စစ်ကိုင်းတိုင်း အင်းတော်မြို့တွင် ရွှေဆိုင်တစ်ဆိုင်အား သေနတ်ပြခြိမ်းခြောက်၍ ရွှေထည်များဓားပြတိုက်ခံရ

0
174

စစ်ကိုင်းတိုင်း အင်းတော်မြို့တွင် ရွှေဆိုင်တစ်ဆိုင်အား သေနတ်ပြခြိမ်းခြောက်၍ ရွှေထည်များဓားပြတိုက်ခံရ

စစ်ကိုင်းတိုင်း၊အင်းတော်မြို့၊အောင်ချမ်းသာရပ် ကွက်၊သီတာအေးလမ်းရှိနေအိမ်၌ ဖွင့်လှစ်ထားသည့် ရွှေဆိုင်အား အမည်မသိအမျိုးသားငါးဦးက ဇန်နဝါရီ ၁၆ ရက်နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် သေနတ်နှင့်လက်လုပ်မိုင်းများ အသုံးပြုခြိမ်း ခြောက်၍ ရွှေထည်များအား ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်။

သီတာအေးလမ်း၌ ဦးတင်အောင်(၆၆)နှစ်နှင့်ဒေါ်ခင်ခင်ကြီး(၆၁)နှစ်တို့၏နေအိမ်၌ “ဦးတင်အောင် + ဒေါ်ခင်ခင်ကြီး”အမည်ဖြင့် ဖွင့်လှစ်ထားသည့် ရွှေဆိုင်နှင့်အပေါင်ဆိုင်အား Mask တပ်ထားသည့် အမည်မသိအမျိုးသားငါးဦးက ဆိုင်ကယ်နှစ်စီးဖြင့်ရောက်ရှိလာကာ ရွှေပေါင်မည်ဟုပြောဆိုပြီး ဆိုင်အတွင်းသို့ဝင်ရောက်လာခဲ့သည်ဟု သိရသည်။

ဆိုင်အတွင်းရောက်ပြီးနောက် အမျိုးသားနှစ်ဦးက ဆိုင်ပိုင်ရှင်နှစ်ဦးအား သေနတ်များဖြင့်ချိန်ရွယ်၍ နေအိမ် အိပ်ခန်းအတွင်းသို့ချုပ်နှောင်ခေါ်ဆောင်သွားခဲ့သည်။

ထို့အတူ ရွှေဆိုင်၌ကျန်ခဲ့သည့် အမျိုးသားသုံးဦးက မှန်ကောင်တာများအားရိုက်ခွဲ၍ TA တံဆိပ်ပါ ရွှေထည်ပစ္စည်းမျိုးစုံ ၁၄၈၇ ခု(အလေးချိန် ၁ ပိ ဿာ ၆၅ ကျပ်သားခန့်၊ကာလတန်ဖိုးငွေကျပ် ၃၀၆၉ သိန်း)အားယူဆောင်ပြီး လုံခြုံရေးအဖွဲ့ဝင်များအားတိုင်ကြားပါက ဖောက်ခွဲမည်ဟုပြောဆိုကာ နေအိမ်အိပ်ခန်းအတွင်းနှင့်မှန်ကောင်တာအ ပေါ်တို့၌ ရေသန့်ဘူးဖြင့်ပြုလုပ်ထားသည့် လက် လုပ်မိုင်း နှစ်လုံးထောင်၍ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းရှာ ဖွေစစ်ဆေးလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here