(၆)လ ခန့်ပိတ်ထားသည့် လွယ်ဂျယ်-လိုင်းရင်းနယ်စပ်ဂိတ်ပြန်ဖွင့်ကာ ကုန်သွယ်မှုများစတင်

0
263

(Unicode)

(၆)လ ခန့်ပိတ်ထားသည့် လွယ်ဂျယ်-လိုင်းရင်းနယ်စပ်ဂိတ်ပြန်ဖွင့်ကာ ကုန်သွယ်မှုများစတင်

၂၀၂၁ ဇူလိုင်လလယ်ကစပြီး ယာယီပိတ်ထားခဲ့သော တရုတ်-မြန်မာ နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် လွယ်ဂျယ်-လိုင်းရင်းနယ်စပ်ဂိတ်ကို ဇန်နဝါရီ ၁၇ရက် မနက်ပိုင်းက စကာ ပြန်လည် ဖွင့်လှစ်လိုက်ပြီး ကုန်သွယ်မှုများစတင်နေပြီဖြစ်သည်။

အဆိုပါ နယ်စပ်ဂိတ်သည် ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့နယ်တွင် တည်ရှိကာ မြန်မာဘက်က အထူးသဖြင့် ကြံ၊ တစ်သျှူးငှက်ပျောများ တင်ပို့ကာ နေရာတစ်ခုလည်းဖြစ်သည်။

နယ်စပ်ဂိတ်ကိုပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်၍ ကြံနှင့် တစ်သျှူးငှက်ပျောတို့ကို ပြန်လည်တင်ပို့မည်ဖြစ်သည့်အပြင် တစ်ချိန်တည်းမှာပင် ဂိတ်ပိတ်စဉ်က နှစ်နိုင်ငံအတွင်းပိတ်မိနေသည့် ယာဉ်များအား အရေအတွက်တူညီစွာ ဆောင်ရွက်မည်ဟုလည်းသိရသည်။

တရုတ်နိုင်ငံဘက်က ဓါတ်မြေသြဇာ၊အထည်အလိပ်၊အိမ်သုံးကုန်ပစ္စည်းများ တင်သွင်းမည်ဖြစ်သည်။

နယ်စပ်ဂိတ်တွင်ကိုဗစ်ကာကွယ်ဆေး ၂ကြိမ်အပြည့် ထိုးနှံပြီးသည့် ယာဉ်မောင်း၊ယာဉ်နောက်လိုက်၊ကုန်တင်ကုန်ချအလုပ်သမားများ ကိုသာ ဆောင်ရွက်ခွင့်ပြုထားသည်ဟု သိရှိရသည်။

(Zawgyi)

(၆)လ ခန႔္ပိတ္ထားသည့္ လြယ္ဂ်ယ္-လိုင္းရင္းနယ္စပ္ဂိတ္ျပန္ဖြင့္ကာ ကုန္သြယ္မႈမ်ားစတင္

၂၀၂၁ ဇူလိုင္လလယ္ကစၿပီး ယာယီပိတ္ထားခဲ့ေသာ တ႐ုတ္-ျမန္မာ နယ္စပ္ဂိတ္တစ္ခုျဖစ္သည့္ လြယ္ဂ်ယ္-လိုင္းရင္းနယ္စပ္ဂိတ္ကို ဇန္နဝါရီ ၁၇ရက္ မနက္ပိုင္းက စကာ ျပန္လည္ ဖြင့္လွစ္လိုက္ၿပီး ကုန္သြယ္မႈမ်ားစတင္ေနၿပီျဖစ္သည္။

အဆိုပါ နယ္စပ္ဂိတ္သည္ ကခ်င္ျပည္နယ္ ဗန္းေမာ္ခ႐ိုင္ လြယ္ဂ်ယ္ၿမိဳ႕နယ္တြင္ တည္ရွိကာ ျမန္မာဘက္က အထူးသျဖင့္ ႀကံ၊ တစ္သွ်ဴးငွက္ေပ်ာမ်ား တင္ပို႔ကာ ေနရာတစ္ခုလည္းျဖစ္သည္။

နယ္စပ္ဂိတ္ကိုျပန္လည္ဖြင့္လွစ္လိုက္ၿပီျဖစ္၍ ႀကံႏွင့္ တစ္သွ်ဴးငွက္ေပ်ာတို႔ကို ျပန္လည္တင္ပို႔မည္ျဖစ္သည့္အျပင္ တစ္ခ်ိန္တည္းမွာပင္ ဂိတ္ပိတ္စဥ္က ႏွစ္ႏိုင္ငံအတြင္းပိတ္မိေနသည့္ ယာဥ္မ်ားအား အေရအတြက္တူညီစြာ ေဆာင္႐ြက္မည္ဟုလည္းသိရသည္။

တ႐ုတ္ႏိုင္ငံဘက္က ဓါတ္ေျမၾသဇာ၊အထည္အလိပ္၊အိမ္သုံးကုန္ပစၥည္းမ်ား တင္သြင္းမည္ျဖစ္သည္။

နယ္စပ္ဂိတ္တြင္ကိုဗစ္ကာကြယ္ေဆး ၂ႀကိမ္အျပည့္ ထိုးႏွံၿပီးသည့္ ယာဥ္ေမာင္း၊ယာဥ္ေနာက္လိုက္၊ကုန္တင္ကုန္ခ်အလုပ္သမားမ်ား ကိုသာ ေဆာင္႐ြက္ခြင့္ျပဳထားသည္ဟု သိရွိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here