လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေစိုးရိမ်ဖွယ်အနေအထားရှိနေဟု UNOCHAထုတ်ပြန်

0
120

(Unicode)

လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေစိုးရိမ်ဖွယ်အနေအထားရှိနေဟု UNOCHAထုတ်ပြန်

ပြည်နယ်နဲ့ တိုင်းဒေသကြီးအတော်များများမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေမှုကြောင့် အရပ်သားသေကြေဒဏ်ရာရမှု၊ အရပ်သားပိုင်ပစ္စည်းများ ဖျက်ဆီးခံရမှု၊ နိုင်ငံတွင်းနဲ့ နိုင်ငံပြင်ပသို့ အိုးအိမ်စွန့်ခွာထွက်ပြေးရမှုများ တိုးပွားလာပြီး လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေမှာ စိုးရိမ်ဖွယ်အနေအထားရှိနေတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးကထုတ်ပြန်လိုက်ပါတယ်။

ဒီဇင်ဘာလ ၂၄ ရက်နေ့က ကယားပြည်နယ်မှာ ကလေးငယ်လေးဦး၊ လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်သူ ၂ ဦးအပါအဝင် အရပ်သား ၃၅ဦး မီးရှို့အသတ်ခံရမှုဖြစ်ပွားခဲ့ကာ ဒီဇင်ဘာ ၂၇ ရက်နေ့ ကိန်းဂဏန်းများအရ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကတည်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် နိုင်ငံတွင်းမှာ တိုက်ပွဲရှောင်ထွက်ပြေးနေရသူ ၃၂၀,၉၀၀ ဦးခန့်ရှိသွားပြီဖြစ်ပြီး လူဦးရေ ၃၄၀,၀၀၀ ခန့်ဟာ ယာယီစခန်းတွေမှာ ယခင်ကတည်းက နေထိုင်ရလျက်ရှိတယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်။

ဒါ့အပြင်ဒီဇင်ဘာလအတွင်းမှာ မိတ်ဖက်အနည်းငယ်သာ ပဋိပက္ခဖြစ်ပွားတဲ့နေရာတွေဆီက တိုက်ပွဲရှောင်နဲ့ အခြားထိခိုက်ခံစားရသူများထံသို့ ရောက်ရှိခဲ့ကာ ထိခိုက်လွယ်သူ လူထောင်ပေါင်းများစွာထံ အရေးပေါ်လူသားချင်းစာနာမှုအကူအညီတွေ ရောက်ရှိနိုင်ဖို့ သွားလာခွင့်ပိုမိုရရှိဖို့ လိုအပ်လျက်ရှိတယ်လို့ဆိုပါတယ်။

၂၀၂၁ နှစ်ကုန်အထိလူသားချင်းစာနာမှုတုံ့ပြန်ရေးဆိုင်ရာ အစီအစဉ်အရ တောင်းခံထားတဲ့ အမေရိကန်ဒေါ်လာ ၃၈၅.၇ သန်းထဲက ၅၈ ရာခိုင်နှုန်းဖြစ်တဲ့ ၂၂၅.၃သန်းကို ရရှိခဲ့ပြီဖြစ်ကာလူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်သူတွေဟာ လိုအပ်နေတဲ့ အကူအညီတွေကို ဖြည့်ဆည်းနိုင်ဖို့ ၂၀၂၂ ခုနှစ်မှာ ရံပုံငွေတွေ ထပ်မံလိုအပ်တယ်လို့သိရပါတယ်။

ဒီဇင်ဘာလ ၃၁ ရက်နေ့က ၂၀၂၂ ခုနှစ်အတွက် လူသားချင်းစာနာမှု အကူအညီလိုအပ်ချက် ခြုံငုံသုံးသပ်ချက်အရ လူဦးရေ ၁၄.၄ သန်းဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို လိုအပ်နေကာလူသားချင်းစာနာမှု တုံံ့ပြန်ရေးဆိုင်ရာ အစီအစဉ်အရလူဦးရေ ၆.၂ သန်းကို အကူအညီပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ ၈၂၆ သန်းလိုအပ်မှာဖြစ်တယ်လို့သိရပါတယ်။

Photo Credit-KNM

(Zawgyi)

