ပြည်ပကို ရွှေတင်ပို့မှု လက်ငင်းငွေချေစနစ်ဖြင့် ပြောင်းလဲဆောင်ရွက်ရန်ရှိ

0
129

(Unicode)

ပြည်ပကို ရွှေတင်ပို့မှု လက်ငင်းငွေချေစနစ်ဖြင့် ပြောင်းလဲဆောင်ရွက်ရန်ရှိ

ယခင်က ပြည်ပသို့ ရွှေတင်ပို့တာမှာ ပစ္စည်းရောက်ရှိပြီးမှ ငွေချေသည့် စနစ် Letter of Credit (LC)စနစ် ဖြင့် ဆောင်ရွက်ခဲ့မှုကို ယခုအခါ လက်ငင်းငွေချေစနစ် Telegraphic Transfer (TT) စနစ်ဖြင့် ပြောင်းလဲသွားရန် ရှိနေတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းကနေ သိရပါတယ်။

“လက်ငင်းငွေရတဲ့ စနစ်ပေါ့။အရင်တုန်းကတော့ ဒီကနေပို့ သူတို့ဆီ ပစ္စည်းရောက်ပြီးမှ ဟိုဘက်က ငွေချေ။ဒီဘက်ကို ပို့ ပေါ့။အခုကတော့ လက်ငင်းစနစ်ပေါ့”လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင် အသင်းကပြောပါတယ်။

မြန်မာ့ရွှေကို အများအားဖြင့် တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံကို တင်ပို့နေတာပါ။

“ချက်ချင်းငွေဖော်လို့ရတဲ့အတွက် အခုပြောင်းမယ့်စနစ်က အားသာချက်တွေအများကြီးရှိတယ်။အရင် Letter of Credit (LC)စနစ်ကတော့ ဝယ်တဲ့သူက ရှုံးရင်ရှုံး မဟုတ်ရင် ရောင်းတဲ့သူကရှုံးဒီလိုတော့ ရှိတာပေါ့။ တစ်နေ့ကို ရွှေဈေးက ဒီမှာ သုံးခါလောက်ပြောင်းနေတာမို့လေ”လို့ ပြောပါတယ်။

(Zawgyi)

ျပည္ပကို ေ႐ႊတင္ပို႔မႈ လက္ငင္းေငြေခ်စနစ္ျဖင့္ ေျပာင္းလဲေဆာင္႐ြက္ရန္ရွိ

ယခင္က ျပည္ပသို႔ ေ႐ႊတင္ပို႔တာမွာ ပစၥည္းေရာက္ရွိၿပီးမွ ေငြေခ်သည့္ စနစ္ Letter of Credit (LC)စနစ္ ျဖင့္ ေဆာင္႐ြက္ခဲ့မႈကို ယခုအခါ လက္ငင္းေငြေခ်စနစ္ Telegraphic Transfer (TT) စနစ္ျဖင့္ ေျပာင္းလဲသြားရန္ ရွိေနတယ္လို႔ ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္အသင္းကေန သိရပါတယ္။

“လက္ငင္းေငြရတဲ့ စနစ္ေပါ့။အရင္တုန္းကေတာ့ ဒီကေနပို႔ သူတို႔ဆီ ပစၥည္းေရာက္ၿပီးမွ ဟိုဘက္က ေငြေခ်။ဒီဘက္ကို ပို႔ ေပါ့။အခုကေတာ့ လက္ငင္းစနစ္ေပါ့”လို႔ ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္ အသင္းကေျပာပါတယ္။

ျမန္မာ့ေ႐ႊကို အမ်ားအားျဖင့္ ေတာင္ကိုရီးယားနဲ႔ ဂ်ပန္ႏိုင္ငံကို တင္ပို႔ေနတာပါ။

“ခ်က္ခ်င္းေငြေဖာ္လို႔ရတဲ့အတြက္ အခုေျပာင္းမယ့္စနစ္က အားသာခ်က္ေတြအမ်ားႀကီးရွိတယ္။အရင္ Letter of Credit (LC)စနစ္ကေတာ့ ဝယ္တဲ့သူက ရႈံးရင္ရႈံး မဟုတ္ရင္ ေရာင္းတဲ့သူကရႈံးဒီလိုေတာ့ ရွိတာေပါ့။ တစ္ေန႔ကို ေ႐ႊေဈးက ဒီမွာ သုံးခါေလာက္ေျပာင္းေနတာမို႔ေလ”လို႔ ေျပာပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here