မွေးရာပါနှလုံးအဆို့ မလုံတဲ့ရောဂါဝေဒနာခံစားနေရတဲ့ ကလေးငယ်လေးအတွက် ခွဲစိပ်ကုသရန် အလှူရှင်များ လိုအပ်ကြောင်းပြောလာခဲ့တဲ့ သရုပ်ဆောင် သွင်ပပအောင်
မွေးရာပါနှလုံးအဆို့မလုံရောဂါဝေဒနာကိုခံစားနေရတဲ့ ကလေးငယ်လေးအတွက် နှလုံးအဆို့ရှင်ကိုခွဲစိပ်ကုသရန် ခွဲစိပ်ကုသစရိတ်များစွာကုန်ကျမှာဖြစ်တဲ့အတွက်တတ်နိုင်သလောက်ကူညီပေးနိုင်မယ့်အလှူရှင်များလိုအပ်ကြောင်း သရုပ်ဆောင်သွင်ပပအောင်က ပြောပါတယ်။
အဆိုပါအကြောင်းအရာနဲ့ပတ်သက်ပြီး သရုပ်ဆောင်သွင်ပပအောင်က ” ပပ ပရဟိတ ဆေးကုရင်းတွေ့ခဲ့တဲ့ကလေးလေးတစ်ယောက်အတွက် အလှူခံချင်လို့ပါ။ ကလေးကမွေးရာပါ နှလုံးအဆို့ မလုံတဲ့ရောဂါ ခံစားနေရတာပါ။ တဖြည်းဖြည်းနဲ့ အခြေအနေဆိုးလာတာ ခုဆိုရင် ထိုင်နေရင်းနဲ့ မောနေတဲ့အဆင့် ဖြစ်နေပါတယ်။ နှလုံးအဆို့ရှင်ကို ခွဲစိတ်ဖာထေးလိုက်ရင်တော့ သူ သက်သာသွားမှာပါ။ အစိုးရ ဆေးရုံမှာ ခွဲစိတ်ရင်ကို သိန်း ၃၀ လောက်ကုန်မှာမို့ သူတို့သားအမိ အလှူရှင်ကို စောင့်နေကြတာ တော်တော်ကြာပါပြီရှင်။ တတ်နိုင်သလောက် ကူပေးကြပါဦး ” လို့ ပြောပါတယ်။
သရုပ်ဆောင်သွင်ပပအောင်က အခုလက်ရှိမှာသန်လျင်သဘာဝတရားရိပ်သာမှာ ပရဟိတအနေနဲ့ကုသိုလ်ဖြစ်ဆေးကုပေးနေသူလည်းဖြစ်ပါတယ်
Zaw Gyi