရးစခန္းေတြျဖစ္တဲ့ မူဆယ္၊လြယ္ဂ်ယ္၊ခ်င္းေ႐ႊေဟာ္၊ကန္ပိုက္တီး၊က်ိဳင္းတုံ စခန္းေတြရဲ႕ ကုန္သြယ္မႈဟာ အေမရိကန္ေဒၚလာသန္းေပါင္း ၃၅၄.၈၀၆ ရွိခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၂၀ ေနာက္ဆုံး ၃လမွာ အဲ့ဒီစခန္းအားလုံးရဲ႕ ကုန္သြယ္မႈရေငြဟာ အေမရိကန္ေဒၚလာသန္းေပါင္း ၁၈၄၀.၆၅၃ ရရွိခဲ့တာျဖစ္ပါတယ္။

ဒီစာရင္းႏွစ္ခုကို ႏႈိင္းယွဥ္လိုက္မယ္ဆိုရင္ ကြာဟေလ်ာ့နည္း ခ်က္အေနနဲ႔ အေမရိကန္ေဒၚလာသန္းေပါင္း ၁၄၈၅.၈၄၇ ရွိေနတာျဖစ္ပါတယ္။သြင္းကုန္ပိုင္းနဲ႔ဆိုရင္ ၃လအတြင္း အေမရိကန္ေဒၚလာသန္း၅၀၀ေက်ာ္၊ပို႔ကုန္ပိုင္းမွာဆိုရင္ အေမရိကန္ေဒၚလာသန္းေပါင္း ၉၇၀ေက်ာ္ ယခင္ကာလတူထက္ ေလ်ာ့နည္းသြားတာေတြ႕ရပါတယ္။

မူဆယ္အေျခစိုက္နယ္စပ္ကုန္သည္ႀကီးတစ္ဦးက“အခုလ အေျခအေနကို ေျပာရရင္ ယခင္ႏွစ္တူထက္ကို ၅၀ရာခိုင္ႏႈန္းေလာက္ ထိုးက်သြားတယ္။အေရာင္းအဝယ္ေတြက သိပ္မျဖစ္ဘူး။အရင္ ၃လတုန္းက ကုန္သြယ္မႈေလ်ာ့ခဲ့တာက အဓိကကေတာ့ ကုန္သြယ္ေရးစခန္းေတြကို တ႐ုတ္ဖက္က ကိုဗစ္အေၾကာင္းျပၿပီး ယာယီပိတ္ခဲ့တာရွိတယ္။ျပန္ဖြင့္လိုက္ေတာ့လည္းပဲ တ႐ုတ္ဘက္က မူဝါဒအခ်ိဳ႕ေတြေၾကာင့္ ဥပမာ တ႐ုတ္ဖက္ကို တ႐ုတ္ကားေတြ႕ပဲ ဝင္ရမယ္ ဒီလိုမ်ိဳးေတြေပါ့ ။ျမန္မာကား၊ျမန္မာယာဥ္ေမာင္းဝင္လို႔ မရဘူး။ကိုဗစ္ေၾကာင့္ဆိုၿပီး။အခုလက္ရွိမွာ ဆန္အိတ္၁၀၀၀ကို တ႐ုတ္ဘက္ပို႔ရင္ ၂၂ဘီးကားတစ္စီးကို သိန္း၁၀၀ေလာက္က်တယ္။အရင္က ၁၀သိန္းေလာက္ပဲ ရွိတယ္။ဒီေတာ့ မကိုက္ေတာ့ဘူး။ဒါေတာ့ ၂မိုင္၊၃မိုင္ေလာက္ပဲ ရွိတဲ့ ခရီးေနာ္။ဒါေၾကာင့္ အရင္လိုမ်ိဳး သြက္သြက္လက္လက္ တင္မပို႔ႏိုင္တာရွိေနတယ္။အရင္က ကားအစီးေရ ရာခ်ီသြားေနတာ အခု ဆယ္ခ်ီေလာက္ပဲ သြားႏိုင္ေတာ့ ဒီေတာ့ အခု နယ္စပ္ကုန္သြယ္ေရးျပန္ဖြင့္လိုက္ေပမယ့္ အေရာင္းအဝယ္က မျဖစ္ၾကဘူး။ေနာက္ၿပီး ႏွစ္ကူးလည္း နီးေတာ့ အလုပ္သိပ္မလုပ္ၾကဘူး။ဒီေတာ့ အေတာ္ကို ေအးတယ္”လို႔ ေျပာပါတယ္။

တ႐ုတ္နယ္စပ္ကုန္သြယ္မႈအပိုင္းမွာ က်ဆင္းေနေပမယ့္ ျမန္မာ-ထိုင္း ကုန္သြယ္မႈကေတာ့ ၂၀၂၁ ေနာက္ဆုံး၃လဟာ အရင္ကာလတူကထက္ ပိုမ်ားေနတာရွိပါတယ္။

ၿပီးခဲ့တဲ့ ၂၀၂၀ ေနာက္ဆုံး၃လမွာ ျမန္မာ-ထိုင္းကုန္သြယ္မႈက အေမရိကန္ေဒၚလာသန္း ၁၀၀၀ ေတာင္မျပည့္ခဲ့တာမွာ အခု ၂၀၂၁ေနာက္ဆုံး ၃လမွာ အေမရိကန္ေဒၚလာ သန္းေပါင္း ၁၂၅၅ ေက်ာ္ ရွိေနတာပါ။

အထူးသျဖင့္ ျမဝတီနယ္စပ္ကေန ကုန္သြယ္မႈက အရင္ထက္ ႏွစ္ဆေက်ာ္ ပိုမ်ားေနတာရွိပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here