လူသားခ်င္းစာနာမႈဆိုင္ရာ အေျခအေနစိုးရိမ္ဖြယ္အေနအထားရွိေနဟု UNOCHAထုတ္ျပန္

ျပည္နယ္နဲ႔ တိုင္းေဒသႀကီးအေတာ္မ်ားမ်ားမွာ တိုက္ပြဲေတြဆက္လက္ျဖစ္ပြားေနမႈေၾကာင့္ အရပ္သားေသေၾကဒဏ္ရာရမႈ၊ အရပ္သားပိုင္ပစၥည္းမ်ား ဖ်က္ဆီးခံရမႈ၊ ႏိုင္ငံတြင္းနဲ႔ ႏိုင္ငံျပင္ပသို႔ အိုးအိမ္စြန႔္ခြာထြက္ေျပးရမႈမ်ား တိုးပြားလာၿပီး လူသားခ်င္းစာနာမႈဆိုင္ရာ အေျခအေနမွာ စိုးရိမ္ဖြယ္အေနအထားရွိေနတယ္လို႔ကုလသမဂၢလူသားခ်င္းစာနာမႈဆိုင္ရာေပါင္းစပ္ညႇိႏႈိင္းေရးကထုတ္ျပန္လိုက္ပါတယ္။

ဒီဇင္ဘာလ ၂၄ ရက္ေန႔က ကယားျပည္နယ္မွာ ကေလးငယ္ေလးဦး၊ လူသားခ်င္းစာနာမႈလုပ္ငန္းေဆာင္႐ြက္သူ ၂ ဦးအပါအဝင္ အရပ္သား ၃၅ဦး မီးရႈိ႕အသတ္ခံရမႈျဖစ္ပြားခဲ့ကာ ဒီဇင္ဘာ ၂၇ ရက္ေန႔ ကိန္းဂဏန္းမ်ားအရ ၂၀၂၁ ခုႏွစ္၊ ေဖေဖၚဝါရီလ ၁ ရက္ေန႔ကတည္းက ျဖစ္ပြားတဲ့ တိုက္ပြဲေတြနဲ႔ လုံၿခဳံေရးအေျခအေနေတြေၾကာင့္ ႏိုင္ငံတြင္းမွာ တိုက္ပြဲေရွာင္ထြက္ေျပးေနရသူ ၃၂၀,၉၀၀ ဦးခန႔္ရွိသြားၿပီျဖစ္ၿပီး လူဦးေရ ၃၄၀,၀၀၀ ခန႔္ဟာ ယာယီစခန္းေတြမွာ ယခင္ကတည္းက ေနထိုင္ရလ်က္ရွိတယ္လို႔ထုတ္ျပန္ခ်က္ကဆိုပါတယ္။

ဒါ့အျပင္ဒီဇင္ဘာလအတြင္းမွာ မိတ္ဖက္အနည္းငယ္သာ ပဋိပကၡျဖစ္ပြားတဲ့ေနရာေတြဆီက တိုက္ပြဲေရွာင္နဲ႔ အျခားထိခိုက္ခံစားရသူမ်ားထံသို႔ ေရာက္ရွိခဲ့ကာ ထိခိုက္လြယ္သူ လူေထာင္ေပါင္းမ်ားစြာထံ အေရးေပၚလူသားခ်င္းစာနာမႈအကူအညီေတြ ေရာက္ရွိႏိုင္ဖို႔ သြားလာခြင့္ပိုမိုရရွိဖို႔ လိုအပ္လ်က္ရွိတယ္လို႔ဆိုပါတယ္။

၂၀၂၁ ႏွစ္ကုန္အထိလူသားခ်င္းစာနာမႈတုံ႔ျပန္ေရးဆိုင္ရာ အစီအစဥ္အရ ေတာင္းခံထားတဲ့ အေမရိကန္ေဒၚလာ ၃၈၅.၇ သန္းထဲက ၅၈ ရာခိုင္ႏႈန္းျဖစ္တဲ့ ၂၂၅.၃သန္းကို ရရွိခဲ့ၿပီျဖစ္ကာလူသားခ်င္းစာနာမႈလုပ္ငန္းေဆာင္႐ြက္သူေတြဟာ လိုအပ္ေနတဲ့ အကူအညီေတြကို ျဖည့္ဆည္းႏိုင္ဖို႔ ၂၀၂၂ ခုႏွစ္မွာ ရံပုံေငြေတြ ထပ္မံလိုအပ္တယ္လို႔သိရပါတယ္။

ဒီဇင္ဘာလ ၃၁ ရက္ေန႔က ၂၀၂၂ ခုႏွစ္အတြက္ လူသားခ်င္းစာနာမႈ အကူအညီလိုအပ္ခ်က္ ၿခဳံငုံသုံးသပ္ခ်က္အရ လူဦးေရ ၁၄.၄ သန္းဟာ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေတြကို လိုအပ္ေနကာလူသားခ်င္းစာနာမႈ တုံံ့ျပန္ေရးဆိုင္ရာ အစီအစဥ္အရလူဦးေရ ၆.၂ သန္းကို အကူအညီေပးႏိုင္ဖို႔ အေမရိကန္ေဒၚလာ ၈၂၆ သန္းလိုအပ္မွာျဖစ္တယ္လို႔သိရပါတယ္။

Photo Credit-KNM


LEAVE A REPLY

Please enter your comment!
Please enter your name here