ရှမ်း(မြောက်)မှကချင်ပြည်နယ်သို့ သယ်လာသည့် ဘိန်းဖြူများအား မိုးကုတ်မြို့နယ်တွင်ဖမ်းမိ

0
259

(Unicode)

ရှမ်း(မြောက်)မှကချင်ပြည်နယ်သို့ သယ်လာသည့် ဘိန်းဖြူများအား မိုးကုတ်မြို့နယ်တွင်ဖမ်းမိ

မန္တလေးတိုင်း၊မိုးကုတ်မြို့နယ်၊လယ်ကြီးပူးပေါင်းစစ်ဆေးရေးစခန်းတွင် ဇန်နဝါရီ ၁၄ ရက်ည ၇ နာ ရီခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့ဝင်များပါသည့် ပူးပေါင်းအဖွဲ့က ခြောက်ဘီးကားပေါ်မှဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ရဲ တပ်ဖွဲ့မှ သိရသည်။

မိုင်းလုံဘက်မှမိုးကုတ်ဘက်သို့ ထွန်းလင်းထက် မောင်းနှင်ကာ ကျော်ရင် လိုက်ပါလာသည့် NISSAN DIESEL ခြောက်ဘီးကားအား သတင်းအရရှာဖွေစစ်ဆေးရာမှဖမ်းဆီးရမိခဲ့ခြင်းဖြစ် သည်။

ကားပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၄၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ(၁၉ ဒသမ ၈ ကီ လို)အား ဖမ်းဆီးရမိခဲ့သည်။

ဘိန်းဖြူများသယ်ဆောင်လာသူနှစ်ဦးအား မူး ယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေး ဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအ တွက် စစ်ဆေးလျက်ရှိသည်။

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here