မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် YMBAအတွင်းရေးမှူး သေနတ်ပစ်ခံရ၍ သေဆုံး

0
166

(Unicode)

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် YMBAအတွင်းရေးမှူး သေနတ်ပစ်ခံရ၍ သေဆုံး

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျုံကဒတ် ကျေးရွာမှာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ မြို့နယ် ဗုဒ္ဓကလျာဏ ယုဝအသင်း (YMBA) အတွင်းရေးမှူး ဦးဌေးအောင်သေဆုံးသွားခဲ့တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။

“သေနတ်နဲ့ ပစ်ခံရတာပေါ့။သူက ကျုံကဒက်ကျေးရွာက ဈေးဆိုင်မှာရှိနေချိန် ဆိုင်ကယ်စီးလာတဲ့ သူနှစ်ဦးက ပစ်သွားတာ”လို့ အထက်ပါ ရဲအရာရှိကပြောပါတယ်။

ပြီးခဲ့သည့် ၂၀၂၁ အောက်တိုဘာလ (၇) ရက်၊ နံနက်ပိုင်းကလည်း ပေါင်မြို့နယ်၊ ဗုဒ္ဓကလျာဏယုဝအသင်း (YMBA) နာယကအဖွဲ့ဝင်တစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရပြီးသေဆုံးခဲ့တဲ့ဖြစ်စဉ်လည်းဖြစ်ပွားခဲ့တာရှိပါတယ်။

(Zawgyi)

မြန္ျပည္နယ္ သံျဖဴဇရပ္ၿမိဳ႕နယ္ YMBAအတြင္းေရးမႉး ေသနတ္ပစ္ခံရ၍ ေသဆုံး

မြန္ျပည္နယ္ သံျဖဴဇရပ္ၿမိဳ႕နယ္ က်ဳံကဒတ္ ေက်း႐ြာမွာ ေသနတ္နဲ႔ ပစ္ခတ္ခံရလို႔ ၿမိဳ႕နယ္ ဗုဒၶကလ်ာဏ ယုဝအသင္း (YMBA) အတြင္းေရးမႉး ဦးေဌးေအာင္ေသဆုံးသြားခဲ့တယ္လို႔ ျပည္နယ္ရဲတပ္ဖြဲ႕အႀကီးတန္းအရာရွိတစ္ဦးက ေျပာပါတယ္။

“ေသနတ္နဲ႔ ပစ္ခံရတာေပါ့။သူက က်ဳံကဒက္ေက်း႐ြာက ေဈးဆိုင္မွာရွိေနခ်ိန္ ဆိုင္ကယ္စီးလာတဲ့ သူႏွစ္ဦးက ပစ္သြားတာ”လို႔ အထက္ပါ ရဲအရာရွိကေျပာပါတယ္။

ၿပီးခဲ့သည့္ ၂၀၂၁ ေအာက္တိုဘာလ (၇) ရက္၊ နံနက္ပိုင္းကလည္း ေပါင္ၿမိဳ႕နယ္၊ ဗုဒၶကလ်ာဏယုဝအသင္း (YMBA) နာယကအဖြဲ႕ဝင္တစ္ဦး ေသနတ္နဲ႔ ပစ္သတ္ခံရၿပီးေသဆုံးခဲ့တဲ့ျဖစ္စဥ္လည္းျဖစ္ပြားခဲ့တာရွိပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here