သာကေတ Water Boom အနီးတွင် ကိုယ်ပိုင်ကားနှင့်ကွန်တိန်နာကားတိုက်မိပြီး ကားနှစ်စီးပေါ် ကွန်တိန်နာတိမ်းမှောက် ခြောက်ဦးဒဏ်ရာရ

0
214

(Unicode)

သာကေတ Water Boom အနီးတွင် ကိုယ်ပိုင်ကားနှင့်ကွန်တိန်နာကားတိုက်မိပြီး ကားနှစ်စီးပေါ် ကွန်တိန်နာတိမ်းမှောက် ခြောက်ဦးဒဏ်ရာရ

သာကေတ Water Boom အနီးတွင် ကိုယ်ပိုင်ကားနှင့်ကွန်တိန်နာကားတိုက်မိပြီး ကားနှစ်စီးပေါ် ကွန်တိန်နာတိမ်းမှောက် ခြောက်ဦးဒဏ်ရာရ

ရန်ကုန်မြို့၊သာကေတမြို့နယ်၊ရှု့ခင်းသာမြို့ပတ် လမ်းရှိ Water Boom အနီးတွင် ယနေ့နေ့လည် ၁ နာရီကျော်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သာကေတမြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းများမှ သိရသည်။

ဖြစ်စဥ်တွင် ကိုယ်ပိုင်ကားနှင့်ကွန်တိန်နာကားတို့တိုက်မိရာမှ ကွန်တိန်နာကားမှာအရှိန်မထိန်းနိုင်ဘဲ အနီးရှိဓာတ်တိုင်အားထပ်မံဝင်တိုက်မိပြီး တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။

ကွန်တိန်နာကားမှာ Honda Fit ကိုယ်ပိုင်ကားနှင့် Mazda Deimo အဌားကားတို့အပေါ်သို့ တိမ်းမှောက်သွားခဲ့၍ ကားနှစ်စီးမှာပိမိနေခဲ့သည်။

“ကိုယ်ပိုင်ကားကတော့ ရှေ့ခြမ်းပိမိတယ် အဌားကားကတော့တစ်စီးလုံးပိမိသွားတယ် ကယ်ထုတ်တဲ့လုပ်ငန်းစဥ်ကတော့ပြီးသွားပြီ အဌားကားပေါ်ပါလာတဲ့ လူတွေနဲ့ကိုယ်ပိုင်ကားပေါ်ပါလာတဲ့လူ ပေါင်းခြောက်ယောက်လုံးကို ဆေးရုံကြီးကိုပို့ပေးထားတယ်”ဟုလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရရှိသူခြောက်ဦးအနက် သုံးဦးမှာစိုးရိမ်ရဒဏ်ရာများရရှိခဲ့ပြီး ပိမိနေသည့်ကားနှစ်စီးအား ဖယ်ထုတ်ရန်လုပ်ဆောင်လျက်ရှိသည်။

Photo _CJ

(Zawgyi)

သာေကတ Water Boom အနီးတြင္ ကိုယ္ပိုင္ကားႏွင့္ကြန္တိန္နာကားတိုက္မိၿပီး ကားႏွစ္စီးေပၚ ကြန္တိန္နာတိမ္းေမွာက္ ေျခာက္ဦးဒဏ္ရာရ

သာေကတ Water Boom အနီးတြင္ ကိုယ္ပိုင္ကားႏွင့္ကြန္တိန္နာကားတိုက္မိၿပီး ကားႏွစ္စီးေပၚ ကြန္တိန္နာတိမ္းေမွာက္ ေျခာက္ဦးဒဏ္ရာရ

ရန္ကုန္ၿမိဳ႕၊သာေကတၿမိဳ႕နယ္၊ရႈ႕ခင္းသာၿမိဳ႕ပတ္ လမ္းရွိ Water Boom အနီးတြင္ ယေန႔ေန႔လည္ ၁ နာရီေက်ာ္ခန္႔ကျဖစ္ပြားခဲ့ျခင္းျဖစ္သည္ဟု သာေကတၿမိဳ႕နယ္အေျခစိုက္ လူမႈကူညီေရးအသင္းမ်ားမွ သိရသည္။

ျဖစ္စဥ္တြင္ ကိုယ္ပိုင္ကားႏွင့္ကြန္တိန္နာကားတို႔တိုက္မိရာမွ ကြန္တိန္နာကားမွာအရွိန္မထိန္းႏိုင္ဘဲ အနီးရွိဓာတ္တိုင္အားထပ္မံဝင္တိုက္မိၿပီး တိမ္းေမွာက္သြားခဲ့ျခင္းျဖစ္သည္။

ကြန္တိန္နာကားမွာ Honda Fit ကိုယ္ပိုင္ကားႏွင့္ Mazda Deimo အဌားကားတို႔အေပၚသို႔ တိမ္းေမွာက္သြားခဲ့၍ ကားႏွစ္စီးမွာပိမိေနခဲ့သည္။

“ကိုယ္ပိုင္ကားကေတာ့ ေရွ႕ျခမ္းပိမိတယ္ အဌားကားကေတာ့တစ္စီးလုံးပိမိသြားတယ္ ကယ္ထုတ္တဲ့လုပ္ငန္းစဥ္ကေတာ့ၿပီးသြားၿပီ အဌားကားေပၚပါလာတဲ့ လူေတြနဲ႔ကိုယ္ပိုင္ကားေပၚပါလာတဲ့လူ ေပါင္းေျခာက္ေယာက္လုံးကို ေဆး႐ုံႀကီးကိုပို႔ေပးထားတယ္”ဟုလူမႈကူညီေရးအသင္းဝင္တစ္ဦးကေျပာသည္။

ျဖစ္စဥ္တြင္ ထိခိုက္ဒဏ္ရာရရွိသူေျခာက္ဦးအနက္ သုံးဦးမွာစိုးရိမ္ရဒဏ္ရာမ်ားရရွိခဲ့ၿပီး ပိမိေနသည့္ကားႏွစ္စီးအား ဖယ္ထုတ္ရန္လုပ္ေဆာင္လ်က္ရွိသည္။

Photo _CJ


LEAVE A REPLY

Please enter your comment!
Please enter your name here